Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-27 03:26:59

ခရစ္စမတ်ကာလ ဗုဒ္ဓဟူးနေ့
ဧဝံဂေလိကျမ်း - ရှင်မာဘဲ ၂။ ၁၃-၁၈
Sr. Agnes Hnin Yu Mon(SCCG)
Posted by Sr. Benedetta Myat Hnin New(ISR)

ဤယနေ့တွင်အသင်းတော်ကသန့်ရှင်းသောကလေးသူငယ်များ၏ပွဲနေ့ကိုကျင်းပကြပါသည်။ဟေရုဒ်၏မနာလိုမုန်းတီးစိတ်ကြောင့် မရေမတွက်နိုင်သောကလေးသူငယ်များသည် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါသည်။ထိုနေ့ကဖြစ်ပျက်သည့်အဖြစ်ပျက်တွင် ကလေးငယ်များ၏မိဘများခံစားရသည့်နာကြင်မှုကို သင်ခံစားကြည့်ပါ။တဖက်မှာ ဘုရားသခင်ကထိုအရာကိုခွင့်ပြုခဲ့တာလားလို့ သင်ထင်ကောင်းထင်ပေလိမ့်မည်။အခြားတဖက်တွင် နက်နဲသောယုံကြည်ခြင်းဖြင့်အပြစ်မဲ့သောကလေးငယ်များကပေးခဲ့သည့်သက်သေခံချက်ကိုနားလည်ရန်ကျွန်ုပ်တို့ ကြိုးစားရမည်ဖြစ်သည်။ဤအဖြစ်အပျက်သည်ပြောမပြနိုင်သောရဇဝတ်မှုနှင့် မကောင်းမှုတစ်ခုဖြစ်သော်လည်းလောကုတ္တရာအမြင်အရ၎င်းကိုတစ်နေ့မှာ ဘုရားသခင်ကခွဲထုတ်မည်ဖြစ်သည်။ ကောင်းကင်ဘုံတွင်ဤအပြစ်မဲ့သောသားကောင်များသည်အာဇာနည်သရဖူကိုဝတ်ဆင်ကြရမှာဖြစ်ပြီးသူတို့သည်မွေးကင်းစဘုရင်၏ ပထမဦးဆုံးသောသက်သေများအဖြစ်ကောင်းကင်တမန်တော်များနှင့်သူတော်စင်များကဂုဏ်ပြုချီးမြှင့်မည်ဖြစ်သည်။ သူတို့၏သက်သေခံချက်သည်ကျွန်ုပ်တို့၏ဘဝအတွက် ထောက်ရှူစရာများစွာကိုဖေါ်ပြပေးနေပါသည်။ ကျွန်ုပ်တို့ယုံကြည်ရမည်မှာဘုရားသခင်သည် အမှားတိုင်းကို အဆုံးတွင် ပြုပြင်ပေးမည်ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ဤအဖြစ်ဆိုးကို ဘုန်းကြီးသည့်အရာအဖြစ်ပြောင်းလဲသည့်အနေဖြင့်ဤကလေးငယ်များကိုဂုဏ်ပြုသောအားဖြင့် ကြီးကျယ်ခန်းနားသောပွဲကိုကျွန်ုပ်တို့နှင့်အတူကျင်းပနေကြပါသည်။ကျွန်ုပ်တို့၏ဘဝတွင်လည်း ကြေကွဲဝမ်းနဲစရာများမည်မျှပင်ရှိစေကာမူဘုရားသခင်၏သားတော်သည်အရာခပ်သိမ်းကမှန်ကန်စေရန်အတွက်ကျွန်ုပ်တို့၏နိမ့်ကျသောလူ့ဇာတိကိုခံယူကာ ကျွန်ုပ်တို့၏ကမ္ဘာထဲသို့ဝင်ရောက် ခဲ့ကြောင်းသင်သတိပြုပါ။ယနေ့ခရစ္စမတ်ကာလမှာသင့်အတွက်အနာကြင်ဆုံးအရာကိုသင်ပြန်တွေးကြည့်ပါ။ကလေးငယ်များကိုဆုံးရှုံးခဲ့ရတဲ့ မိဘများရဲဝမ်းနဲခြင်းနဲ့ယနေ့သင့်ရဲ့နာကြင်ပူဆွေးမှုတွေကို နှိုင်းယှဉ်ကြည့်ပါ။ထို့နောက် ဘုရားသခင်အားသင့်ဘဝအသက်တာကို သူ့အလိုကျပြုပြင်ခွင့်ပေးပါ။သူ၏လူ့ဇာတိခံယူခြင်း၊ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းသည်သင်၏ဒဏ်ရာကို အာဇာနည်သရဖူအဖြစ်ပြောင်းလဲစေပါ။နောကဆုံးတွင်သင်သည်သူ့ကိုခွင့်ပြုလျှင်သင်၏အသက်တာ၌ သခင်ဘရားကိန်းဝပ်တော်မူလိမ့်မည်။

Daily Reflection