Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-24 06:44:05

ဇန်နဝါရီလ ၂၅ (ဗုဒ္ဓဟူးနေ့)
Conversion of St Paul
ရှင်မာကု ၁၆ : ၁၅ - ၁၈
Sr. Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin New(ISR)

ထို့နောက် ကိုယ်တော်က သူတို့အား မိန့် တော်မူသည်ကားကမ္ဘာအရပ်ရပ်သို့သွားကြ၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားတော်ကိုဟောပြောကြလော့။ယုံကြည်၍ ဆေးကြောခြင်းခံယူသော သူတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်း ခံရလိမ့်မည်။ယုံကြည်သော သူတို့၌ဤနိမိတ်လက္ခဏာများဖြစ်ပေါ်လိမ့်မည်။သူတို့သည် ငါ၏နာမတော်ကိုအမှီပြုလျက်နတ်ဆိုးများကို နှင်ထုတ်နိုင်ကြလိမ့်မည်။ဘာသာစကားအသစ်များကိုလည်း ပြောဆိုကြလိမ့်မည်။သူတို့သည် မြွေဆိုးများကို ကိုင်ဖမ်းကြလိမ့်မည်။သေစေနိုင်သောအရာကိုသောက်မိလျှင်လည်း ၎င်းသည် သူတို့ကို ဘေးဖြစ်စေလိမ့်မည် မဟုတ်။သူတို့သည် လူနာများအပေါ်၌ မိမိတို့လက်ကိုတင်၍ ထိုသူတို့သည်လည်း ပြန်လည်ကျန်းမာလာ ကြလိမ့်မည်ဟု မိန့်တော်မူ၏။”အမြင်မတူသူ၊တဘက်စွန်းရောက်သည်ဟု ကျွန်ုပ်တို့ယူဆသောသူတို့၏သေကြေပျက်စီးခြင်းသည် ဤလောကလူမှုဝန်းကျင်၌ လူသားများအဖြစ်နေထိုင်ရှင်ခြင်း၏အဖြေတစ်ခုမဟုတ်နိုင်ပါ။အချိန်တန်လျင် အချင်းချင်းသတ်စရာမလိုဘဲ ကျွန်ုပ်တို့သေ‌ကြရမည်မှာ သေချာသောအရာတစ်ခုဖြစ်ပါသည်။အကြောင်းမှာ ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်ဆိုင်ရုံသာဆိုင်ပြီး မပိုင်ပါ။ကျွန်ုပ်တို့၏ရှင်ခြင်း သေခြင်းကို ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဘုရားသခင် ပိုင်တော်မူပါသည်။ကျွန်ုပ်တို့ကို  သေမင်းတမန်၏လက်မှ ‌အသွေးတော်သွန်းလောင်းခြင်း၊အသေခံတော်မူခြင်း၊ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ခရစ်တော်သခင်သည်ရွေးနှုတ်ကယ်တင်တော်မူခဲ့ပြီးဖြစ်ပါသည်။ဤသည်မှာ သေမင်းတမန်နတ်ဆိုးကို ကျွန်ုပ်တို့သခင် ခရစ်တော်ရှင်အားဖြင့် ကျွန်ုပ်တို့အောင်နိုင်ခြင်း၏သတင်းကောင်းဖြစ်ပါသည်။ဘုရားရှင်သည် လူသားများ၏သေကြေပျက်စီးခြင်းကိုလိုလားတော်မမူပေ။ပျက်စီးခြင်းများကြားမှ ကျွန်ုပ်တို့နှင့် ထပ်တူခံစားမျှဝေ၍ကျွန်ုပ်တို့ကို ကာကွယ်စောင်မတော်မူသောဘုရားဖြစ်ပါသည်။သင်၏အသင်းတော်ကို လိုက်လံညှဉ်းဆဲ သတ်ဖြတ်ဖျက်ဆီးသူများကိုပင်ရှင်ပေါလုကဲ့သို့ အလင်းတရားမြင်ပြီးအကျင့်ပြောင်းလဲခြင်းဖြင့် ကယ်တင်ခြင်းရရန် လိုလားတော်မူ၍စိတ်ရှည်တော်မူသောဘုရားလည်းဖြစ်ပါသည်။ခက်ခဲကြမ်းတမ်းလွန်းလှ၍ ကြာရှည်လှသည့် ယနေ့အချိန်ကာလတွင် ဤသို့ဖြစ်စေသောသူအပေါ် ဘုရားရှင်မည်သို့အလိုရှိသည်ကို ကျွန်ုပ်တို့မသိနိုင်ပါ။နာကျင် နာကျည်း မုန်းတီး စက်ဆုတ်မှုများကိုဘုရားရှင်၏ကျေးဇူးတော်နှင့် ချေဖျက်နိုင်၍ ကိုယ်တော်၏အလိုတော်သည် အမြန်‌ဆုံးပြည့်စေရန်သာ မာန်ကိုချ၍ ဆုတောင်းကြရမည်ဖြစ်ပါသည်။

Daily Reflection