Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-09 06:01:34

ဇန်နဝါရီလ ၁၀ ရက်(အင်္ဂါနေ့)
ရှင်မာကု ၁ : ၂၁ - ၂၈
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထို့နောက် သူတို့သည် ကာဖာနာအုမ်မြို့သို့ဝင်ကြလေ၏။ကိုယ်တော်သည်လည်း ဥပုသ်နေ့၌ ချက်ချင်းပင်တရားဇရပ် သို့ဝင်၍သွန်သင်တော်မူ၏။ထိုအခါ လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ ဩဇာအာဏာရှိသောသူကဲ့သို့သွန်သင်တော်မူသောကြောင့်ဖြစ်၏။ထိုအချိန်၌ သူတို့၏တရားဇရပ်တွင်ညစ်ညူးသောနတ်ဆိုးပူးခြင်းခံရသည့် လူတစ်ယောက်ရှိ၏။ထိုသူက နာဇရက်မြို့သားယေဇူး၊ကိုယ်တော်သည် အကျွန်ုပ်တို့ကို မည်သို့ပြုလိုပါသနည်း။အကျွန်ုပ်တို့ကို ဖျက်ဆီးရန်ကြွလာတော်မူပါသလော။ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းမြင့် မြတ်သောသူဖြစ်ပါသည်ဟု အော်ဟစ်လေ၏။သို့သော် ယေဇူးသည်သူ့ကို ကြိမ်းမောင်းကာ တိတ်ဆိတ်စွာနေလော့၊ဤသူ့ထံမှ ထွက်သွားလော့ဟု အမိန့်ပေးတော်မူလျှင်၊ညစ်ညူးသောနတ်ဆိုးသည် ထိုသူ့ကို ပြင်းထန်စွာလှုပ်ခါ၍ကျယ်သောအသံဖြင့် အော်ဟစ်လျက် သူ့ထံမှထွက်သွားလေ၏။လူအပေါင်းတို့သည်လည်း အံ့ဩကြလျက် ဤအခြင်းအရာသည် မည်သို့သောအရာဖြစ်သနည်း။၎င်းသည် သွန်သင်ချက်အသစ်ပါတကား။သူသည် နတ်ဆိုးတို့ကိုပင် အာဏာနှင့်အမိန့်ပေးသောအခါ ၎င်းတို့သည် သူ၏စကားကိုနားထောင်ကြပေသည်ဟုအချင်းချင်းမေးမြန်းပြောဆိုကြ၏။ကိုယ်တော်၏သတင်းကျော်ကြားခြင်းသည်လည်းတစ်ခဏချင်းပင် ဂါလေလေးယနယ် ပတ်ဝန်းကျင်ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။”ဘုရားရှင်၏နှုတ်တော်မှထွက်သောစကားသည်တန်ခိုးသြဇာနှင့်ပြည့်ဝ၏။စိတ်နှလုံးအတွင်းထဲအထိ တို့ထိစေ၍ဝမ်းမြောက်သောစိတ်ကိုဖြစ်ပေါ်စေပြီးလူသားဆန်ခြင်းမှကိုယ်တော်၏နောက်လိုက်ခရစ်ယာန်ပီသစေရန် ပြောင်းလဲပေးနိုင်စွမ်းပါ၏။အကြောင်းမှာ ချစ်ခြင်း၏မူလအရင်းအမြစ်ဖြစ်သော ဘုရားရှင်သည်စိတ်နှလုံးအတွင်းမှ ချစ်သည့်အတိုင်း နှုတ်မှမြွက်ဆိုကာလူသားများ၏နှလုံးသားတောင့်တစ်နေရာမှ ဆာမွတ်တောင့်တခြင်းကိုဖြည့်ဆည်းပေးသောကြောင့်ဖြစ်သည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ကိုယ်တော်ရှင်၏သွန်သင်ချက်သည် သြဇာအာဏာနှင့်ပြည့်ဝ၍လူအပေါင်းကိုအံ့သြဝမ်းမြောက်စေသည့်အကြောင်းနှင့် ညစ်ညူးသောနတ်ဆိုးမှာ မခံမရပ်နိုင်ဖြစ်ကာ အော်ဟစ်ဝန်ခံရသည့်အကြောင်း နှုတ်မြွက်ထားပါသည်။သမ္မာတရားရှင်ခရစ်တော်သခင်သည်သေမင်းတမန်နတ်ဆိုး၏နိုင်ငံပြိုကွဲစေရန်နှင့်လူသားများ သမ္မာတရားနှင့်ပြည့်ဝသောဘုရားရှင်၏နိုင်ငံတော်ကို ဤကမ္ဘာမြေတွင်သာမကနောင်ဘဝတွင်ထာဝရသုခချမ်းသာခံစားရရှိရန်အတွက်ဤလောကသို့ကြွလာခြင်းဖြစ်သည်။ခရစ်တော်သခင်၏နောက်လိုက်များဖြစ်သည့်ယုံကြည်သူကျွန်ုပ်တို့အနေ ဖြင့်ယနေ့ကြီးစိုးလွှမ်းမိုးလျက်ရှိသောမာရ်နတ်အုပ်စိုးသည့်မျက်မှောက်ကာလတွင်၎င်းတို့ကို ကျွန်ုပ်တို့အားနှင့်တိုက်ပါလျှင် မည်သို့မျှမဖြစ်နိုင်ပါ။ဘုရားရှင်သည် ကျွန်ုပ်တို့ကို အစွမ်းတန်ခိုးထက်မြက်လှသောနှုတ်ကပါတ်တော်ကို ပေးထားပြီးဖြစ်သည်။ကျွန်ုပ်တို့ဖတ်ရှုရန်၊စားသောက်ရန်လိုအပ်ပါသည်။ကျွန်ုပ်တို့ဘဝ၏အနက်အဓိပ္ပါယ်ဖွင့်ဆို၍ ရှင်သန်ပြောင်းလဲရန်လိုအပ်ပါသည်။ကျွန်ုပ်တို့ချစ်သော ကျွန်ုပ်တို့၏မျော်လင့်ရာအာရုံဦးကလေးများမှဆိုးရွားလှသောသေမင်းတမန်ကိုအရာရာစွန့်လျက် တန်ပြန်တွန်းလှန်နေကြသည့်အချိန်ဝယ်ကျွန်ုပ်တို့အနေဖြင့် တတ်နိုင်သည့်နည်းဖြင့် ပါဝင်ရာတွင်အလုံးစုံကိုတတ်နိုင်သောဘုရားရှင်ထံချစ်မေတ္တာနှင့်ဝပ်စင်းတွားလျက် တောင်းလျှောက်  သင့်ပါသည်။

Daily Reflection