Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-23 08:11:24

ဇန်နဝါရီလ ၂၄ ရက်(အင်္ဂါနေ့)
ရှင်မာကု ၃ : ၃၁ - ၃၅
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထိုအခါ ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့သည်လာ၍အပြင်၌ရပ်နေကြပြီးကိုယ်တော့်ကိုခေါ်စေခြင်းငှာ လူစေလွှတ်ကြ၏။လူအစုအဝေးသည် ကိုယ် တော်၏ထံတော်ပါး၌ ဝိုင်းလျက်ထိုင်နေကြသည်ဖြစ်၍ သူတို့က ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့သည်ကိုယ်တော့်ကိုတွေ့လိုသဖြင့် အပြင်၌ရပ်နေကြပါသည်ဟုလျှောက်ကြ၏။ကိုယ်တော်ကလည်းငါ၏အမိနှင့်ငါ၏ညီအစ်ကိုတို့ကား မည်သူတို့နည်းဟု မေးတော်မူပြီးနောက်၊မိမိအနီး၌ဝိုင်းရံ၍ ထိုင်နေကြသောသူများကို ကြည့်တော်မူကာ ဤသူတို့သည်ကား ငါ၏အမိနှင့်ငါ၏ညီအစ်ကိုများပေတည်း။ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမှန်သမျှသည်ငါ၏ညီအစ်ကို၊ငါ၏နှမနှင့်ငါ၏အမိတို့ဖြစ်ကြသတည်းဟု မိန့်တော်မူ၏။”ကျွန်ုပ်တို့၏စိတ်ခံစားမှုအတိုင်း ကျွန်ုပ်တို့နေသောအခါ ခင်မင်ရာအပေါင်းအသင်းမိတ်ဆွေများသည် ကျွန်ုပ်နှင့်အဆင်ပြေသောသူများနှင့်သာဆက်သွယ်ဆက်‌ဆံနေမည်ဖြစ်သည်။မောင်နှမရင်းခြာများ၌ပင် ကျွန်ုပ်တို့ပြောဆိုနေကြသည့်"မျက်ကြောတည့်သည်"ဆိုသောသူများနှင့်ပို၍လေပေး ဖြောင့်တတ်ကြသည်မှာကျွန်ုပ်တို့လူသားဟုခေါ်သောလူသားဖြစ်ခြင်းကြောင့်ပင်ဖြစ်ပေမည်။ယနေ့ကြားနာရသော အသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ခရစ်တော်သခင်သည် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူမှန်သမျှကို သူ၏ညီအစ်ကို၊သူ၏ နှမနှင့် သူ၏အမိတို့ဖြစ်ကြောင်းနှုတ်မြွက်ထားပါသည်။ကျွန်ုပ်တို့သည် မပြည့်စုံသောလူသားများ၊အားနည်းချက်နှင့်လူသားများဟူသော ဆင်ခြင်များနှင့် ဖန်ဆင်းရှင်ဘုရားသခင်ကိုထိခိုက်ပြစ်မှားဆန့်ကျင်မိသည်သာမက နီးစပ်သူများဖြစ်သော ဘဝတူလူသားများကိုလည်း ဆန့်ကျင်နာကျင်စေပါသည်။လူတစ်ဦးမှားယွင်းလမ်းလွှဲနေခြင်း၌ကျွန်ုပ်တို့နှုတ်ဆိတ်နေပါမူ သို့မဟုတ် အမှားပြုသူကို ကျွန်ုပ်တို့ဝန်းကျင်မှရှောင်ရှားဖယ်ကြဉ်ထားပါမူ ကျန်းမာသောဝန်းကျင်ကို တည်ဆောက်နိုင်ပါမည်လော။ယနေ့ ဘဝတူလူသားများဖြစ်သည်သာမက တမြေတည်းနေ၊ တရေတည်းသောက်ကြသောသူများတို့၏ အမြင်မတူ၊ခံယူချက်ကွဲပြားလျက် အမုန်းပွားသတ်ဖြတ်ခြင်းသည်သာအရာရာ၏အဖြေ ဟူ၍တွေးထင်မှတ်ကာကြောက်ရွံ့ထိတ်လန့်ခြင်းများနှင့် သွေးချောင်းစီးနေကြခြင်းသည်သာ ကျွန်ုပ်တို့နေ့စဉ်အဖေါ်ပြုရာမိတ်ဆွေဖြစ်နေရပါသည်။ဤအတိုင်းဆိုလျင် ခရစ်တော်သခင်သည် သူ၏ညီအစ်ကိုမောင်နှမများကို ကျွန်ုပ်တို့တွင်ရှာဖွေတွေ့ရှိနိုင်ပါမည်လော။အိုသခင်ခါးသီးနာကျည်းမှုဟုသောအသီးလှိုင်လှိုင်ပေါနေသည့် ယနေ့အချိန်အခါတွင်ကိုယ်တော်၏အလိုတော်ကိုရှာဖွေတွေ့ရှိနိုင်စေ၍ ညီရင်းမောင်နှမများဟူသော ချစ်ခြင်းအသီးကို ဖူးပွင့်ပေါများစေတော်မူပါ။

Daily Reflection