Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-16 06:31:52

ဇန္နဝါရီလ ၁၇ ရက်နေ့၊ ၂၀၂၃၊ အင်္ဂါနေ့၊ သာမန်ကာလ ဒုတိယပတ်
  (Saint Antony, Abbot)
(မာကု 2:23-28, ကက်သလစ်သမ္မာကျမ်းစာ CBCM)
Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 “23.ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကိုဖြတ်၍သွားတော်မူ၏။ထိုသို့သူတို့သွားနေကြစဉ်ကိုယ်တော်၏တပည့်တော်တို့သည် ဂျုံစေ့များကို ဆွတ်ခူးကြ၏။ထိုအခါဖာရီဇေးဦးတို့က ကိုယ်တော်အားကြည့်ပါ၊24.သူတို့သည် ဥပုသ်နေ့တွင်မပြုအပ်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်းဟုလျှောက်ကြ၏။25.ကိုယ်တော်ကလည်း ဒါဝိဒ်မင်းကြီးသည် မိမိနှင့်မိမိအပေါင်းအဖော်များဆာလောင်၍ အခက်ကြုံသောအခါမည်ကဲ့သို့ပြုခဲ့ ကြောင်းသင်တို့မဖတ်ဖူးကြသလော။26.သူသည် ရဟန်းအကြီးအကဲအာဘိယသာလက်ထက်၌ဘုရားသခင်၏အိမ်တော်သို့ ဝင်လျက်ရဟန်းများမှတစ်ပါး မည်သူမျှ မစားအပ်သောရှေ့တော်တင်မုန့်ကိုယူ၍စားပြီးမှမိမိနှင့်အတူရှိသောသူတို့အား ပေးခဲ့သည်ကိုသင်တို့မဖတ်ဖူး ကြသလောဟုသူတို့အား မိန့်တော်မူ၏။27.ထို့နောက် ကိုယ်တော်က ဥပုသ်နေ့ကိုလူတို့အတွက်သတ်မှတ်ထားခြင်း ဖြစ်၏။လူတို့ကို ဥပုသ်နေ့အတွက်ဖန်ဆင်းထားခြင်း မဟုတ်။28.သို့ဖြစ်၍ လူသားသည်ဥပုသ်နေ့၏အရှင်သခင်ပင်ဖြစ်သည်ဟုသူတို့အားမိန့်တော်မူ၏။”ထေက်ရှုချက်"ဥပုသ်နေ့ကို လူတို့အတွက်သတ်မှတ်ထားခြင်းဖြစ်၏။လူတို့ကိုဥပုသ်နေ့အတွက်ဖန်ဆင်းထားခြင်း မဟုတ်။"ပညတ်ဥပဒေတွေက လူတွေရဲ့ကောင်းကျိုးအတွက်ချပေးထားတာဖြစ်ပါတယ်။ပညတ်ဥပဒေတွေကိုကိုင်ပြီးလူတွေကိုဒုက္ခပေးဖို့အနိုင်ကျင့်ဖို့၊ မတရားပြုဖို့အခွင်မရှိပါဘူး။အဲ့လိုလုပ်ခြင်းဟာပညတ်ဥပဒေတွေပေးထားခြင်းရဲ့ ရည်ရွယ်ချက်နဲ ဆန့်ကျင်နေတဲ့အတွက်အဓမ္မကျူးလူခြင်းပါပဲ။နေအိမ်ခြံဝန်းတွေမှာခြံစည်းရိုးခတ်ထားတာက နယ်မြေပိုင်နက်အညင်းပွားတာမဖြစ်စေဖို့ပါ။မြစ်တွေမှာကမ်းဘားရှိနေတာကရေတွေမစီးသင့်တဲ့နေရာကို မစီးဆင်းစေဖို့ပါ။ဒီလိုပဲလူဘောင်လောကမှာမဖြစ်သင်တာမဖြစ်ရအောင်လူသားတိုင်းပညတ်ဥပဒေတွေရဲ့ဘောင်ထဲမှာတစ်ဦးနဲ့တစ်ဦး ထိခိုက်နှစ်နာစေခြင်းမရှိပဲလွတ်လမ်စွာနေထိုင်နိုင်ကြဖို့ဖြစ်ပါတယ်။အဆင်မပြေတဲ့အင်္ကျီနဲ့တော်ဖို့လူကိုဖြတ်လို့မရပါဘူး။ဥပဒေနဲ့သင့်တော်ဖို့လူကလိုက်ပြီးဒုက္ခခံရတာမျိုးမဟုတ်ရပါဘူး။ပညတ်ဥပဒေတွေဟာလူတွေကောင်းကျိုးအတွက်ချပေးထားတာဖြစ်လို့အလွဲသုံးစားမလုပ်မိဖို့သတိထားဆင်ခြင်ကြပါစို့။ရည်ရွယ်ချက်နဲ ဆန့်ကျင်နေတဲ့အတွက်အဓမ္မကျူးလူခြင်းပါပဲ။နေအိမ်ခြံဝန်းတွေမှာခြံစည်းရိုးခတ်ထားတာက နယ်မြေပိုင်နက်အညင်းပွားတာမဖြစ်စေဖို့ပါ။မြစ်တွေမှာကမ်းဘားရှိနေတာကရေတွေမစီးသင့်တဲ့နေရာကိုမစီးဆင်းစေဖို့ပါ။ဒီလိုပဲလူဘောင်လောကမှာမဖြစ်သင်တာမဖြစ်ရအောင်လူသားတိုင်းပညတ်ဥပဒေတွေရဲ့ဘောင်ထဲမှာတစ်ဦးနဲ့တစ်ဦးထိခိုက်နှစ်နာစေခြင်းမရှိပဲလွတ်လမ်စွာနေထိုင်နိုင်ကြဖို့ဖြစ်ပါတယ်။အဆင်မပြေတဲ့အင်္ကျီနဲ့တော်ဖို့ လူကိုဖြတ်လို့မရပါဘူး။ဥပဒေနဲ့သင့်တော်ဖို့လူကလိုက်ပြီးဒုက္ခခံရတာမျိုးမဟုတ်ရပါဘူး။ပညတ်ဥပဒေတွေဟာလူတွေကောင်းကျိုးအတွက်ချပေးထားတာဖြစ်လို့အလွဲသုံးစားမလုပ်မိဖို့သတိထားဆင်ခြင်ကြပါစို့။

Daily Reflection