Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-08 06:55:56

ဇန်နဝါရီလ ၉ ရက်(တနင်္လာနေ့)
ရှင်မာတေးဦး ၃:၁၃-၁၇
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထိုအခါယေဇူးသည်ယောဟန်အားဖြင့် ဆေးကြောခြင်းခံယူရန်ဂါလေလေးယနယ်မှနေ၍ သူရှိရာဂျော်ဒန်မြစ်ကမ်းသို့ကြွလာတော်မူ၏။ယောဟန်ကလည်း အကျွန်ုပ်သည် ကိုယ်တော့်ထံမှဆေးကြောခြင်းကိုခံယူရမည့်သူဖြစ်ပါလျက်နှင့်ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလောဟုဆိုကာ ကိုယ်တော့်ကိုတားမြစ်လေ၏။သို့သော် ယေဇူးကသူ့အားယခုအခါတွင်မူဤသို့ရှိပါစေ။အကြောင်းမူကား ဖြောင့်မှန်ရာအလုံးစုံတို့ကိုငါတို့လိုက်နာသင့်သည်ဟုမိန့်တော်မူသဖြင့်ယောဟန်သည်လည်း လက်ခံလေ၏။ယေဇူးသည် ဆေးကြောခြင်းခံတော်မူပြီးရေထဲမှတက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်သည်ပွင့်လာပြီးလျှင်ဘုရားသခင်၏ဝိညာဉ်တော်သည် မိမိအပေါ်သို့ချိုးငှက်သဏ္ဌာန်ဖြင့်ဆင်းသက်လာသည်ကိုကိုယ်တော်မြင်တော်မူ၏။ထို့နောက် ဤသူသည်ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်းဟူ၍ ကောင်းကင်မှပြောဆိုသောအသံသည်ရုတ်တရက်ထွက်ပေါ်လာလေ၏။”ယနေ့တွင်အမိသာသနာတော်ကြီးမှခရစ်တော်သခင်၏ဆေးကြောခြင်းခံယူသည့်ပွဲနေ့ကိုကျင်းပပါသည်။လောက၏အလင်းရှင်ခရစ်တော်သခင်သည် မိမိကြီးပြင်းလာရာဂျူးလူမျိုးတို့၏ ထုံးတမ်းစဥ်လာများအတိုင်းလိုက်နာကျင့်ကြံလိုသောသူဖြစ်ပါသည်။ကယ်တင်ခြင်းခရီးစဥ်ကိုရှင်ယောဟန်ဘတ္တိဇံထံမှ ဆေးကြောခြင်းကို နှိမ့်ချစွာခံယူခြင်းအားဖြင့်စတင်ခဲ့ပါသည်။ကျွန်ုပ်တို့စံပြုရာသခင်၊ကျွန်ုပ်တို့၏ကယ်တင်ရှင်၊ ပရောဖက်များ၏ဟောကြားချက်များကို ပြည့်စုံစေသောအရှင်၊ လူမျိုးတိုင်းတောင့်တသည့် ချစ်ခြင်းမေတ္တာဘုရင်သည် လမ်းမှားပျောက်ကွယ်နေသောသူ၏လူသားများကို အလင်းသို့ ပြန်ခေါ်နိုင်ရန်အတွက်သူ၏အလင်းကိုကျွန်ုပ်တို့တစ်ဦးစီအပေါ်၌ထွန်းလင်းစေခြင်းအားဖြင့် လောကမှောင်မိုက်ခြင်းကိုဖြိုခွင်းစေမည်ဖြစ်သည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင်ကယ်တင်ရှင်ဖြစ်သော်ငြားပရောဖက်ယောဟန်ထံ ဆေးကြောခြင်းခံယူနေစဥ်ကောင်းကင်ပွင့်၍အသံလာသည်မှာ"ဤသူသည် ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သား"ဖြစ်ကြောင်းနှုတ်မြွက်ထားပါသည်။ကျွန်ုပ်တို့စံပြုရာသခင်၊ကျွန်ုပ်တို့ဘုရားရှင်သည်သူ၏ဘုရားကိုကျွန်ုပ်တို့ဘုရားဖြစ်စေသည်။ကျွန်ုပ်တို့အား သူ၏ညီအစ်ကိုမောင်နှမများဖြစ်စေလျက် ခမည်းတော်ဘုရားကိုကျွန်ုပ်တို့၏ဖခင်ဖြစ်စေပါသည်။နတ်ဆိုး၏အဖျက်အမှောင့်လုပ်ဆောင်မှုများဟူသောလောကီအမှောင်ကို ဘုရားရှင်ကိုယုံကြည်ခြင်း၊ ချစ်လေးမြတ်နိုးခြင်းနှင့်အလိုတော်အတိုင်းလိုက်နာခြင်းတို့ဖြင့် ဖြိုခွင်းအောင်မြင်ခဲ့ပါသည်။ဤလောကအသက်တာကို ဆက်လက်လျှောက်လှမ်းရှင်သန်ကြမည့်ကျွန်ုပ်တို့ကိုလည်း အောင်မြင်စေရန်ဆေးကြောခြင်းမင်္ဂလာခံယူခြင်းအားဖြင့်ကျေးဇူးတော်များ ပေးထားပြီးဖြစ်ပါသည်။နတ်ဆိုး၏မှောင်မိုက်ခြင်းတန်ခိုးကိုအဝေးသို့လွင့်ပြယ်သွားစေရန်ကျွန်ုပ်တို့၏အလင်းကိုထွန်းလင်းရန် အဆင်သင့်ရှိပြီလော။

Daily Reflection