ဇန္နဝါရီလ ၁၃ ရက်နေ့၊ ၂၀၂၃၊ သောကြာနေ့၊ သာမန်ကာလ ပထမပတ်
Saint Hilary, Bishop, Doctor
Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe(ISR)
(ရှင်မာကု 2:1-12, ကက်သလစ်သမ္မာကျမ်းစာ CBCM)
“ရက်အနည်းငယ်ကြာသောအခါကိုယ်တော်သည် ကာဖာနာအုမ်မြို့သို့ပြန်ကြွလာတော်မူသဖြင့်ကိုယ်တော်သည်အိမ်၌ရှိကြောင်းကို လူတို့ကြားသိကြလေ၏။ထိုအခါ များစွာသောလူတို့သည် စုရုံးလာကြသောကြောင့်အိမ်တံခါးအပြင်၌ပင်နေရာမရှိတော့ချေ။ကိုယ်တော်သည်လည်းထိုသူတို့အားနှုတ်ကပတ်တရားတော်ကို ဟောပြောတော်မူ၏။ထိုအခါလူတို့သည် လေဖြတ်နေသောသူတစ်ဦးကိုလူလေးယောက်ဖြင့်ထမ်း၍ အထံတော်သို့ဆောင်ယူခဲ့ကြ၏။သူတို့သည်လည်းလူအစုအဝေးကြောင့်အထံတော်သို့မချဉ်းကပ်နိုင်ကြသဖြင့်ကိုယ်တော်၏အထက်မှအိမ်ခေါင်မိုးကို ဖောက်ပြီးလျှင်လေဖြတ်သောသူလဲ လျောင်းနေသည့်အိပ်ရာကိုလျှောချကြလေ၏။ယေဇူးသည်လည်း သူတို့၏ယုံကြည်ခြင်းကို မြင်တော်မူလျှင်လေဖြတ်နေသောသူအား ငါ့သား၊ သင်၏အပြစ်များသည်ခွင့်လွှတ်ခြင်းခံရလေပြီဟုမိန့်တော်မူ၏။ထိုနေရာတွင် ထိုင်နေကြသောကျမ်းတတ်ဆရာအချို့တို့က၊အဘယ်ကြောင့် ဤသူသည် ထိုကဲ့သို့ပြောဆိုရသနည်း၊ဤစကားသည် ဘုရားသခင်ကိုထိခိုက်ပြောဆိုခြင်းဖြစ်၏၊ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကို ခွင့်လွှတ်နိုင်သနည်းဟူ၍ မိမိတို့၏စိတ်ထဲ၌တွေးတောကြ၏။ ယေဇူးသည် လည်း ထိုသူတို့၏စိတ်ထဲ၌ ဤသို့တွေးတောနေကြသည်ကို မိမိ၏စိတ်တော်ဖြင့် ချက်ချင်း ပင်သိတော်မူသဖြင့် သင်တို့သည် အဘယ်ကြောင့်စိတ်ထဲ၌ ဤသို့တွေးတောကြသနည်း။လေဖြတ်သောသူအားမည်သည့်စကားကိုပြောဆိုရန်သာ၍လွယ်ကူသနည်း။သင်၏အပြစ်များမှာ ခွင့်လွှတ်ခြင်းခံရလေပြီဟုဆိုခြင်းလော၊သို့မဟုတ်ထလော့၊သင်၏အိပ်ရာကိုယူ၍ လျှောက်လှမ်းသွားလော့ဟုဆိုခြင်းလော။သို့သော်လူသားသည် ဤလောကတွင်အပြစ်များကိုခွင့်လွှတ်ပိုင်သောအာဏာရှိကြောင်း သင်တို့သိစေရန်ဖြစ်သည်ဟုဆိုလျက်လေဖြတ်သောသူအား၊သင့်အားငါဆိုသည်ကားထလော့၊သင့်အိပ်ရာကိုယူ၍အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။ထိုအခါသူသည်လည်း ထ၍အိပ်ရာကို ချက်ချင်းယူပြီးလျှင်လူအပေါင်းတို့ရှေ့၌ပင်ထွက်ခွာသွားသဖြင့်သူတို့သည်လည်းအံ့ဩကြလျက်ငါတို့သည် ဤကဲ့သို့ တစ်ကြိမ်တစ်ခါမျှမမြင်ဖူးပါတကားဟုဆိုကြ၍ ဘုရားသခင်၏ဘုန်းဂုဏ်တော်ကိုချီးမွမ်း ကြ၏။”ထောက်ရှုချက် "လူတို့သည် လေဖြတ်နေသောသူတစ်ဦးကို လူလေးယောက်ဖြင့်ထမ်း၍ အထံတော်သို့ဆောင်ယူခဲ့ကြ၏။"(ရှင်မာကု 2:3) တချို့သောသူတွေဟာမိမိတို့ရဲ့အပြစ်နဲ့ ရောဂါဖိစီးမှုအောက်ရောက်နေကြပြီးကုသခြင်းခံရဖို့ ဘုရားရှင်ထံ မိမိကိုယ်တိုင်ပြန်မလာနိုင်တော့ပါဘူး။ဒီအခြေအနေမျိုူမှာသူတို့ကိုဘုရားရှင်ထံအရောက်ပို့ဆောင်ပေးမည့်မိတ်ဆွေကောင်းတွေ ရှိဖို့လိုအပ်ပါတယ်။ကျွန်ုပ်တို့တွေဟာဒီနေ့ကျမ်းစာမှ လူလေးဦးလိုပဲမိမိတို့ရဲ့အာနဲ့ချို့တဲ့နေတဲ့မိတ်ဆွေများကိုကုသခြင်းခံစားရဖို့၊ကုသခြင်း၏သခင်ယေဇူးသခင်ထံအရောက်ထမ်းပို့ပေးသောမိတ်ဆွေကောင်းများဖြစ်ကြဖို့ကြိုးစားကြပါစို့။ကျွန်ုပ်သည် ဘုရားကျောင်ကန်မတက်ပဲပေါ့လျှော့နေသောမိမိတို့၏မိတ်ဆွေများကိုဘုရားကျောင်းတက်နိုင်ဖို့ကူညီကြပါရဲ့လား။ကျွန်ုပ်သည် အာပတ်ဖြေခြင်း စက္ကရမ္မင်တူးမခံယူပဲ ပေါ့လျှော့နေသော မိမိတို့၏ မိတ်ဆွေများကိုအာပတ်ဖြေနိုင်ဖို့ကူညီကြပါရဲ့လား။ကျန်ုပ်သည်သေဝနီးပါဖြစ်နေသောလူမမာများကိုနောက်ဆုံးအချိန်ခံယူအပ်သောစက္ကရမ္မင်တူးများဖြစ်ကြသည့်အာပတ်ဖြေခြင်း၊ပရိတ်တော်ဆီလူးခြင်းနဲ့ ကိုယ်တော်မြတ်စက္ကရာမင် များကိုရရှိဖို့ ကူညီကြပါရဲ့လား။