Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-30 06:35:37

ဇန်နဝါရီလ ၃၁ ရက်(အင်္ဂါနေ့)
ရှင်မာကု ၅ : ၂၁ - ၄၃
Sr.Theresa Myint Myint Naing(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယေဇူးသည်လည်း တစ်ဖက်ကမ်းသို့ လှေဖြင့်တစ်ဖန်ကူးတော်မူသောအခါများစွာသောလူအစုအဝေးတို့သည် အထံတော်သို့စုရုံးလာကြ၏။ကိုယ်တော်သည်ပင်လယ်ကမ်းနား၌ရှိတော်မူ၏။ထိုအချိန်တွင် ဂျိုင်ရုအမည်ရှိသောတရားဇရပ်မှူးတစ်ဦးသည် အထံတော်သို့ရောက်လာ၏။သူသည် ကိုယ်တော့်ကိုမြင်သောအခါ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊အကျွန်ုပ်၏သမီးငယ်သည် သေလုနီးပါးဖြစ်နေပါသည်။ကိုယ်တော်ကြွလာတော်မူ၍သူမအပေါ်၌ လက်တော်ကိုတင်တော်မူလျှင်သူမသည် ကျန်းမာလာ၍ အသက်ရှင်ပါလိမ့်မည်ဟု အသနားခံလျှောက်ထားလေ၏။ထိုအခါ ကိုယ်တော်သည် သူနှင့်အတူလိုက်သွားတော်မူ၏။များစွာသောလူအစုအဝေးသည်လည်း ကိုယ်တော်၏ နောက်တော်သို့လိုက်ကြသဖြင့်ကိုယ်တော်၏အနီးတွင် ပြည့်ကျပ်လျက်တိုးဝှေ့နေကြ၏။ထိုအရပ်၌တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲကပ်နေသောအမျိုးသမီးတစ်ဦးရှိ၏။သူမသည် များစွာသောဆေးဆရာတို့၏ ကုသမှုကိုခံယူခဲ့ပြီး မိမိ၌ရှိသမျှသောဥစ္စာပစ္စည်းများ ကုန်ဆုံးသွားခဲ့သော်လည်း သက်သာရာမရသည့်အပြင် ဝေဒနာသည်ပို၍ဆိုးရွားလာခဲ့၏။သူမသည် ယေဇူး၏ အကြောင်းကိုကြားသိခဲ့ရပြီး ကိုယ်တော်၏နောက်တော်မှ လူအစုအဝေးထဲသို့ဝင်၍ ကိုယ်တော်၏ဝတ်ရုံတော်ကိုတို့လေ၏။အကြောင်းမူကား သူမကငါသည်ကိုယ်တော်၏ဝတ်ရုံတော်ကိုသာတို့ထိရပါလျှင် ရောဂါပျောက်ကင်း လိမ့်မည်ဟုမိမိစိတ်ထဲတွင် တွေးမိသောကြောင့်ဖြစ်၏။ထိုခဏချင်းတွင်ပင် သူမ၏သွေးသွန်ခြင်းသည် ရပ်ဆိုင်းသွား၍ သူမ၏ခန္ဓာကိုယ်၌ ဝေဒနာပျောက်ကင်းသွားသည်ကို ခံစားရလေ၏။ထိုအခါ ယေဇူးသည် မိမိထံမှ တန်ခိုးတော်ထွက်သွားသည်ကိုသိတော်မူ၍ လူအစုအဝေးတို့ဘက်သို့ချက်ချင်း လှည့်တော်မူပြီးမှ ငါ၏ဝတ်ရုံကို မည်သူတို့ထိသနည်းဟုမေးတော်မူ၏။ကိုယ်တော်၏တပည့်တော်တို့ကလည်း လူအစုအဝေးသည် ကိုယ်တော်အား ဝိုင်းရံတိုးဝှေ့နေသည်ကိုသိလျက်နှင့် ငါ့ကိုမည် သူတို့ထိသနည်းဟုမေးတော်မူသလောဟု လျှောက်ထားကြ၏။သို့သော် ကိုယ်တော်သည် မိမိကို မည်သူတို့ထိခဲ့ကြောင်းသိရန် ပတ်လည်သို့လှည့်ကြည့် တော်မူ၏။ထိုအမျိုးသမီးမူကား မိမိ၌ဖြစ်ပျက်သမျှကိုသိသောကြောင့် ကြောက်ရွံ့တုန်လှုပ်စွာ ချဉ်းကပ်၍ ခြေတော်ရင်းတွင်ပျပ်ဝပ် လျက် ဖြစ်ရပ်မှန်ကို အကုန်အစင် လျှောက်ထားလေ၏။ ထိုအခါ ကိုယ်တော်ကလည်း သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်သက်ခြင်းဖြင့်သွားလော့။သင်၏ရောဂါပျောက်ကင်းစေဟုသူမအား မိန့်တော်မူ၏။ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ်တွင် တရားဇရပ်မှူး၏အိမ်မှလူအချို့ရောက်လာကြ၍ သင်၏သမီးသေလေပြီ။အဘယ်ကြောင့် ဆရာသခင်ကို ထပ်မံ၍ဒုက္ခပေးမည်နည်းဟုဆိုကြ၏။ယေဇူးမူကားသူတို့ပြောသောစကားကို လျစ်လျူရှုလျက် စိုးရိမ်ခြင်းမရှိလေနှင့်၊ ယုံကြည်ခြင်းသာရှိလော့ဟု တရားဇရပ်မှူးအား မိန့်တော်မူ၏။ထို့နောက် ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်တို့မှတစ်ပါး မည်သူ့ကိုမျှမိမိနှင့်အတူလိုက်ခွင့်ပြုတော်မမူ။သူတို့သည် တရားဇရပ်မှူး၏အိမ်သို့ရောက်ကြသောအခါလူတို့သည် အုတ်အုတ် ကျက်ကျက်ဖြစ်လျက် ကျယ်လောင်စွာ ငိုကြွေးမြည်တမ်းနေကြသည်ကို ကိုယ်တော်မြင်တော်မူ၏။ကိုယ်တော်သည်လည်း အိမ်ထဲသို့ဝင်တော်မူ၍ သင်တို့သည် အဘယ်ကြောင့် အုတ်အုတ်ကျက်ကျက်ဖြစ်လျက် ငိုကြွေးနေကြသနည်း။ သူငယ်မ သေသည်မဟုတ်။ အိပ်ပျော်လျက်သာရှိသည်ဟု သူတို့အား မိန့်တော်မူ၏။ထိုအခါသူတို့သည် ကိုယ်တော့်ကိုလှောင်ပြောင်ရယ်မောကြ၏။သို့သော် ကိုယ်တော်သည် ထိုသူအားလုံးတို့ကို အပြင်သို့ထွက်စေပြီးမှ မိမိနှင့်အတူပါလာသောသူတို့နှင့်သူငယ်မ၏ မိဘတို့ကို ခေါ်တော်မူ၍ သူငယ်မ ရှိသောအခန်းထဲသို့ဝင်တော် မူ၏။ထို့နောက် ကိုယ်တော်သည် သူငယ်မ၏လက်ကို ဆုပ်ကိုင်လျက် တာလိသာကွမ်ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်ကား သူငယ်မ၊သင့်အား ငါအမိန့် ရှိသည်၊ ထလော့ဟု ဆိုလိုသတည်း။ထိုခဏချင်းတွင်ပင်သူငယ်မသည်ထ၍ လမ်းလျှောက်လေ၏။ အဘယ်ကြောင့်ဆိုသော်သူမသည် အသက်တစ်ဆယ့်နှစ်နှစ်ရှိပြီဖြစ်၏။သူတို့သည်လည်း အလွန်အံ့ဩကြ၏။ထိုအခါ ကိုယ်တော်သည် ဤဖြစ်ရပ်ကို မည်သူမျှမသိစေရန် သူတို့အား ကြပ်တည်းစွာတားမြစ်တော်မူ၍ သူငယ်မအား စားစရာတစ်စုံတစ်ခုပေးရန် မိန့်တော်မူ၏။”အမှောင်အရပ်မှ အုပ်စိုးသူအရာရှိများ၊ လူမဆန်သောလူများ၊အတ္တကိုဦးတင်ထားသူများအလယ် မျက်နှာငယ်လူငမွဲများအနေဖြင့် အသက်ရှူခြင်းကြောင့်သာ ရှင်သန်နေကြရရာ နေ့ရက်တာများသည်ခါးသီးနာကျင်ဖွယ်ကောင်းလှပေသည်။ခြိမ်းခြောက်သတ်ဖြတ်လိုသော ဆန္ဒနှင့် သွေးပျက်စေနိုင်သောအရာများဖြင့် ‌မလုံခြုံမှုများအကြားကြုံတွေ့ရင်ဆိုင်နေရသောကျွန်ုပ်တို့အနေဖြင့်အချိန်တိုင်းသည် ထိတ်လန့်စိတ်ပျက်ဖွယ်ရာများနှင့်ပြည့်နှက်နေပေသည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် တရားဇရပ်မှူး၏အိမ်မှလူအချို့ရောက်လာကြ၍ သင်၏သမီးသေလေပြီ။အဘယ်ကြောင့် ဆရာသခင်ကို ထပ်မံ၍ ဒုက္ခပေးမည်နည်းဟု ဆိုရာတွင်ယေဇူးခရစ်တော်သခင်မှ သူတို့ပြောသောစကားကို လျစ်လျူရှုလျက် တရားဇရပ်မှူးအားစိုးရိမ်ခြင်းမရှိရန်နှင့်၊ယုံကြည်ခြင်းသာရှိရန် မိန့်တော်မူကြောင်းနှုတ်မြွက်ထားပါသည်။သမီးငယ်အတွက်သောကရောက်နေသူတရားဇရပ်မှူးအနေဖြင့်သူမ၏သေဆုံးခြင်းသတင်းကိုကြားသိရသောအခါ ပြိုကွဲနှလုံးသားနှင့်ဆောက်တည်ရာမရဖြစ်နေပေလိမ့်မည်။လူသားဘဝရှင်သန်ရာသမိုင်းတွင် ယနေ့ကြုံတွေ့ရင်ဆိုင်နေရသော ကျွန်ုပ်တို့ကဲ့သို ဆိုးဝါးသောအဖြစ်အပျက် အခြေအနေများရှိနိုင်ပါဦးမည်လော။ခရစ်တော်သခင်သည် တရားဇရပ်မှူးကို ယုံကြည်ခြင်းသာရှိရန် မိန့်တော်မူသကဲ့သို့ ညှဉ်းပမ်းနှိပ်စက်ခံရမှုအောက်တွင် ကယ်သူမဲ့နေသောကျွန်ုပ်တို့ကိုလည်း မိန့်တော်မူပါသည်။ဤအခက်အခဲ အကြပ်အတည်းများသည် ထိတ်လန့်သွေးပျက်စရာများဖြင့် ဒွန်တွဲ၍လာနေခြင်းသည် လူသားချင်းစာနာတတ်သောတရားနှင့် လူသားဆန်ခြင်းစိတ်ထားများ ပိုမိုပြည့်ဝစေရန်အတွက် ဖြစ်ကောင်းဖြစ်နေပေမည်။"စိုးရိမ်ခြင်းမရှိလေနှင့်၊ ယုံကြည်ခြင်းသာရှိလော့"အိုသခင် ကိုယ်တော့်ကိုယုံကြည်ပါ၏။

Daily Reflection