ဇန္နဝါရီလ ၁၅ ရက်နေ့၊ ၂၀၂၃၊ တနင်္ဂနွေနေ့၊ သာမန်ကာလ ဒုတိယပတ်
(ဟေရှာယ 49:3, 5-6, Judson)
Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“3.အိုဣသရေလ၊သင်သည် ငါ၏ကျွန်ဖြစ်၏။သင့်အားဖြင့် ငါ့ဘုန်းသည်ထင်ရှားလိမ့်မည်ဟုငါ့အားမိန့်တော်မူပြီ။5.ငါသည် ထာဝရဘုရားရှေ့တော်၌ အသရေထင်ရှား၍၊ငါ၏ဘုရားသခင်သည်ငါ့ကို ခိုင်ခံ့စေတော်မူသည်အကြောင်းနှင့်တကွ၊ဣသရေလအမျိုးသည်အထံတော်၌ စုဝေးစေခြင်းကို မခံသော်လည်း၊ငါသည် ယာကုပ်အမျိုးကို အထံတော်သို့တဖန်ဆောင်ခဲ့ရသောကျွန်ဖြစ်စေမည်အကြောင်း၊ငါ့ကို အမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသောထာဝရဘုရားမိန့်တော်မူသည်ကား၊6.သင်သည် ယာကုပ်၏အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ဘေးလွတ်သော ဣသရေလသားတို့ကိုအရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှါသာ၊ငါ့အမှုကိုဆောင်ရွက်သောအမှုသည် သာမညအမှုဖြစ်၏။ထိုအမှုမက၊သင်သည် မြေကြီးစွန်းတိုင်အောင်ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊သင့်ကိုတပါးအမျိုးသားတို့ လင်းစရာဘို့ငါခန့်ထားသည်ဟုမိန့်တော်မူ၏။”(၁ ကော 1:1-3,ကက်သလစ်သမ္မာကျမ်းစာCBCM)“1.ခရစ်တော်ယေဇူး၏တမန်တော်တစ်ပါးဖြစ်ရန်ဘုရားသခင်အလိုတော်ရှိ၍ခေါ်တော်မူခြင်းခံခဲ့ရသော ငါပေါလုနှင့်ငါတို့၏ညီဆော့စသေနက်တို့ထံမှ၊2.ကောရိန့်မြို့ ရှိဘုရားသခင်၏အသင်းတော်မှစ၍ သူတို့နှင့်ငါတို့၏သခင်ဖြစ်တော်မူသည့် ယေဇူးခရစ်တော်၏နာမတော်ကို အရပ်ရပ်တို့၌ ခေါ်တကြလျက်အသနားခံကြသူအပေါင်းတို့နှင့်အတူ ခရစ်တော်ယေဇူးအားဖြင့် သန့်ရှင်းစင်ကြယ်ခြင်းသို့ ရောက်၍ သူတော်သူမြတ်များအ ဖြစ်သို့ခေါ်တော်မူခြင်းခံရကြသောသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။3.ငါတို့အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင် ၏ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်တော်မူပါစေ။”(ရှင်ယောဟန် 1:29-34, ကက်သလစ်သမ္မာကျမ်းစာ CBCM)“29.နောက်တစ်နေ့တွင် မိမိထံသို့ ယေဇူးကြွလာတော်မူသည်ကိုမြင်လျှင်ယောဟန်က ကြွေးကြော်သည်ကား ဘုရားသခင်၏သိုးငယ်တော်ကို ကြည့်ကြလော့။လောကသားတို့၏အပြစ်ကို ချွတ်တော်မူသောအရှင်ကို ကြည့်ကြလော့။30.ငါမရှိမီက ရှိနှင့်တော်မူသည်ဖြစ်၍ငါ့ထက်ပို၍ကြီးမြတ်သောသူသည် ငါ့နောက်၌ ကြွလာမည်ဟု ငါဆိုခဲ့သောသူသည် ဤသူပင်ဖြစ်သတည်း။31.ငါသည် ကိုယ်တော့်ကို မသိခဲ့။ သို့သော်လည်း ကိုယ်တော့်ကို အစ္စရာအဲလ်လူမျိုးတို့အား ထင်ရှားစွာဖော်ပြခြင်းငှာ ငါသည် လာ၍ရေဖြင့်ဆေးကြောခြင်းဖြစ်သည်ဟု ဆိုလေ၏။32.ထို့နောက် ယောဟန်က သက်သေခံသည်ကား ဝိညာဉ်တော်သည်ချိုးငှက်သဏ္ဌာန်ဖြင့်ကောင်းကင်မှ ဆင်းသက်၍ သူ့အပေါ်၌ နားနေသည်ကို ငါမြင်ရ၏။33.ငါသည် သူ့ကိုသိသည်မဟုတ်။ သို့ရာတွင် ရေဖြင့် ဆေးကြောရန် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကအကြင်သူ၏အပေါ် ၌ဝိညာဉ်တော်သည် ဆင်းသက်၍နားနေတော်မူသည်ကို သင်မြင်ရပါက ဤသူသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဆေးကြောသောသူဖြစ်သတည်းဟု ငါ့အား မိန့်တော်မူခဲ့၏။34.ငါသည်လည်း မြင်ခဲ့ရသောကြောင့်ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို ငါသက်သေခံသည်ဟု ဆိုလေ၏။” ထောက်ရှုချက်"ဘုရားသခင်၏သိုးငယ်တော်ကိုကြည့်ကြလော့။လောကသားတို့၏အပြစ်ကို ချွတ်တော်မူသောအရှင်ကို ကြည့်ကြလော့။"ဘုရားသခင်၏သိုးငယ်တော် ဆိုတဲ့စကားလုံးရဲ့အဓိပါယ်ကထွက်မြောက်ရကျမ်း ၁၂ အထဲက အီစရာအဲလ်လူမျိုတွေကို ကယ်တင်ဖို့အသတ်ခံခဲ့ရတဲပါစကားသိုးသူငယ်ကိုရည်ညွန်းတာဖြစ်ပါတယ်။ယေဇူးသခင်ဟာလောကသားအားလုံးရဲ့အပြစ်တွေအတွက် ပါစကားသိုးသူငယ်ကဲ့သို့သွေးတော်သွန်းလောင်းခြင်းခံရမယ်ကြိုတင်နိမိတ်ပေးနေတာဖြစ်ပါတယ်။ဒီအချက်ကိုရှင်ပေါလူးကလည်းသူ့ရဲ့သြဝါဒကျမ်းမှာထောက်ခံရေးသားထားပါတယ်။“ငါတို့၏ ပါစကားသိုးငယ်တော်ဖြစ်သောခရစ်တော်သည် ယဇ်ကောင်အဖြစ် ပူဇော်ခြင်းခံခဲ့ရ လေပြီ။”(၁ ကောရင်သု 5:7)ပါစကားသိုးသူငယ်က အီစရာအဲလ်လူတွေကိုဟေရုပ်ရဲ့ကျွန်ဘဝနဲ့သေခြင်းမှကယ်တင်ခဲ့သလိုယေဇူးခရစ်တော်သခင်က ကျွန်ုပ်တို့အားလုံးအပြစ်ရဲ့ကျွန်ဘဝနဲ့ သေခြင်းမှမိမိရဲ့သွေးတော်သွန်းလောင်းခြင်းဖြင့် ရွေးနှုတ်ကယ်တင်ပေးသောပါစကားသိုးသူငယ်ဖြစ်ပါတယ်။မိမိရဲ့အသက်ကိုပေးပြီးရွေးနှုတ်ကယ်တင်ပေးခဲ့သောယေဇူးသခင်ကို စိတ်နှလုံးမှကျေးဇူးတင်ချီးမွမ်းကြပါစို့။ကိုယ်တော်ပေးထားသောအသက်သစ်ကိုလည်းပြန်ပြီးမဆုံးရှုံးရန်တန်းဖိုးထားပြီးကြိုးစားရှင်သန်ကြပါစို့။