Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-06 10:26:56

ဇန်နဝါရီလ ၇ ရက်(စနေနေ့)
ရှင်ယောဟန် ၂ : ၁ - ၁၁
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သုံးရက်မြောက်သောနေ့တွင် ဂါလေလေးယနယ်၊ ကာနာမြို့၌ လက်ထပ်ပွဲတစ်ခုကျင်းပပြီး ယေဇူး၏မယ်တော်သည်လည်းထိုနေရာ၌ရှိ၏။ယေဇူးနှင့်အတူ တပည့်တော်တို့သည်လည်း ထိုလက်ထပ်ပွဲသို့ ဖိတ်ကြားခြင်းခံကြရ၏။ထိုအချိန်၌စပျစ်ရည်ကုန်သွားသောကြောင့် ယေဇူး၏မယ်တော်က သူတို့တွင် စပျစ်ရည်မရှိဟု ကိုယ်တော်အား ပြောလေ၏။ယေဇူးကလည်း အချင်းအမျိုးသမီး၊သင်သည် အကျွန်ုပ်နှင့်မည်သို့သက် ဆိုင်ပါသနည်း။ အကျွန်ုပ်၏အချိန် မရောက်သေး ဟု သူမအား မိန့်တော်မူ၏။ကိုယ်တော်၏မယ်တော်ကလည်းသူစေခိုင်းသမျှကို ပြုလုပ်ကြလော့ဟု အစေခံတို့အား မှာထားလေ၏။ထိုနေရာ၌ ဂျူးလူမျိုးတို့၏ဘာသာရေး ဝိနည်းအရ စင်ကြယ်ခြင်းအမှုပြုရာတွင် အသုံးပြုသောဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့်ဝင်သည့်ကျောက်ရေအိုးကြီး ခြောက်လုံးရှိ၏။ယေဇူးကအိုးများကို ရေဖြည့်ကြလော့ဟု သူတို့အား မိန့်တော်မူလျှင် သူတို့သည်၎င်းအိုးတို့ကို နှုတ်ခမ်းတိုင်အောင် ရေဖြည့်ကြ၏။ထို့နောက် ယေဇူးက ယခုအနည်းငယ်ခပ်၍ ပွဲအုပ်ထံသို့ယူသွားကြလော့ဟု သူတို့အား မိန့်တော်မူသဖြင့် သူတို့သည် ယူသွားကြလေ၏။ပွဲအုပ်သည်လည်းစပျစ်ရည်ဖြစ်ပြီးသောရေကို မြည်းစမ်းကြည့်သောအခါ ရေခပ်လာခဲ့သောအစေခံတို့သည် ယင်းအား အဘယ်ကရခဲ့သည်ကိုသိကြသော် လည်း ပွဲအုပ်မှာမူ မသိသောကြောင့်မင်္ဂလာဆောင်သတို့သားကိုခေါ်ပြီးလျှင်၊လူတိုင်းသည် ကောင်းသောစပျစ်ရည်ကို ဦးစွာတည်ခင်း၍လူတို့၀အောင်သောက်ကြပြီးမှ စပျစ်ရည်အညံ့ကို တည်ခင်းလေ့ရှိကြ၏။ သင်မူကား ယခုအချိန်တိုင်အောင် ကောင်းသောစပျစ်ရည်ကို သိမ်းထားလေပြီတကားဟု ဆိုလေ၏။မိမိ၏တန်ခိုးလက္ခဏာများတွင် ပထမဆုံးဖြစ်သော ဤတန်ခိုးလက္ခဏာကို ယေဇူးသည် ဂါလေလေးယနယ်၊ ကာနာမြို့၌ပြလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်းကိုယ်တော်၌ ယုံကြည်ကြလေ၏။"အမေ"ဟူသောနာမ်စားကို ခေါ်ခွင့်ရသောသားသမီးတို့၏အသက်တာသည် နွေးထွေးသောမေတ္တာအရိပ်၏ လုံခြုံမှု၌ ရှိ‌နေသကဲ့သို့ဖြစ်ပေမည်။မိမိ၏သားသမီးများကိုဂရုစိုက်တတ်၍အတ္တမဆန်သောမိခင်သည် အခြားသောသူများအပေါ်စာနာချစ်ခြင်းထားရှိတတ်သောသူများဖြစ်တတ်ကြပေသည်။အခြေခံလိုအပ်ချက်များကိုပြောစရာမလိုအောင် တောင့်စေ့ကြည့်ကာ ဖြည့်စွက်ပေးခြင်းများဖြင့် နှလုံးသားကြီးမာသော မေတ္တာတရားရှင်မှာ"အမေ"သာဖြစ်ပါသည်။ယနေ့ကြားနာရသော အသက်ပေးသည့်နှုတ်တော်ထွက်စကားတွင် ကာနန်လက်ထပ်ပွဲဝယ် မယ်တော်မာရိယာမှ စပျစ်ရည်မလောက်သည်ကိုသတိထားမိ၍ သားတော်ဘုရားထံတင်ပြတောင်းဆိုကာ ခရစ်တော်သခင်မှပထမဦးဆုံးသောတန်ခိုးတော်ကို ဤပွဲ၌ဖေါ်ပြသည့်အကြောင်း နှုတ်မြွက်ထားပါသည်။လူအပေါင်းတို့၏မြတ်မိခင် မယ်တော်မာရိယာသည် လိုအပ်မှုများနှင့် ပြည့်နှက်နေသောကျွန်ုပ်တို့၏ရှင်သန်ဖြစ်တည်မှုများတွင် အရိပ်တကြည့်ကြည့်ဖြင့်သားတော်ဘုရားထံတောင်းဆုပန်ကာ ဖြည့်ဆည်းပေးလျက်ရှိနေပါသည်။အထူးသဖြင့် ယနေ့ကဲ့သို့အရာရာပြိုကွဲပျက်စီးနေခြင်း၌ မယ်တော်သည် ကျွန်ုပ်တို့ကိုအဖေါ်ပြုကာ မျက်ရည်သုတ်ပေးလျက် ရှိနေပါသည်။သားဆုံးရှုံးသွားသောမိခင်များနှင့်မိခင်ဆုံးရှုံးသောသားသမီးများအနား မိခင်ပမာ ရှိနေပါသည်။နတ်ဆိုးမင်း၏ဦးခေါင်းကိုနင်းချေသည့်ကညာစင်မိခင် ယနေ့တန်ခိုးကြီးထွားမောက်မာလျက်ရှိသော လူ့ခန္ဓာနှင့်နတ်မိစ္ဆာများတို့၏ဦးခေါင်းကို နင်းချေလျက် ကျွန်ုပ်တို့အတွက်စစ်တိုက်ပေးတော်မူပါ။အောင်ပွဲများဆွတ်ခူးနိုင်စေတော်မူပါ။

Daily Reflection