Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-01 09:23:48

ဇန္နဝါရီလ ၂ ရက် (တနင်္လာနေ့)
ရှင်ယောဟန် ၁: ၁၉ - ၂၈
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဂျူးလူမျိုးတို့ကသင်သည်မည်သူဖြစ်သနည်းဟုယောဟန်ကိုမေးမြန်းစေခြင်းငှာဂျေရုဆလင်မြို့မှရဟန်းများနှင့်လေဝိမျိုးနွယ်များကို စေလွှတ်ကြသောအခါတွင်ယောဟန်သည်ဤသို့သက်သေခံလေ၏။ယောဟန်သည် ထိမ်ဝှက်ခြင်းမရှိဘဲ ငါသည် ခရစ်တော်မဟုတ်ဟု အတိအလင်းဝန်ခံလေ၏။ထိုသူတို့ကလည်းဤသို့ဆိုလျှင်သင်သည်ဧလိယဖြစ်သလောဟု မေးမြန်းကြသော် သူကငါမဟုတ်ဟု ပြန်ဖြေလေ၏။သင်သည်ပရောဖက်ဖြစ်သလောဟုမေးကြပြန်လျှင် သူကငါမဟုတ်ဟုပြန်ပြောလေ၏။ထိုအခါသူတို့ကသင်သည်မည်သူဖြစ်သနည်း။ငါတို့ကို စေလွှတ်သောသူတို့အား ငါတို့ပြောပြနိုင်ရန်သင်မည်သူဖြစ်ကြောင်းသင်ကိုယ်တိုင်ပြောပြပါလော့ဟုဆိုကြ၏။ထိုအခါ သူကငါသည်ပရောဖက်အီဇာယဟောထားခဲ့သည့်အတိုင်းသခင်ဘုရား၏လမ်းတော်ကို ဖြောင့်တန်းစေကြလော့ဟူ၍တောကန္တာရ၌ ကြွေးကြော်သောသူ၏အသံဖြစ်သတည်းဟု ဆိုလေ၏။ထိုသို့မေးမြန်းရန် စေလွှတ်ခြင်းခံရသောသူတို့တွင် ဖာရီဇေးဦးများလည်းပါဝင်ကြ၏။ထိုသူတို့က သင်သည်ခရစ်တော်လည်းမဟုတ်၊ဧလိယလည်းမဟုတ်၊ပရောဖက်လည်းမဟုတ်ပါလျှင်အဘယ်ကြောင့် ဆေးကြောခြင်းကိုပေးသနည်းဟုမေးကြ၏။ယောဟန်က သူတို့အားပြန်ဖြေသည်မှာငါသည် ရေဖြင့်ဆေးကြော၏။သင်တို့အလယ်၌မူကား သင်တို့မသိသောသူတစ်ဦးရှိ၏။ထိုသူသည်ငါ့နောက်မှ ကြွလာသူဖြစ်သော်လည်း ငါသည် သူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြေပေးခြင်းငှာ မထိုက်တန်ပါ ဟုဆို၏။- ဤအကြောင်းအရာများသည် ယောဟန်ဆေးကြောခြင်းပေးနေသော ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိဘက်သနီရွာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။"ဤသည်ကား ခရစ်​တော်သခင်၏မြတ်​သောဧဝံ​ဂေလိတရား​တော်​ပေတည်း။"ကျွန်ုပ်တို့လူသားများတစ်ဦးစီတွင် မတူညီသောကျေးဇူးတော်များနှင့် ဘဝအသက်တာအတွက် ရှင်သန်ကြရမည့်သမိုင်းပေးတာဝန်များအသီးသီးရှိကြကြောင်းကို သိရှိကြပြီးဖြစ်ပါသည်။ကျွန်ုပ်တို့အချင်းချင်းသည်အပြန်အလှန်မှီခိုကြရ​သောသူများဖြစ်ကြ၍ပိုမို တတ်သိသောပညာ၊သူတစ်ပါးထကပို၍ ပိုင်ဆိုင်ထားဟန်ရှိသောဥစ္စာပစ္စည်းများကြောင့် သူတစ်ပါးထက်သာသည်ဟူ၍ မယူဆသင့်ပေ။အထက်စီးဆန်ဆန် နေထိုင်ဆက်ဆံအနိုင်ယူတတ်ခြင်းများမပြုသင့်ပေ။အကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောကတွင် အကန့်အသတ်ရှိသောအသက်ဖြင့်နေထိုင်ကြရ၍ တည်မြဲခြင်းမရှိသည့်လောကီပစ္စည်းဥစ္စာများကိုအသုံးပြုကြရသောသူများဖြစ်သောကြောင့်ပင်ဖြစ်သည်။ယနေ့ကြားနာရသောအသက်ပေးသည့် နှုတ်တော်ထွက်စကားတွင်လူအများ၏ပါးစပ်ဖျားတွင် ရေပန်း စားလျက် စိတ်ဝင်စားခြင်းခံရသော ယောဟန်ဘတ္တဇံသည်ထိုသို့ဖြစ်ခြင်းအပေါ် သာယာခြင်းမရှိဘဲ သူအစေခံသည့်အရှင်နှင် သူ၏ခေါ်တော်မူခြင်းအတိုင်း လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားများကိုသိ၍ “သင်တို့အလယ်တွင်သင်တို့မသိသောသူတစ်ဦးရှိသည်”ဟူ၍ ကြွလာတော်မူသည့်သခင်ကို ဖော်ပြကာညွန်ပြပေးသည့်အကြောင်းကို နှုတ်မြွက်ထားပါသည်။ကျွန်ုပ်တို့ရှင်သန်သောပတ်ဝန်းကျင်၊ကျွန်ုပ်တို့ပေါင်းသင်းဆက်ဆံ ဆက်သွယ်လျက်နေသောအသိုင်းအဝိုင်းတွင်ကျွန်ုပ်တို့သည်မာန​ထောင်လွှား​နေပါလျှင်ကျွန်ုပ်တို့ထက် သိတတ်၍ ဘုရားရှင်အသုံးပြုမည့်သူ၊ကျွန်ုပ်တို့မသိသောသူတစ်ဦးရှိ​​နေသည်ကိုသတိမူမိမည်မဟုတ်​ချေ။ ရှင်ယောဟန်ဗတ္တဇံကဲ့သို့ နိမ့်ချသောနှလုံးသားရှိမှသာလျှင် ကျွန်ုပ်တို့နှင့်အတူ ရှိနေသောသူ၊ ကျွန်ုပ်တို့အလယ်တွင်ရှိနေသောသူ၊ကျွန်ုပ်တို့နောက်တွင် လူဖြစ်လာမည့်သူ၊ ကျွန်ုပ်တို့၏မျိုးဆက်သစ်များသည်ကျွန်ုပ်တို့ထက်ကြီးမြတ်သောသူများ လူမှုဝန်းကျင်ကို ပို၍တိုးတက်အောင်မြင်ရန်ပြုပြင်ဆောင်ရွက်ပေးနိုင်သောသူများဖြစ်​ကြောင်းကိုသိမှတ်လက်ခံလာပေလိမ့်မည်။အနာဂတ်မျိုးဆက်သစ်များအတွက်လမ်းဖေါ်ပေးနိုင်သူများပြင်ဆင်ပေးနိုင်သူများလက်တွဲလုပ်ဆောင်ပေးနိုင်၍လက်ဆင့်ကမ်းပေးသူများအဖြစ်ကျွန်ုပ်တို့ဖြစ်နေကြရန်လိုအပ်ပေသည်။အိုသခင်ကိုယ်​တော်၏​​​ရွှေမျက်နှာ​တော်ကိုနီးစပ်သူများတွင်​တွေ့ရှိနိုင်၍ ချစ်​မေတ္တာထားနိုင်​စေ​တော်မူပါ။

Daily Reflection