Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-07 07:05:52

ဇန္နဝါရီလ ၃ ရက် ( မင်းသုံးပါးတနင်္ဂနွေနေ့)
ရှင်မာတေးဦး ၂ : ၁ - ၁၂
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဟေရုဒ်မင်းကြီးလက်ထက်တွင် ဂျူဒေးယပြည်၊ဘက်သလေဟင်မြို့၌ ယေဇူးကိုဖွားမြင်သောအခါ အရှေ့တိုင်းနိုင်ငံများမှမင်းပညာရှိကြီးများသည် ဂျေရုဆလင်မြို့သို့ရောက်ရှိလာကြ၍ မေးမြန်းကြသည်မှာ၊ယခုဖွားမြင်တော်မူသောဂျူးလူမျိုးတို့၏ရှင်ဘုရင်ကား အဘယ်မှာရှိသနည်း၊ ငါတို့သည်သူ၏ကြယ်ကိုအရှေ့ပြည် ၌မြင်ကြရ သည်ဖြစ်၍ သူ့အားဖူးမြော်ပူဇော်ရန်ရောက်ရှိလာကြခြင်းဖြစ်သည်ဟုဆိုကြ၏။ဤအကြောင်းကိုဟေရုဒ်မင်းကြီးကြားလျှင်သူနှင့်တကွဂျေရုဆလင်တစ်မြို့လုံးသည်တုန်လှုပ်ချောက်ချားကြကုန်၏။ဟေရုဒ်မင်းကြီးသည်ရဟန်းအကြီးအကဲများနှင့်လူတို့ထဲမှ ကျမ်းတတ် ဆရာများကိုစုဝေးစေလျက် ခရစ်တော်သည် မည်သည့်အရပ်တွင် ဖွားမြင်လိမ့်မည်နည်းဟုသူတို့အား မေးမြန်းလေ၏။ထိုသူတို့ကလည်းဂျူဒေးယပြည်၊ဘက်သလေဟင်မြို့တွင် ဖွားမြင်ပါလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်ပရောဖက်တစ် ပါးကရေးသားထားသည်မှာ၊ဂျုဒပြည်၌ရှိသောအိုဘက်သလေဟင်မြို့၊ဂျုဒမြို့များအလယ်တွင်သင်သည် မှေးမှိန်သိမ်ငယ်သောမြို့မဟုတ်။အကြောင်းမူကား ငါ၏အစ္စရာအဲလ်လူမျိုးကို အုပ်စိုးမည့်ဘုရင်တစ်ပါးသည်သင့်ထံမှ ပေါ်ထွန်းလိမ့်မည် ဟူ၍ ဖြစ်ကြောင်း သူ့အားလျှောက်ထား ကြ၏။ ထိုအခါဟေရုဒ်မင်းကြီးသည် မင်းပညာရှိတို့အား လျှို့ဝှက်စွာခေါ်ပြီးလျှင် ကြယ်ပေါ်ထွန်းသောအချိန်ကာ လကိုသေချာစွာ မေးမြန်းလေ၏။ထို့နောက် သူကသင်တို့သွားကြ၍ ထိုသူငယ်ကို ရှာဖွေကြလော့။တွေ့လျှင် ငါသည်လည်းသွား၍ သူ့ကိုဖူးမြော်ပူဇော်နိုင်ရန်ငါ့ထံသို့ လာရောက်အကြောင်းကြားကြပါဟုမိန့်မှာလျက်ထိုသူတို့ကိုဘက်သလေဟင်မြို့သို့ စေလွှတ်လိုက်လေ၏။ထိုသူတို့သည်မင်းကြီး၏စကားကိုကြားနာပြီးမှထွက်ခွာသွားကြသောအခါ အရှေ့တိုင်းနိုင်ငံတွင်သူတို့မြင်ခဲ့ ကြသောကြယ်သည် သူတို့၏ရှေ့မှဦးဆောင်သွား၍သူငယ်တော်ရှိသောအရပ်သို့ရောက်လျှင်ထိုအပေါ်၌ရပ်တန့်နေလေ၏။သူတို့သည်လည်းကြယ်ရပ်တန့်သွား သည်ကိုမြင်ကြသောအခါ လွန်စွာပင် ဝမ်းမြောက်ကြလေ၏။ထို့နောက်သူတို့သည် အိမ်ထဲသို့ ဝင်သောအခါ သူငယ်တော်ကို သူ၏မယ်တော် မာရိယာနှင့်အတူ တွေ့မြင်ကြ၍ သူ့ကို ပျပ်ဝပ်ရှိခိုးကြလေ၏။ ထို့နောက် သူတို့ သည် မိမိတို့၏အဖိုးတန်ပစ္စည်းတို့ကို ဖွင့်ကြပြီး ရွှေ၊လော်ဗန်နှင့်မီးရာတို့ကိုလက်ဆောင်အဖြစ် သူ့အားဆက်ကပ်ကြ၏။ထို့နောက်သူတို့သည်ဟေရုဒ်မင်းကြီးထံသို့ မပြန်ကြရန်အိပ်မက်၌ဗျာဒိတ်တော်ခံရသဖြင့်မိမိတို့၏ တိုင်းပြည်သို့ အခြားသောလမ်းဖြင့် ပြန်သွားကြလေ၏။"ဤသည်ကား ခရစ်​တော်သခင်၏ မြတ်​သောဧဝံ​ဂေလိတရား​တော်​ပေတည်း။"ဖန်ဆင်းရှင်ဘုရားသခင်သည် ဖန်ဆင်းခြင်းများမှတစ်ရက်တာစီပြီးဆုံးသည်နှင့်“အလွန်ကောင်းမြတ်တော်မူ၏”ဟုဆိုကာကျေနပ်နှစ်ခြိုက်ခဲ့ပါသည်။သတ္တကမ္ဘာကြီးကိုဖန်ဆင်းပြီးသောအခါတွင် လူသားများကိုဖန်ဆင်းတော်မူ၍လူသားများနှင့်သဘာဝတရားတို့သည်အပြန်အလှန်အမှီသဟဲပြုကြရန်နှင့်၎င်းတို့ကိုအုပ်စိုးရန်လူသားများကိုခန့်ထားတော်မူခဲ့ပါသည်။ဘုရားရှင်ဖန်ဆင်းထားသော စိမ်းလန်းစိုပြေသည့်သဘာဝလောကကြီးအကြောင်းကို ယနေ့ ကျွန်ုပ်တို့ ပြောဆိုကြမည်ဆိုပါလျှင် အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ပမာ ကမ္ဘာလောကကြီးသည် သစ်ပင်များ ပြုန်းတီးလျက်၊ကပ်ရောဂါထူပြောလျက် ရှိနေပါသည်။ယနေ့ ဤအချိန်အခါတွင်လူသားများ၏စီမံအုပ်စိုးမှုကြောင့်ဖြစ်ပျက်နေသောသဘာဝတရားနှင့် ပတ်သက်၍ဘုရားရှင်သည်ကျေနပ်နှစ်ခြိုက်နိုင်ပါဦးမည်လား။မိဘဦးတို့၏မနာခံခြင်းနှင့် မာနထောင်လွှားခြင်းအပြစ်ကြောင့်ကမ္ဘာ​လောကကြီး ကမောက်ကမဖြစ်ခဲ့ရသည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။အဘယ်ကြောင့်နည်း။ယနေ့သည်ထူးဆန်းသောကြယ်တော်ပေါ်ထွန်းခြင်းကြောင့်ဝေးလံသောအရပ်မှထွက်လာ၍မင်းလောင်းကိုဖူးမြော်ရန်ကြွလာသည့်ပညာရှိမင်းသုံးပါးတို့၏ပွဲနေ့ဖြစ်ပါသည်။ဖန်ဆင်းခံအရာခပ်သိမ်းတို့ကိုအပြစ်ကျေးကျွန်ဘဝမှကယ်တင်မည့်သူဖွားမြင်သောအခါသဘာဝတရားနှင့်ကြယ်တာရာတို့သည်ရွှင်မြူးလျက်ဖန်ဆင်းရှင်ကိုချီးမွမ်းကာမိမိတို့၌ရှိသည့်ကျေးဇူးတော်အလှတရားများဖြင့်ပညာရှင်များအားထူးခြားသောအသွင်ဖြင့်ကယ်တင်ရှင်၏ဖွားမြင်ခြင်းကိုတိတ်ဆိတ်စွာညွန်ပြပေးခြင်းဖြစ်ပေမည်။လောကဓါတ်တို့သည် ရွှင်မြူး၍ကျိန်စာသင့်ခြင်းခံရသောသတ္တဝါခပ်သိမ်းတို့ကို ကယ်ချွတ်မည့်အရှင်ကို စောင့်မျော်၍ကြွလာတော်မူခြင်းကို လက်ခံကြိုဆိုနေပါသည်။ကယ်တင်ရှင်သည်လူသားတစ်ဦးပမာဖွားမြင်တော်မူ၍လူသားများအားလုံး၏ကိုယ်စား စော်ကား ပြစ်တင်ကဲ့ရဲ့ဝေဖန်ညင်းပမ်းနှိပ်စက်ခြင်းကိုခံကာအသွေးတော်သွန်းလောင်းခြင်းဖြင့်အသေခံတော်မူခဲ့ပါသည်။ကယ်တင်ရှင်သည် ကျွန်ုပ်တို့အတွက် အသက်ပေး၍ ငရဲသားဘဝမှ ကယ်နှုတ်တော်မူခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်လျက်နှင့် ကမ္ဘာလောကကြီးသည် အဘယ်ကြောင့်ပိုမိုဆိုးရွားသောအခြေအနေသို့ လျင်မြန်စွာ ကျဆင်းသွားရပါသနည်း။အ​ကြောင်းမှာ ကမ္ဘာလောကသားကို ကယ်တင်ရန်ကြွလာတော်မူသည့်ငြိမ်းချမ်းရေးအရှင်၊အံ့ဩဖွယ်တိုင်ပင်ဖက်တန်ခိုးကြီးသောဘုရားရှင်ကို ကျွန်ုပ်တို့လက်မခံကြသောကြောင့်ဖြစ်ပါသည်။သိမှတ်လက်ခံယုံကြည်ပါသည်ဟုဆိုသောယုံကြည်သူကျွန်ုပ်တို့သည်ပင်လျှင်ယုံကြည်သည့်အတိုင်း လိုက်ကျင့် နေထိုင်ရန်မစွမ်းဆောင်ကြသောကြောင့်ဖြစ်ပေမည်။ အမည်ခံခရစ်တော်နောက်လိုက်များ ပေါများလာ၍ အမာခံယုံကြည်သူများ နည်းလာသောကြောင့်လည်းဖြစ်နိုင်ပေမည်။ထိုသို့ဆိုပါလျှင် ကျွန်ုပ်တို့ယုံကြည်သူများသည်မည်သည့်အမှုများ ပြုလုပ်ရန်လိုအပ်မည်နည်း။ခရစ်​တော်သခင် နှုတ်မြွက်သွန်သင်ထားသည့်"သင်တို့သည်ကမ္ဘာအရပ်ရပ်သို့သွား၍ ဧဝံဂေလိတရားတော်ကိုဟောပြောကြလော့။" အတိုင်း နီးစပ်သူများအား ကမ္ဘာ​လောကကြီးအားကျွန်ုပ်တို့အကျင့်ပုံစံအ​ပြောအဆိုအားဖြင့် သက်​သေခံရန်လိုအပ်​နေ​ပေသည်။မင်းပညာရှိများသည် အချိန်​​ပေးကာ အပင်ပန်းခံ၍ကိုယ်​တော်ရှင်ကိုလာ​ရောက်ဖူး​မြော်သကဲ့သို့ တပည့်​တော်တို့၏အသက်တာကို အသုံးပြု​တော်မူပါဘုရား။

Daily Reflection