Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-27 06:29:16

ဇန်နဝါရီလ ၂၈ ရက်(စနေနေ့)
ရှင်မာကု ၄ : ၃၅ - ၄၁
Sr. Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin New(ISR)

ထိုနေ့ညနေအချိန်ရောက်သောအခါ ကိုယ်တော်က တပည့်တော်တို့အား တစ်ဖက်ကမ်းသို့ကူးကြစို့ဟုမိန့်တော်မူ၏။တပည့်တော်တို့သည်လည်း လူအစုအဝေးကိုထားခဲ့၍ လှေပေါ်သို့ရောက်ရှိနှင့်သောကိုယ်တော့်ကို ခေါ်ဆောင်သွားကြ၏။အခြားသောလှေများသည်လည်း ကိုယ်တော်နှင့်အတူလိုက်ပါလာကြ၏။ထိုအခါ လေမုန်တိုင်းကြီးကျရောက်၍ လှေကို လှိုင်းတံပိုးတို့ရိုက်ခတ်သောကြောင့် လှေသည်ရေပြည့်လုမတတ်ရှိလေ၏။ကိုယ်တော်မူကား လှေ၏ပဲ့ပိုင်းရှိ ခုံပေါ်တွင် ကျိန်းစက်နေတော်မူ၏။သူတို့သည်လည်း ကိုယ်တော့်ကို နှိုးကြ၍ ဆရာသခင်၊တပည့်တော်တို့ပျက်စီးခြင်းသို့ရောက်မည်ကို ဂရုပြုတော်မမူပါသလောဟုလျှောက်ကြ၏။ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုကြိမ်းမောင်းကာ ပင်လယ်ပြင်အား ငြိမ်သက်လော့ဟု အမိန့်ပေးတော်မူလျှင် လေမုန်တိုင်းရပ်စဲပြီး ပင်လယ်ပြင်သည်လည်း လွန်စွာငြိမ်သက်သွားလေ၏။ကိုယ်တော်က သင်တို့သည် အဘယ်ကြောင့်ကြောက်ရွံ့ကြသနည်း။သင်တို့၌ယုံကြည်ခြင်းမရှိသလောဟု သူတို့အား မေးတော်မူ၏။ထိုအခါ သူတို့သည် အံ့ဩတုန်လှုပ်ကြလျက် ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့သည်ပင် သူ၏အမိန့်ကို နာခံကြရပါသည်တကားဟုအချင်းချင်းပြောဆိုကြလေ၏။”ကျွန်ုပ်တို့သည် ပင်ပန်းမှုအထွေထွေ၊ ရက်စက်ကြမ်းကြုတ်မှုအထွေထွေနှင့်ဘေးအန္တာရာယ်များလှသော ဝန်းကျင်မှ ခဏတာစွန့်ခွာရမည်ဟူသောအထင်ဖြင့် တစ်ဖက်ကမ်းသို့ရောက်နေကြရပါသည်။ ယခင်ကမရှိဖူးသော စည်းလုံးခြင်းနှင့် အချင်းချင်းဖေးမကူညီခြင်းနှင့်အတူ ဘုရားရှင်ကိုယုံကြည်အားကိုးမှီတွယ်ခြင်းသည် ဆထက်တိုး၍ လာကြပါသည်။လူသားမဆန်၊လူသားမဟုတ်သောလူသားများ၏ မနာလိုဝန်တိုမှု၌ မစားရသည့်အမဲ သဲနှင့်ပက်ခံ နေရသည့်ပမာသေမင်းတမန်ပစ္စည်းများဖြင့် ဝေဟင်မှလည်းကောင်း၊အဝေးမှလှမ်းထုခြင်းဖြင့်လည်းကောင်း ခြိမ်းခြောက်ခံနေကြရပါသည်။သေခြင်း၏အရိပ်အောက်တွင် ကြောက်ရွံ့တုန်လှုပ်ခြင်းများဖြင့်"ဘုရားရှင်ဘယ်မှာလဲ၊ ခုလိုဖြစ်နေတာ မတွေ့ဘူးလား၊ကျွန်ုပ်တို့ကိုမကယ်ဘူးလား"ဟူ၍ တွေးတောပြောဆိုမိခြင်းများ ရှိတတ်ကြပေသည်။ ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ခရစ်တော်သခင်နှင့်အတူ တစ်ဖက်ကမ်းသို့ ကူးကြသော တပည့်တော်ကြီးတို့သည် လေမုန်တိုင်းကြီးအလယ် လူးလွန့်ခတ်လျက် ကြောက်ရွံခြင်းဖြင့်အော်ဟစ်ကာ ကျိန်းစက်နေသောကိုယ်တော်ကိုနိုး၍ ပျက်စီးခြင်းသို့ရောက်နေသော ကျွန်ုပ်တို့ကို ဂရုမပြုသလောဟူ၍ ပြောဆိုသည့်အကြောင်း နှုတ်မြွက်ထားပါသည်။ဤလောကမြေကမ္ဘာတွင်နေထိုင်ကြသော ကျွန်ုပ်တို့သည် မည်သည့် နေရာသို့ရောက်နေသည်ဖြစ်ပါစေ ကြမ်းတမ်းခြင်းများနှင့် ခက်ခဲခြင်းများကား ကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာမည် တည်ရှိ‌နေမည်သာဖြစ်သည်။ထိုနည်းအတူ ဧမာနုအဲလ်ဘုရားရှင်သည်လည်း ကျွန်ုပ်တို့နှင့်အတူ အစဉ်ရှိနေမည် ဖြစ်သည်။ ထိတ်လန့်ကြောက်ရွံမှုများအကြား၊မလုံခြုံသည့်အိပ်ရာ၌ အေးစက်သည့်ရာသီဥတု၏ရက်စက်မှုများအကြား အိပ်ပျော်နေဟန်ရှိသော ကိုယ်တော်ရှင်ကိုအော်ဟစ်လျက်နိုးကြပါစို။သင်တို့သည် အဘယ်ကြောင့်ကြောက်ရွံ့ကြသနည်း။သင်တို့၌ယုံကြည်ခြင်းမရှိသလောဟု ကျွန်ုပ်တို့အား ယနေ့ကိုယ်တော်မေးနေပါစေ ကယ်နှုတ်ခြင်းခံရရန်အတွက် ဆက်လက်ပြီးတောင်းဆုပြုကြပါစို့။

Daily Reflection