Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-29 06:29:24

ဇန်နဝါရီလ ၃၀ ရက်(တနင်္လာနေ့)
ရှင်မာကု ၅ : ၁ - ၂၀
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သူတို့သည် အိုင်တစ်ဖက်ကမ်းတွင်ရှိသော ဂျေရာဇင်နယ်သို့ရောက်ကြ၏။ကိုယ်တော်သည် လှေထဲမှတက်လာတော်မူသောအခါ ညစ်ညူးသောနတ်ဆိုးစီးခြင်းခံနေရသည့်လူတစ်ဦးသည် သင်္ချိုင်းဂူများကြားမှထွက်လာ၍ ကိုယ်တော်နှင့်တွေ့လေ၏။ထိုသူသည် သင်္ချိုင်းဂူများအကြားတွင်နေထိုင်၏။မည်သူမျှ သူ့ကို သံကြိုးနှင့်ပင် ချည်နှောင်၍ မထားနိုင်ကြချေ။ အကြောင်းမူကား သူ့ကိုခြေချင်းများ၊ သံကြိုးများဖြင့်အကြိမ်ကြိမ်ချည်နှောင်ကြသော်လည်း သူသည် သံကြိုးများကိုဖြတ်၍ သံခြေချင်းများကို အပိုင်းပိုင်းကျိုးပဲ့စေသောကြောင့်မည်သူမျှသူ့ကိုထိန်းချုပ်နိုင်စွမ်းမရှိကြချေ။သူသည် သင်္ချိုင်းဂူများ အကြားနှင့် တောင်ကုန်းများပေါ်တွင် နေ့ညမပြတ်အော်ဟစ်နေလျက် ကျောက်တုံးများဖြင့် မိမိကိုယ်ကိုအနာတရဖြစ်စေ၏။သူသည် ယေဇူးကို အဝေးမှမြင်သောအခါ ပြေးသွားပြီးလျှင် ရှေ့တော်၌ ပျပ်ဝပ်လျက်၊အမြင့်ဆုံးသောဘုရားသခင်၏ သားတော်ယေဇူး၊ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့ပြုပါမည်နည်း။အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူပါရန် ဘုရားသခင်၏နာမတော်ကို အမှီပြု၍ အသနားခံပါသည်ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်တောင်းလျှောက်လေ၏။ အကြောင်းမူကား ကိုယ်တော်က အသင်ညစ်ညူးသောနတ်ဆိုး၊ ဤသူ့ထံမှထွက်ခွာလော့ဟု သူ့အားအမိန့်ပေးတော်မူ သောကြောင့်တည်း။ကိုယ်တော်ကလည်း သင်၏အမည်ကားမည်သူဖြစ်သနည်းဟု သူ့ကိုမေးတော်မူလျှင် သူကအကျွန်ုပ်၏အမည်မှာ လေဂျင်ဖြစ်ပါ၏။ အကြောင်းမူကား အကျွန်ုပ်တို့သည်အရေအတွက်များသောကြောင့်ဖြစ်ပါသည်ဟု ဖြေလေ၏။ထို့နောက် သူသည် မိမိတို့ကို ဤဒေသမှနှင် ထုတ်တော်မမူမည့်အကြောင်း ကိုယ်တော်အားအတန်တန်တောင်းပန်လေ၏။ထိုအချိန်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ကုန်းပေါ်တွင် အစာစားလျက်ရှိ၏။ထိုအခါသူတို့က အကျွန်ုပ်တို့ကို ဝက်များထံသို့ စေလွှတ်တော်မူပါ။ ၎င်းတို့ထဲသို့ အကျွန်ုပ်တို့ဝင်ပါရစေဟုတောင်းပန်ကြ၏။ထို့ကြောင့်ကိုယ်တော်သည်လည်း သူတို့ကို ခွင့်ပြုတော်မူလေ၏။ထိုအခါ ညစ်ညူးသောနတ်ဆိုးတို့သည်ထွက်လာကြ၍ ဝက်များထဲသို့ဝင်သဖြင့်အကောင်ရေနှစ်ထောင်ခန့်ရှိသောဝက်အုပ်ကြီးသည် မတ်စောက်သောကမ်းပါးအတိုင်း ပင်လယ်အတွင်းသို့ တစ်ဟုန်ထိုးပြေးဆင်းလျက်ပင်လယ်တွင်နစ်မြုပ်သေဆုံးကြကုန်၏။ဝက်ကျောင်းသောသူတို့သည်လည်း ထွက်ပြေးသွားကြ၍ ဤအကြောင်းကို မြို့တွင်းနှင့်ပတ်ဝန်းကျင်အရပ်ဒေသတို့တွင် ပြောကြားကြသဖြင့်လူတို့သည်ဖြစ်ပျက်သမျှတို့ကိုသိမြင်ခြင်းငှာလာကြ၏။သူတို့သည် ယေဇူးထံတော်သို့ရောက်လာကြသောအခါ နတ်ဆိုးများစွာစီးခြင်းခံရသူသည် အဝတ်ကိုဝတ်လျက် ပုံမှန်စိတ်ဖြင့်ထိုင်လျက်ရှိသည်ကိုတွေ့မြင်ကြသဖြင့်သည် ကိုယ်တော့်ကို မိမိတို့၏ဒေသမှ ထွက်ခွာသွားပါမည့်အကြောင်းတောင်းပန် ကြလေ၏။ကိုယ်တော်သည်လည်း လှေပေါ်သို့တက်တော်မူစဉ် နတ်ဆိုးစီးခြင်းခံခဲ့ရသူက ကိုယ်တေကြောက်ရွံ့ကြလေ၏။ထိုဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သောသူတို့က နတ်ဆိုးစီးခံရသောသူနှင့် ဝက်များ၌ဖြစ်ပျက်ခဲ့သောအကြောင်းအရာတို့ကို သူတို့အားပြောပြကြ၏။ထို့ကြောင့် သူတို့ာ်နှင့်လိုက်ပါခွင့်ပြု ပါမည့် အကြောင်း တောင်းပန်လေ၏။ သို့သော် ကိုယ်တော်သည် ခွင့်ပြုတော်မမူဘဲ သူ့အားသင်၏အိမ်နှင့် ဆွေမျိုးသားချင်းတို့ထံသို့သွား၍ ဘုရားသခင်သည် သင့်အတွက် မည်ကဲ့သို့ပြုတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် သင့်အပေါ် မည်ကဲ့သို့ ကရုဏာထားတော်မူကြောင်းကိုလည်းကောင်း သူတို့အား ပြောကြားလော့ဟုမိန့်တော်မူလေ၏။ထိုသူသည်လည်း ထွက်သွားပြီးလျှင် ယေဇူးသည် မိမိ၌ မည်မျှကျေးဇူးပြုတော်မူ ကြောင်းကို ဒေကာပိုလစ်နယ်တွင် စတင်ကြေညာပြောဆိုသဖြင့် လူအပေါင်းတို့သည်လည်း အံ့ဩကြလေ၏။”ယနေ့ကြားနာရသော အသက်ပေးသည့်နှုတ်တော်ထွက်စကားတွင် များစွာသောနတ်ဆိုးစီးခြင်းခံရသောသူသည် လူသူကင်းဝေးရာအရပ်တွင်သာနေထိုင်သည်။ခရစ်တော်သခင်ကိုမြင်သောအခါ အပြေးလာ၍ရှေ့တော်၌ပျပ်ဝပ်သည်။ ခရစ်တော်၏တတ်စွမ်းနိုင်ခြင်းကိုသိမှတ်ဝန်ခံသည်။ သခင်ကိုယ်တိုင် နှင်ထုတ်စရာမလိုဘဲ အလိုက်တသိနှင့် ဝက်အုပ်ထဲသို့သွားခွင့်ပြုမည့်အကြောင်းခွင့်ပန်သည်။ယနေ့ကျွန်ုပ်တို့အလယ်တွင်ရှိသောနတ်ဆိုးသည် လူအုပ်ထဲသို့ရောက်ရှိနေပြီးဖြစ်သည်။ဝက်အုပ်သည် ပင်လယ်ထဲသို့ခုန်ဆင်း၍ သေကြေပျက်စီးကြရသကဲ့သို့ ကျွန်ုပ်တို့ထံသို့ ရောက်နှင့်သော နတ်ဆိုးကြောင့် ပျက်စီးခြင်းအလုံးစုံနှင့် လုံထွေးနေရရ၍ ဒေါသ မောဟမျက်ရည်များကို စားသောက်နေကြရပါသည်။ လူ့ခန္ဓာကိုရရှိပိုင်ဆိုင်ခွင့်ရခြင်းကြောင့်ရက်စက်ကြမ်းကြုတ်မှုအပေါင်း၏ သရဖူကိုဆောင်းကာ ကျွန်ုပ်တို့ကို ပြုချင်တိုင်းပြုခွင့်ရသော မျက်မှောက်အချိန်ကာလအတွက် ကျွန်ုပ်တို့မည်သို့တောင့်ခံနိုင်ပါမည်နည်း။ခရစ်တော်သခင်သည် ဒေသစာရီလှည့်လည်သောအခါ နေရာဒေသမရွေး ခရီးပြုသကဲ့သို့ ချောင်ကြိုချောင်ကြားတွင် ရှောင်ပုန်းပြေးခိုနေသောကျွန်ုပ်တို့ထံသို့ဖြစ်စေ၊နေရပ်တွင်ရှိနေရသော်လည်းကြောက်ရွံ့မှု နှင့်အဖေါ်ပြုနေရသောကျွန်ုပ်တို့ထံသို့ဖြစ်စေ နည်းအမျိုးမျိုးဖြင့် ကြွရောက်လာနေပါသည်။မကောင်းဆိုးဝါးစီးခြင်း မည်မျှပင်ခံနေရသည်ဖြစ်စေ ဘုရားရှင်၏ပုံရိပ်ဖြစ်သော လူသားသည် ဖန်ဆင်းရှင်ကိုတောင့်တစမြဲဖြစ်ရာ နတ်ဆိုးစီးခြင်းမှလွှတ်မြောက်ရန် ရှိသည့်အားနှင့် ဘုရားရှေ့တော်မှောက်အရောက်သွားပြီး ကုသခြင်းခံယူခဲ့ပါသည်။ယနေ့ မကောင်းမိစ္ဆာ၏ကြီးစိုးမှုအောက်ဝယ်လွှတ်မြောက်လိုသောစိတ်စွမ်းအားနှင့် ကြီးမားသောယုံကြည်ခြင်းဖြင့်ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသောဘုရားရှင်ရှေ့မှောက်အရောက်ခစားတောင်းဆုပြုကြပါစို့။အိုသခင် ကျွန်ုပ်တို့ကိုကယ်တော်မူပါ။ 

Daily Reflection