ဇန္နဝါရီလ ၁၆ ရက်နေ့၊ ၂၀၂၃၊ တနင်္လာနေ့၊ သာမန်ကာလ ဒုတိယပတ်
(ရှင်မာကု 2:18-22, ကက်သလစ်သမ္မာကျမ်းစာ CBCM)
Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“18.ထိုအချိန်တွင် ယောဟန်၏တပည့်များနှင့် ဖာရီဇေးဦးတို့သည်အစာရှောင်လျက်ရှိကြ၏။လူတို့သည်လည်း ကိုယ်တော့်ထံသို့လာ၍ အဘယ်ကြောင့်ယောဟန်၏တပည့်များနှင့်ဖာရီဇေးဦးတို့သည်အစာရှောင်ကြပြီး ကိုယ်တော်၏တပည့်တို့မူကား အစာမရှောင်ကြပါသနည်းဟုမေးလျှောက်ကြ၏။19.ထိုအခါ ယေဇူးကမင်္ဂလာဆောင်ပွဲသို့လာကြသောသူတို့သည် မိမိတို့နှင့်အတူသတို့သားရှိနေချိန်တွင်အစာရှောင်နိုင်ကြပါမည်လော။သူတို့သည် မိမိတို့နှင့်အတူမင်္ဂလာဆောင်သတို့သားရှိနေသမျှကာလပတ်လုံး အစာမရှောင်နိုင်ကြပေ။20.သို့သော်မင်္ဂလာဆောင်သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့်နေ့ရက်များရောက်လာလိမ့်မည်။ထိုအခါသူတို့သည် ထိုနေ့တွင်အစာရှောင်ကြလိမ့်မည်။21.မည်သူမျှ အဝတ်ဟောင်းကို ပိတ်စသစ်နှင့် ဖာထေးလေ့မရှိ။ထိုသို့ ပြုလျှင် ပိတ်စအသစ်သည်အဝတ်ဟောင်းမှရုန်းသဖြင့်စုတ်ပြဲသည့်နေရာသည်ပို၍ကျယ်လာတတ်၏။22.ထို့ပြင်မည်သူမျှ စပျစ်ရည်သစ်ကိုသားရေဘူးဟောင်းအတွင်း ထည့်လေ့မရှိ။ထည့်ခဲ့ပါလျှင်စပျစ်ရည်သစ်သည် သားရေဘူးများကိုကွဲစေသဖြင့် စပျစ်ရည်ယိုဖိတ်၍ သားရေဘူးများလည်း ပျက်စီးလိမ့်မည်။စပျစ်ရည်သစ်ကို သားရေဘူးသစ်များ၌သာထည့်ရ၏ဟုသူတို့အားမိန့်တော်မူ၏။”ထောက်ရှုချက် အချိန်အခါနှင့်အခြေအနေကိုကြည့်ကာကျင့်ကြံနေထိုင်သင့်ကြောင်းယေဇူးသခင်ကသင်ကြားနေတာဖြစ်ပါတယ်။မင်္ဂလာပွဲကျင်းပနေ ချိန်ဟာငိုကြွေးနေရမည့် အချိန်မဟုတ်သလိုအသုဘ စျာပနကျင်းပနေချိန်ဟာလည်း တီးမုတ်ကခုန်နေရမည့်အချိန်မဟုတ်ပါဘူး။ခရစ္စမတ်အချိန်ဟာဝမ်းနဲငိုကြွေးနေရမည့်အချိန်မဟုတ်သလို၊ဝါတွင်းကာလဟာလည်းတီးမုတ်ကခုန်နေရမည့်အချိန်မဟုတ်ပါဘူး။မိမိလက်ရှိနေထိုင်နေတဲ့အခြေအနေအချိန်အခါအပေါ်မူတည်ပြီးကျင့်ကြံနေထိုင်ကြခြင်းသာလျှင်ပိုပြီးသင့်တော်ပါတယ်။အများသူငှါဝမ်းနဲ့ချိန် သူတို့နဲ့အတူ ဝမ်းနဲကစို့။အများသူငှါ ပျော်ရွှင်နေချိန် သူတို့အတူပျော်ရွှင်ကြစို့။အများသူငှါ ဝါရှောင်နေချိန်သူတို့နဲ့အတူဝါရှောင်ကြစို့။အများသူငှါစားသောက်နေစဥ်သူတို့နဲ့အတူ စားသောက်ကြစို့။ဆုတောင်းရမည့်အချိန်ဆုတောင်းပါ။ချီးမွမ်းရမည့်အချိန်ချီးမွမ်းပါ။ကျေးဇူးတင်ရမည့်အချိန် ကျေးဇူးတင်ပါ။အခြေအနေ အချိန်အခါနှင့် လိုက်လျှောညီထွေစွာအသက်ရှင်နေထိုင်ကြပါစို့။