Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-10-31 05:06:52
#1st November 2020 Daily Reflection
#ရဟန္တာအပေါင်းပွဲနေ့ကြီး နိုဝင်ဘာလ (၁)ရက်၊ ၂၀၂၀ ခုနှစ်
#(နေ့စဉ်ထောက်ရှုချက်များ) (မာတေဦး ၅း ၁-၁၂)
#စစ္စတာရ် လူစီဇာခြည်ဦး (SPS)
Posted by M. Su Latt Htwe
ယနေ့ ကက်သလစ်အသင်းတော်ကြီးသည် ရဟန္တာသူ‌တော်သူမြတ်အ‌ပေါင်း၏ ပွဲ့နေ့ကို ကျင်းပကြပါသည်။ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများ ဖြစ်ကြသော ဤရဟန္တာသူတော်သူမြတ် ဓမ္မအာဇာနည်အားလုံးတို့အား အမိကက်သလစ်အသင်းတော်ကြီးမှ စံနမူနာ ပြုထိုက်သူများအဖြစ် ရွေးကောက်ခဲ့ပေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့အားလုံးသည် ကျွန်ုပ်တို့ကဲ့သို့ အပြစ်နှင့်မကင်းသည့် လူသားများ ဖြစ်သော်ငြားလည်း သူတို့၏ ဒုက္ခဆင်းရဲခြင်းများ၊ အားငယ်မူ့များ၊ ဝမ်းနည်းကြေကွဲခြင်းများ၊ ပျော်ရွှင်ခြင်းများဖြင့် ခရစ်တော်သခင်အား ဘဝအသက်ရှင်စဉ်အခါ၌ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြင့် ဘဝဆက်ကပ်၊ အစေခံ ချီးမွမ်းခဲ့ကြသူများ ဖြစ်သည်။
ဤပွဲနေ့မြတ်၌ အမိကက်သလစ်အသင်းတော်ကြီးသည် ဝိညာဉ်အစာ အဟာရအဖြစ် သံမာတေဦး အခန်းကြီး ၅၊ ငယ် ၁မှ၁၂ အားဖြင့် သားသမီးအပေါင်းတို့အား အလင်းပြ ကျွေးမွေး၊ ခွန်အားပေးတော်မူ၍ ရဟန္တာ သူတော်သူမြတ်တို့ကဲ့သို့ ထာဝရသုခချမ်းသာ အမွေတော်ကို ဆက်လက်ခံစားနိုင်ရန် ပေးသနား တော်မူသည်။
သံမာတေဦး အခန်းကြီး ၅၊ ငယ် ၁မှ၁၂ ၌ သခင်ခရစ်တော်သည် မင်္ဂလာတရားတော်အားဖြင့် ခမည်းတော်ဘုရား၏ ပုံသဏ္ဌာန်တော်ကို ဖော်ကျူးပေးနေပါသည်။
ခမည်းတော်ဘုရားသည် နှစ်သိမ့်မှုပေးသောသူ၊ ဆာလောင်မှုများကို ပြည့်ဝပေးစေသူ၊ သနားဂရုဏာတော်နှင့် ပြည့်၀သောသူ ဖြစ်တော်မူ၍ သားသမီးတို့အား စစ်မှန်သော ပျော်ရွှင်ခြင်းကို ပေးနိုင်တော်မူသော ဘုရားရှင် ဖြစ်တော်မူ၏၊ ဤစစ်မှန်သော ပျော်ရွှင်ခြင်းကို ခမည်းတော်ဘုရားနှင့် ပေါင်းစပ်ဆက်သွယ်နိုင်မှသာလျှင် တွေ့ကြုံ စံစားနိုင်မည် ဖြစ်ပေသည်။
အတွင်းစိတ်၌ ဆင်းရဲသောသူများ၊ ဝမ်းနည်းငိုကြွေးနေသုများ၊ စိတ်နှလုံး နူးညံ့သိမ်မွေ့သောသူများ၊ ဖြောင့်မတ်ခြင်းတရားကို ဆားမွတ်တောင်တကြသူများ၊ သနားကြင်နာတတ်သောသူများ၊ စိတ်နှလုံး ရိုသားဖြူစင်သူများ၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သောသူများ၊ ဖြောင့်မတ်ခြင်းတရားအတွက် ညဉ်းပန်းနှိပ်စက်ခြင်းကို ခံရသောသူများ အားလုံးတို့သည် ခရစ်တော်သခင်နှင့်အတူ ခရစ်တော်သခင်အားဖြင့် ခရစ်တော်သခင်၌ ချစ်ခြင်းမီးလျှံ ထွန်းလင်းပေးပါသော ဝိညာဉ်တော်၏ ကျေးဇူးတော်အားဖြင့် ခမည်းတော် ဘုရားနှင့် တစ်လုံးတစ်ဝတည်း ပေါင်းစပ်နိုင်လျှင် ကျွန်ုပ်တို့၏ ဘ၀အသက်တာ၌ ဘုရားရှင် ဂတိထားတော်မူသော ပျော်ရွှင်ဝမ်းမြောက်ခြင်းနှင့် ထာဝရသုခ ကောင်းကင်နိုင်ငံတော် ဆုလာဘ်ကြီးအား မလွှဲဧကန်မုချ ခံစားနိုင်မည်မှာ အမှန်ပင်ဖြစ်လေသည်။
ယနေ့ ရဟန္တာ သူတော်သူမြတ် ဓမ္မအာဇာနည်များ၏ပွဲနေ့၌ ၎င်းတို့၏ ကြားဝင်တောင်းလျှောက်ခြင်းအားဖြင့် ကမ္ဘာပေါ်ရှိ ဘုရားရှင်၏ ချစ်သားသမီးတစ်ဦးစီတိုင်း၏ နှလုံးသားထဲ၌ စစ်မှန်သော ပျော်ရွှင်ဝမ်းမြောက်ခြင်း ၊ ငြိမ်းသက်ခြင်း၊ ချစ်ခြင်းမေတ္တာတရား. စိုးမိုးပါစေမည့်အကြောင်း ဆုတောင်းကြပါစို့ ။
ဂရုဏာမေတ္တာတော်ရှင် ထာ၀ရဘုရားရှင်၏ ဘုန်းတော်၊ ဂုဏ်တော်အား ကမ္ဘာဆက်ဆက် ချီးမွမ်းထောပနာ ရှိပါစေ။ အာမင်။
#စစ္စတာရ် လူစီဇာခြည်ဦး (SPS)
Daily Reflection