ဇန္နဝါရီလ ၁၂ ရက်နေ့၊ ၂၀၂၃၊ ကြာသာပတေး၊ သာမန်ကာလ ပထမပတ်
(ရှင်မာကု 1:40-45, ကက်သလစ်သမ္မာကျမ်းစာ CBCM)
Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထိုအခါအနာကြီးရောဂါစွဲကပ်နေသောသူတစ်ဦး သည် အထံတော်သို့လာ၍ကိုယ်တော်၏ရှေ့တော်၌ ဒူးထောက်လျက် ကိုယ်တော်အလိုရှိပါလျှင်အကျွန်ုပ်ကိုသန့်ရှင်းစင်ကြယ်စေနိုင်ပါသည်ဟု တောင်းပန်လျှောက်ထားလေ၏။ယေဇူးသည် ထိုသူ့အပေါ် ကရုဏာသက်တော်မူသဖြင့် မိမိ၏လက်တော်ကိုဆန့်၍ သူ့ကိုတို့ထိလျက်ငါအလိုရှိ၏၊သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက် စေဟုမိန့်တော်မူလျှင်၊ချက်ချင်းပင် ထိုသူ၌ အနာကြီးရောဂါပျောက်ကင်း၍သူသည် စင်ကြယ်သွားလေ၏။ထိုအခါ ကိုယ်တော်သည် မဆိုင်း မတွပင်သူ့ကိုအဝေးသို့ လွှတ်လျက် ကြပ်တည်းစွာ မိန့်မှာသည်ကား၊သင်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောမိစေရန် သတိပြု လော့။ သို့သော် လူတို့ရှေ့တွင်သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့်မှာထားသည့်အတိုင်း သွား၍ သင့်ကိုယ်ကို ရဟန်းအားပြသကာသင်၏ပျောက်ကင်းစင်ကြယ်ခြင်း အတွက် ပူဇော်သကာကိုဆက်ကပ်လော့ဟု မိန့်တော်မူ ၏။ထိုသူသည်ကားထွက်သွားပြီးလျှင် ဤအကြောင်း ကို လူသိရှင်ကြား စတင်ကြေညာ၍ သတင်းတော်ကိုပျံ့နှံ့ စေလေ၏။ ထို့ကြောင့် ယေဇူးသည် မည်သည့်မြို့တွင်းကို မျှ ထင်ရှားစွာမဝင်နိုင်တော့ဘဲလူသူကင်းဝေးရာမြို့ ပြင် အရပ်တွင်သာနေသဖြင့် လူတို့သည်လည်း အရပ်ရပ်မှ နေ၍ ကိုယ်တော်၏အထံတော်သို့ လာကြကုန်၏။”
ထောက်ရှုချက် ဒီကနေ့ကျမ်းစာမှာအနာကြီးရောဂါသည်ရဲ့ဆုတောင်းလျှောက်ပုံကထူဆန်းနေပါတယ်။ခရစ်တော်သခင်ရဲ့အနားထိချဥ်းကပ်ကာဒူးထောက်ပြီးတောင်းလျှောက်နေတာပါ။ဟိုချိန်ကအနာကြီးရောဂါသည်တွေဟာလူတွေရဲ့အနီးလာခွင့်မရှိပါဘူး။ဖာရီဇေးဦးတွေရဲ့အနားသာသွားမိခဲ့ရင်ကျောက်ခဲ့နဲပေါက်တာခံရမှာအသေအခြာပါပဲ။သို့သော်သူကယေဇူးသခင်ဟာဖာရီဇေးဦးတွေနဲ့မတူဘူးဆိုတာကိုနှလုံးသားနဲ့ခံစားသိမြင်ခဲ့တယ်။ဒါကြောင့်အနီးထိရောက်အောင်ချဥ်းကပ်ခဲ့တာပါ။သူတောင်းဆိုခဲ့တဲ့စကားကလည်းမိမိအလိုထက်ဘုရားရှင်ရဲ့အလိုတော်ကိုဦးစားပေးခဲ့ပါတယ်။"ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကိုသန့်ရှင်းစင်ကြယ်စေနိုင်ပါသည်။" တဲ့။ယေဇူးသခင်ရဲ့ ကုသပုံကလည်းထူးခြားပါတယ်။သူတို့ရဲ့ထုံးစံအရ မထိမကိုင်အပ်သူကိုထိတွေကိုင်တွယ်ကာကုသပေးခဲ့တယ်။ယေဇူးသခင်ရဲ့ထိတွေကိုင်တွယ်ခြင်းကအနားကြီးရောဂါသည်ရဲ့ သက်သာစေခဲ့တယ်။"လူအများရဲ့စွန်ပစ်ခံရခြင်း"ဆိုတဲ့ခံစားချက်ကိုခန္ဓာကိုယ်မှာရှိနေတဲ့ ရောဂါအားလုံးမှလည်းသက်သာပျောက်ကင်းခဲ့တယ်။ဆိုလိုတာကယေဇူးသခင်ကအနာကြီးရောဂါသည် ကိုကုသပေးတဲ့အခါကာယဝေဒနာ ဒင်မကပဲ၊စိတ်ဝေဒနာ နဲ့ဝိညာဥ်ရေး ဝေဒနာတွေကိုပါ ကုသပေးခဲ့ပါတယ်။ကျွန်ုပ်တို့တွေ မှာလည်းအနာကြီးရောဂါသည်လိုပဲလူ့ပတ်ဝန်းကျင်ရဲ့အပြင်ရောက်နေတဲ့စိတ်ထားမျိုးအကျင့်အကြံမျိုး၊မိမိဝန်ကျင်ကိုဒုက္ခပေးတတ်တဲ့ မကောင်းတဲ့ဝါသနာတွေရှိနေတတ်ပါတယ်။ဘာသာရေးအစွန်းရောက်နေတာမျိုးအတွေအခေါ်အစွန်းရောက်နေတာမျိုးလည်းရှိနေတတ်ပါတယ်။မိမိတို့ရဲ့ကုသဖို့လိုအပ်နေတဲ့ရောဂါတွေကိုသိပြီးခရစ်တော်သခင်ထံ ချဥ်းကပ်ဒူးထောက်ကာ"ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကိုသန့်ရှင်းစင်ကြယ်စေနိုင်ပါသည်။"လို့တောင်းခံလျှောက်ထားကြပါစို့။