Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-31 09:13:24

ဇန်နဝါရီလ ၁ ရက်
ဘုရားရှင်၏မြတ်မယ်တော်ပွဲ တနင်္ဂနွေနေ့
ရှင်လုကာ ၂ : ၁၆ - ၂၁
Sr. Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထို့နောက်သူတို့သည် အလျင်အမြန်သွားကြလျှင် မာရိယာနှင့်ဂျိုးဇက်ကိုလည်းကောင်း၊နွားစားခွက်၌သိပ်ထားသော သူငယ်တော်ကိုလည်းကောင်း တွေ့ကြ၏။သိုးထိန်းတို့သည်ဤဖြစ်ရပ်ကိုတွေ့မြင်ကြသောအခါ သူငယ်တော်နှင့်စပ်လျဉ်း၍ မိမိတို့အား ဗျာဒိတ်တော်ပေးသည့်မိန့်ကြားချက်ကိုပြန်ပြောကြ၏။ကြားရသောသူအပေါင်းတို့သည်လည်း မိမိတို့အားသိုးထိန်းတို့ပြောသည့်အကြောင်းအရာများ၌အံ့ဩကြ၏။မာရိယာမူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိ၏စိတ်နှလုံးတွင်စဉ်းစားဆင်ခြင်လျက်သိမ်းထားလေ၏။သိုးထိန်းတို့သည်လည်း မိမိတို့အားပြောပြထားသည့်အတိုင်းမြင်ရကြားရသောကြောင့်ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းလျက်ပြန်သွားကြလေ၏။ထို့နောက်ရှစ်ရက်မြောက်သောနေ့တွင်သူငယ်တော်ကိုအရေဖျားလှီးခြင်းမင်္ဂလာပေးသောအခါအမိဝမ်း၌ ပဋိသန္ဓေမစွဲမီကပင် ကောင်းကင်တမန်တော်က ပေးထားသည့်ယေဇူးအမည်ဖြင့်သူ့ကိုမှည့်ခေါ်ကြ၏။အိမ်ထောင်စုတစ်စုကို တည်ဆောက်နိုင်ရန် စီမံကိန်းချကြိုတင်ပြင်ဆင်ထားသော ကြင်စဦးဇနီးမောင်နှံများအနေဖြင့်ရင်သွေးရတနာသည်မိခင်၏ဝမ်းဗိုက်၌ သန္ဓေတည်လျက်ရှိနေကြောင်းသိရပါလျင်ဖော်မပြနိုင်သောဝမ်းမြောက်မှုများဖြင့် မိမိတို့နှစ်ဦးကြား ဝင်ရောက်လာခြင်းကိုလှိုက်လှဲစွာကြိုဆိုကြပေလိမ့်မည်။ဝမ်း၌ရှိနေကတည်းကပင် မိဘများအနေနှင့် မှည့်ခေါ်ပေးမည့်နာမည်နှင့် သူ၏ဘဝတစ်လျှောက်လုံး၌ မည်သို့ မည်ပုံပြုစုပျိုးထောင်ကြမည်ကိုကွန့်မြူးသောစိတ်ကူးဥာဏ်များဖြင့် ပြင်ဆင်နေခြင်းများရှိတတ်ကြပေသည်။ယနေ့သည်လူ့အဖြစ်မွေးဖွားခြင်းကို ခံယူသည့် မက်ဆီးယားသခင်ဘုရားရှင်၏မြတ်မယ်တော်ပွဲနေ့ဖြစ်ပါသည်။ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် သိုးထိန်းတို့သည်ကောင်းကင်တမန်၏ဗျာဒိတ်တော်ပေးသောမှာကြားချက်အတိုင်းသူငယ်တော်ကိုမယ်တော်နှင့်အတူဖူးမြင်ရကာဝမ်းမြောက်ခြင်းနှင့်ပြောကြားသောစကားကိုမယ်တော်မှနှလုံးတွင်း စဥ်းစားဆင်ခြင်လျက်သိမ်းထားသည့်အကြောင်းနှင့် သူငယ်တော်ကိုကောင်းကင်တမန်ပေးထားသည့်"ယေဇူး"အမည်ဖြင့်မှည့်ခေါ်သည့်အကြောင်းနှုတ်မြွက်ထားပါသည်။ဆယ်ကျော်သက်သမီးကညာတစ်ယောက်အနေဖြင့် ဘုရားရှင်၏သားတော်ကိုသန့်ရှင်းသောဝိညာဥ်တော်၏တန်ခိုးတော်အားဖြင့် ဝမ်းကြာသိုက်တွင် လူ့အဖြစ်ယူရန် လက်ခံခြင်းအတွက် သာမန်သတ္တိရှိသူမဟုတ်ပေ။မိုက်ရူးရဲဆန်သည့်ဆုံးဖြတ်ချက်လည်းမဟုတ်ပေ။ ဘုရားရှင်၏ဗျာဒိတ်တော်ဖြစ်သည့် နှုတ်တော်ထွက်စကားကတိတော်ကိုအကြွင်းမဲ့ယုံကြည်ကာဘုရားရှင်ကို လုံးဝယုံကြည်အားကိုးသောကြောင့်ဖြစ်ပေသည်။မိသားစုများအနေဖြင့်လင်မယားအမှုပြုခြင်းကိုသာ အဓိကမထားဘဲသူစိမ်းနှစ်ဦးပေါင်းဖက်ခြင်းဖြစ်သောကြောင့်ဘုရားရှင်ကိုယုံကြည်၍ချစ်ခြင်းနှင့်မိသားစုကိုတည်ဆောက်ကြပါကဆွေစဉ်မျိုးဆက်၏အသက်တာသည်ကောင်းချီးမင်္ဂလာများဖြင့် ပြည့်ဝနေပေလိမ့်မည်။

Daily Reflection