ခရစ္စမတ်ကာလ ကြာသာပတေးနေ့
ဧဝံဂေလိကျမ်း - ရှင်မာလဲ ၂း ၂၂-၃၅
Sr. Agnes Hnin Yu Mon(SCCG)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဘဝတွင်အမှန်တကယ်သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာသောအခါထိုသဘာဝလွန်ဖြစ်ရပ်ကိုဆုပ်ကိုင်ထားသောလူ၏စိတ်သည်အံ့ဩထိတ်လန့်မှုများဖြင့်ပြည့်နက်နေသည်။မိခင်မာရိယာနှင့် စိန့်ဂျိုးဇက်တို့အတွက်သူတို့၏စိတ်ထဲတွင် သူတို့သက်သေခံနေသည့်အရာအတွက် သန့်ရှင်းသောအံ့ဩခြင်းများဖြင့်အဆက်မပြတ်ပြည့်နက်နေသည်မှာအမှန်ပါ။ဘုရားသခင်လူသားဖြစ်ခြင်း၏ထင်ရှားမှုတစ်ခုဖြစ်သည့်ခရစ္စမတ်၏လျှို့ဝှက်ဆန်းကြယ်မှုသည် သဘာဝဖြစ်ရပ်တစ်ခုကိုကျော်လွန်သည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီးကျွန်ုပ်တို့၏စိတ်တွင် ယုံကြည်ခြင်းခိုင်မြဲစေသော ဝိညာဉ်ရေးဆိုင်ရာဖြစ်ရပ်မှန်တစ်ခုဖြစ်ပါသည်။ဤယနေ့တွင်ဗိမ္မာန်တော်၌ Simeon သည် သူငယ်တော်ကိုဖူးတွေ့ခွင့်ရရှိကာသူငယ်တော်နှင့်ပတ်သက်သော သဘာဝလွန်ဗျာဒိတ်တော်အကြောင်းကို မိန့်ကြားခဲ့ပါသည်။မိခင်မာရိယာနှင့် စိန့်ဂျိုးဇက်တို့သည် အချိန်နှင့်အမျှဖြစ်ပျက်နေသည့် အံ့ဩဖွယ်အမှုများအတွက်အံ့ဩထိတ်လန့်စွာဖြင့်ဖြတ်သန်းရင်း မိမိတို့ဘဝအသက်တာအားဖြင့် သက်သေခံနေကြပါသည်။ယနေ့ကျွန်ုပ်တို့သည်ဤသန့်ရှင်းသောရက်သတ္တပတအတွင်းကြားသိရသည့် ထူးဆန်းအံ့ဩဖွယ်ဖြစ်ရပ်များတွင်ပါဝင်ထောက်ရှုနိုင်ရန်သောကျွန်ုပ်တို့၏စိတ်နှလုံးများကိုဖွင့်ထားကြ ပါစို့။ဤအဖြစ်အပျက်ဇာတ်လမ်းလေးကိုနောက်တစ်ကြိမ်ပြန်လည်ဖတ်ရှုရန်အချိန်ယူပါ။Simeon နှင့် Annaတို့တွေ့ကြုံခံစားခဲ့ကြရသော ပျော်ရွှင်မှုနှင့်ပြည့်နက်နေသည့်ခံစားမှုကို သင်ခံစားနိုင်ပါပြီလား။ကျွန်ုပ်တို့ယုံကြည်ခြင်း၏သဘာဝလွန်လျှို့ဝှက်ဆန်းကြယ်သောနက်နဲလှသည့်ဤခရစ္စမတ်ရာသီတွင်ကျွန်ုပ်တို့အတွက်နှင့်ကမ္ဘာကြီးတစ်ခုလုံး အတွက် ကိုယ်တော်လုပ်ဆောင်ပေးခဲ့သည့်အရာများကို အံ့ဩချီးမွမ်းရင်း ကိုယ်တော်ကိုကျေးဇူးတင်သွားကြပါစို့။