ခရစ္စမတ်ကာလ သောကြာနေ့
ဧဝံဂေလိကျမ်း - ရှင်မာဘဲ ၂၀၁၃-၁၅၊ ၁၉-၂၃
Sr. Agnes Hnin Yu Mon(SCCG)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဤယနေ့သည် ယေဇူးမာရိယာနှင့်ယောသပ်တို့၏သန့်ရှင်းသောမိသားစုကို ဂုဏ်ပြုသောနေ့ထူးနေ့မြတ်ဖြစ်ပါသည်။အထူးသဖြင့်ကျွန်ုပ်တို့သည် နာဇရက်မြို့ရှိသန့်ရှင်းသောမိသားစု၏နေ့စဉ်ဘဝအသက်တာကိုပါဝင်ထောက်ရှသွားကြပါစို့။ယေဇူး၊မာရိယာနှင့်ယောသပ်တို့၏နေအိမ်သည် မြင့်မြတ်သောနေရာတစ်ခုဖြစ်ပြီး စစ်မှန်သောငြိမ်းချမ်းခြင်းနှင့်စည်းလုံးညီညွတ်မှု၏နေရာလည်းဖြစ်ပါသည်။သူတို့၏မိသားစုသည်အခြားမိသားစုများထဲသို့ပင်ပျော်ရွှင်ခြင်း၊ဝမ်းနဲခြင်း၊စကားလက်စုံပြောကြခြင်း၊မိသားစုထမင်းဝိုင်းနှင့် မိသားစုတွင်ပြသနာများကိုအတူတကွကိုင်ကွယ်ဖြေရှင်းခြင်းစသည့်အရာများလည်းရှိပေလိမ့်မည်။ထို့ကြောင့် သူတို့သည်မိသားစုတွင်ရင်ဆိုင်ရလေ့ရှိသည့်နေ့စဉ်ပင်ပန်းမှု၊စိတ်ထိခိုက်မှုများနှင့် စန်ခေါ်မှုများကို ကင်းလွတ်နိုင်မည်မဟုတ်ချေ။ယေဇူးငယ်ရွယ်စဉ်ကပင်ယောသပ်ဆုံးပါးသွားခြင်းကြောင့်ကြုံတွေ့ရသည့်အခက်အခဲများက လွယ်ကူမည်တော့မဟုတ်ချေ။ထို့ပြင်မယ်တော်မာရိယာကလက်မထပ်ခင်ရရှိခဲ့သည့်ကလေးကြောင့် အသိမိတ်ဆွေများကြားတွင် ဝေဖန်စရာတစ်ခုဖြစ်နေပေလိမ့်မည်။ထို့ကြောင့် သူတို့သည်သာမန်မိသားစုဘဝကိုနည်းမျိုးစုံဖြင့်ကြိုးစားဖြတ်သန်းရမည်မှာအမှန်ပါ။သို့သော်သူတို့သည် မည်အခါမျှဘုရားသခင်အား အပြစ်မတင်ခဲ့သလို ယုံကြည်ခြင်း၌လည်းလျှော့ပါးမသွားခဲ့ပါ။ယနေ့သင်၏မိသားစုဘဝကို ပြန်လည်သုံးသပ်ကြည့်ပါ။အချို့အရာတွေက ဖြေရှင်းရန်လွယ်ကူပြီးအချို့အရာတွေမှာတော့ကြိုးစားရုံးကန်နေကြရမှာပါ။အချို့အရာတွေက လက်ခံရန်လွယ်ကူပြီး အချို့အရာတွေက မိမိကိုနာကြင်ကြေကွဲစွာဖြင့်ဒဏ်ရာတွေနဲ့ပြည့်နေမှာအမှန်ပါ။မည်သို့ပင်ဖြစ်စေဘုရားသခင်သည် ယခုလက်ရှိအခြေအနေအတိုင်း သင့်မိသားစုဘဝထဲသို့နက်ရှိုင်းစွာဝင်ရောက်လိုကြောင်းကို သင်သတိမူပါ။သူသည် သင့်မိသားစုအားသန့်ရှင်းသောမိသားစုအဖြစ်နေထိုင်ရန်ခွန်အားနှင့် သီလကို ပေးလိုသည်။ ယနေ့တွင် သင့်မိသားစု အားသန့်ရှင်းသောမိသားစုဖြစ်စေရန်သုံးပါးတစ်ဆူဘုရားသခင်ကိုဖိတ်ခေါ်ပြီး သူ၏လမ်းညွှန်မှုကိုခံယူသွားကြပါစို့။