ဇန္နဝါရီလ ၁၉ ရက်နေ့၊ ၂၀၂၃၊ ကြာသာပတေး၊ သာမန်ကာလ ဒုတိယပတ်
(ရှင်မာကု 3:7-12, ကက်သလစ်သမ္မာကျမ်းစာ CBCM)
Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“7.ယေဇူးသည်လည်း သူ၏တပည့်တော်တို့နှင့်အတူ ပင်လယ်အနီးသို့ ထွက်ကြွသွားတော်မူလျှင်ဂါလေလေးယပြည်မှ များစွာသောလူအစုအဝေးတို့သည်ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။ဂျုဒပြည်မှလည်းကောင်း၊8.ဂျေရုဆလင်မြို့မှစ၍အီဒူးမေးယနယ်၊ဂျော်ဒန် မြစ်တစ်ဖက်ကမ်း၊တီရာနှင့် စီဒွန်မြို့ပတ်ဝန်းကျင်မှလည်းကောင်း များစွာသောလူတို့သည်ကိုယ်တော်ပြုတော်မူသမျှတို့ကိုကြားကြသဖြင့် အထံတော်သို့လာကြ၏။9.လူအစုအဝေးတို့ရှိနေသောကြောင့် လူတို့သည်မိမိကိုတွန်းတိုက်ခြင်းမရှိစေရန်ကိုယ်တော်သည် တပည့်တော်တို့အား မိမိအတွက်လှေတစ်စင်းကိုအသင့်ပြင်ထားမည့်အကြောင်း အမိန့်ရှိတော်မူ၏။10.အကြောင်းမူကား ကိုယ်တော်သည် လူများစွာကိုရောဂါပျောက်ကင်းစေတော်မူသဖြင့်ရောဂါအမျိုးမျိုးစွဲကပ်နေသော လူတို့သည်ကိုယ်တော့်ကိုတို့ထိနိုင်ရန်အထံတော်သို့တိုးဝင်ကြသောကြောင့်ဖြစ်၏။11.ညစ်ညူးသောနတ်ဆိုးတို့သည်လည်းကိုယ်တော့်ကို မြင်ကြသည့်အခါတိုင်းရှေ့တော်၌ပျပ်ဝပ်လျက်ကိုယ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်ပါသည်ဟု ဟစ်အော်ကြ၏။12.သို့သော် ကိုယ်တော်သည် မိမိအကြောင်းကို ထုတ်ဖော်မပြောစေရန်သူတို့ကို ကြပ် တည်းစွာ တားမြစ်တော်မူ၏။”ထောက်ရှုချက် "များစွာသောလူအစုအဝေးတို့သည် ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။"လူတွေက သခင်ခရစ်တော်၏ နောက်သို့ဘာအတွက်လိုက်တာလဲ။တချို့ကထူးဆန်းအုံဘွယ်ရာမြင်ချင်လို့၊တချို့ကလူအများသွားတာတွေလို့ဘာမှရည်မှန်းချက်မရှိပဲလိုက်လာတာ၊တချို့ကရောဂါကုသခြင်းခံချင်လို့၊တချို့ကတော့ တရားစကားနားထောင်ချင်လို့ကျွန်ုပ်တို့က ဘာအတွက်ခရစ်ယန်ဘဝရယူထားတာလဲ။ဒီဘဝကို မိမိကိုယ်တိုင်နှစ်သက်လက်ခံပါရဲ့လား။ခရစ်ယန်ဆိုတာ ခရစ်တော်ရဲ့နောက်လို့အဓိပ္ပါယ်ရှိပါတယ်။ခရစ်တော်ရဲ့နောက်လိုက်ဆိုတာကခရစ်တော်သခင်၏ သွန်သင်ချက်များကိုနားထောင်ပြီးလိုက်ကျင့်ကြသူတွေဖြစ်ပါတယ်။ကျွန်ုပ်သည် ခရစ်ယန်ဖြစ်ပြီးခရစ်တော်သခင်၏တရားစကားကိုနားမထောင်ဘူးဆိုရင်ခရစ်ယန်မပီသပါဘူး။ခရစ်ယန်ဖြစ်ပြီး ခရစ်တော်ရဲ့တရားကိုလိုက်နာကျင့်ကြံခြင်းမရှိရင်ခရစ်ယန်မပီသပါဘူး။စစ်မှန်သော ခရစ်ယန်တွေ ဖြစ်ဖို့ကြိုးစားကြပါစို့။