Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-25 06:28:05

ဇန်နဝါရီလ ၂၆ ရက်(ကြာသပတေးနေ့)
ရှင်လုကာ ၁၀ : ၁ - ၉
Sr. Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin New(ISR)

ထို့နောက် ကိုယ်တော်သည် အခြားသောတပည့်တော်အပါးခုနစ်ဆယ်တို့ကို ရွေးကောက်ပြီးလျှင် ကိုယ်တော်တိုင် ကြွရောက်မည့်မြို့ရွာအသီးသီးသို့ နှစ်ပါးစီကြိုတင် စေလွှတ်တော်မူ၏။- ထိုအခါ ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ ရိတ်သိမ်းစရာအသီးအနှံများစွာရှိ၏။လုပ်ဆောင်သောသူတို့မူကားနည်းကြ၏။ ထို့ကြောင့် မိမိ၏လယ်ကွင်းထဲသို့ လုပ်သားများကို စေလွှတ်မည့်အကြောင်း လယ်ပိုင်ရှင်ကို တောင်းလျှောက်ကြလော့။သွားကြလော့။ ဝံပုလွေတို့အလယ်၌သိုးငယ်များကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ပိုက်ဆံအိတ်ကို လည်းကောင်း၊ လွယ်အိတ်ကိုလည်းကောင်း၊ဖိနပ်ကိုလည်းကောင်း သင်တို့ယူဆောင်မသွားကြနှင့်။လမ်း၌လည်းမည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ဤအိမ်၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု ဦးစွာနှုတ်ဆက်ကြလော့။ငြိမ်းချမ်းသာယာခြင်းကိုလိုလားသောသူသည် ထိုနေရာ၌ရှိလျှင် သင်တို့၏ ငြိမ်းချမ်းသာယာခြင်းသည် သူ့အပေါ်သို့ သက်ရောက်လိမ့်မည်။ သို့မဟုတ်လျှင် ၎င်းသည် သင်တို့ထံသို့ ပြန်လာလိမ့်မည်။သင်တို့သည် ထိုအိမ်တွင်နေပြီးလျှင် သူတို့တည်ခင်းကျွေးမွေးသမျှကို စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိ၏လုပ်အားခကို ရထိုက်၏။ တစ်အိမ်မှတစ်အိမ်သို့မရွှေ့ပြောင်းကြနှင့်။- မည်သည့်မြို့သို့မဆို သင်တို့ဝင်ကြ၍ လူတို့သည် သင်တို့ကိုလက်ခံကြလျှင် သင်တို့ရှေ့တွင် တည်ခင်းကျွေးမွေးသမျှကိုသင်တို့စားကြလော့။ထိုအရပ်၌ရှိသော လူနာများကို ရောဂါပျောက်ကင်းစေကြ၍ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့နှင့်နီးလာပြီဟု သူတို့အားဆိုကြလော့။” ငြိမ်းချမ်းသာယာခြင်းကို လူတိုင်းနှစ်သက်လိုလား‌ကြသည်။အထူးသဖြင့် ယနေ့ကဲ့သို့ အရာရာဖရိုဖရဲဖြစ်နေသည့်အချိန်တွင် ငြိမ်းချမ်းသာယာခြင်းကို ပို၍တောင့်တကြသည်။ လိုချင်သောဆန္ဒရှိကြသော်လည်း အားနည်းသူများကို အစေခံကျွန်သာသာ ဆက်ဆံလို၍ ကြီးစိုးလိုသောသူများကြောင့်ငြိမ်သက်ခြင်းသည် ဝေးသထက်ဝေးခဲ့ရလေပြီ။ဆုံးရှုံးမှုများနှင့် နာကျင်မှုများအကြား အနိုင်ကျင့်ဖျက်ဆီးသော အရာများဖြင့် အဝေးမှလည်းကောင်း၊လာရောက်ခြင်းဖြင့်လည်းကောင်း သေကြေပျက်စီးစေခြင်းကြောင့်ကျွန်ုပ်တို့လူမှုအသိုင်းအဝိုင်းတွင် တစ်သက်တာနာကျည်းမှုများသာ တိုးပွားလာစေရာ ခွင့်လွတ်ခြင်းသည် အဝေးသို့ခရီးနှင်သွားခဲ့လေပြီးဖြစ်သည်။သို့သော် ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင်နှုတ်မြွက်တော်မူသည်ကား ယနေ့အချိန်အခါသည် ရိတ်သိမ်းရန်အကောင်းဆုံးသောအချိန်ဖြစ်၍ လိုအပ်နေသူများနှင့်အဖေါ်ပြုကာ ကိုယ်တော်ရှင်၏ငြိမ်းချမ်းသာယာခြင်းကိုကြေငြာကြရမည်ဟူ၍ဖြစ်သည်။မည်သည့်နေ့တွင် မည်ကဲ့သို့သောပုံစံဖြင့် ဤလောကမှ လူ့ဂုဏ်သိက္ခာကင်းမဲ့စွာဖြင့် ထွက်ခွာသွားရမည်မသိသော စိုးထိတ်ကြောက်ရွံ့နေသည့်ကျွန်ုပ်တို့ညီအစ်ကိုများအကြားသို့သွားရန် ကျွန်ုပ်တို့ကိုကိုယ်တော်ရှင်ဖိတ်ခေါ်နေပါသည်။ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းသတင်းကောင်းနှင့် ငြိမ်းချမ်းသာယာခြင်းကို ကြေငြာရန် ယုံကြည်သူကျွန်ုပ်တို့တစ်ဦးစီကိုကိုယ်တော်ရှင်စေလွှတ်နေပါသည်။တစ်ဦးစီ၏စိတ်နှလုံးထဲတွင်ငြိမ်းချမ်းသာယာခြင်းကြီးစိုးမှသာ ကိုယ်တော်၏ ငြိမ်းချမ်းသာယာခြင်းကို ပေးသူနှင့် လက်ခံသူပါ ထိုက်တန်ပေမည်။အိုသခင် ကျွန်ုပ်ကို ကိုယ်တော်၏ငြိမ်းချမ်းရေးလက်နက်ဖြစ်စေတော်မူပါ။ 

Daily Reflection