Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-13 06:21:35

ဇန္နဝါရီလ ၁၄ ရက်နေ့၊ ၂၀၂၃၊ စနေနေ့၊ သာမန်ကာလ ပထမပတ်
 (Or) Saturday memorial of the Blessed Virgin Mary
(ရှင်မာကု 2:13-17, ကက်သလစ်သမ္မာကျမ်းစာ CBCM)
Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe(ISR)

“13.ယေဇူးသည်ပင်လယ်ကမ်းနားသို့တစ်ဖန်ကြွသွား တော်မူလျှင်လူအစုအဝေးတို့သည် အထံတော်၌ လာရောက်စုရုံးကြသဖြင့်ကိုယ်တော်သည်လည်း သူတို့ကိုသွန်သင်တော်မူ၏။14.ထို့နောက် ကိုယ်တော်သည် ဆက်လက်ကြွသွားတော်မူစဉ်အာလ်ဖေးဦး၏သား လေဝိသည်အခွန်ရုံး၌ထိုင်လျက်ရှိသည်ကို မြင်တော်မူ၏။ထိုအခါကိုယ်တော်ကငါ့နောက်သို့လိုက်လော့ဟုသူ့အားမိန့်တော်မူလျှင်သူသည်လည်းထ၍နောက်တော်သို့လိုက်လေ၏။15.ထို့နောက် ကိုယ်တော်သည်လေဝိ၏အိမ်၌ညစာ သုံးဆောင်တော်မူစဉ်များစွာသောအခွန်ခံသူတို့နှင့်အပြစ်ရှိသောသူတို့သည်ယေဇူးနှင့်အတူသူ၏တပည့်တော်များနှင့်တကွစားသောက်ကြလေ၏။အကြောင်းမူကား ကိုယ်တော်၏နောက်တော်သို့လိုက်သောသူများစွာရှိကြ၏။16.ထိုအခါဖာရီဇေးဦးဂိုဏ်းဝင်ကျမ်းတတ်ဆရာတို့သည် အခွန်ခံသူများ၊အပြစ်ရှိသူများနှင့်အတူကိုယ်တော်စားသောက်နေသည်ကိုမြင်သောအခါအဘယ်ကြောင့်သူသည်အခွန်ခံသူများ၊အပြစ်ရှိသူများနှင့်အတူစားသောက်ပါသနည်းဟုတပည့်တော်တို့အားဆိုကြ၏။17.ယေဇူးသည်လည်း ဤစကားကိုကြားလျှင်ကျန်းမာသောသူသည်ဆေးဆရာကိုမလိုအပ်ပေ။ဖျားနာသောသူမူကားလိုအပ်၏။ငါသည်ဖြောင့်မတ်သောသူတို့ကိုခေါ်ရန်ကြွလာသည်မဟုတ်၊အပြစ်ရှိသောသူတို့ကိုခေါ်ရန်ကြွလာသည်ဟုသူတို့အားမိန့်တော်မူ၏။”
ထောက်ရှုချက်"လေဝိသည် အခွန်ရုံး၌ထိုင်လျက်ရှိသည်ကို မြင်တော်မူ၏။""ဘုရားသခင်၏ ခေါ်တော်မူခြင်း"ဘုရားသခင်ကမိမိရဲ့အမှုတော်ကိုထမ်းရွက်ဖို့ဖိတ်ခေါ်တဲ့အခါအလုပ်လုပ်နေသူတွေကိုသာခေါ်တော်မူပါတယ်။ဘုရားရှင်ရဲ့နောက်တော်သို့လိုက်လိုလျှင်ကျွန်ုပ်တို့ဟာ အလုပ်လုပ်ချင်သူများဖြစ်ဖို့လိုအပ်ပါတယ်။"ငါသည် ဖြောင့်မတ်သောသူတို့ကို ခေါ်ရန်ကြွလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကိုခေါ်ရန်ကြွလာသည်"ဘုရားရှင်၏နောက်လိုက်ဖို့ဆိုတာအရာရာပြည့်စုံနေဖို့မလိုပါဘူး။လောကလူသားတွေမှာလုံးဝအပြစ်ကင်းသူဆိုတာမရှိဘူး အားလုံးဟာမပြည့်စုံကြတဲ့ လူသားတွေးပါပဲ။ဘုရားရှင်ကမပြည့်စုံတဲ့သင်နဲ့ကျွန်ုပ်ကိုခေါ်တယ်ဆိုတာက အရာရာပြည့်စုံတဲ့ ဘုရားရှင်၌ယုံကြည်အားကိုးခိုလုံကြစေဖို့ဖြစ်ပါတယ်။ဘုရားရှင်၏ နောက်သို့လိုက်ခြင်းအားဖြင့်မပြည့်စုံကြတဲ့ကျွန်ူပ်တို့တွေဟာ ဘုရားရှင်၏အမှုတော်အတွက်ပြည့်စုံလာကြပါတယ်။မပြည့်စုံတဲ့ဘဝမှာ ဘုရားရှင်၌သာအားကိုးခိုလုံလျှက်ဘုရားရှင်၏အမှုတော်မြတ်ကို ထမ်းဆောင်ကြပါစို့။

Daily Reflection