ဖေဖေါ််ါရီလ ၁.၂.၂၀၂၃ အင်္ဂါနေ့
ရှင်မာကု ၆:၁-၆
Sr.Christina Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကိုယ်တော်သည် ထိုအရပ်မှထွက်တော်မူ၍ မိမိ၏နေရင်းမြို့သို့ ကြွတော်မူ၏။တပည့်တော်တို့သည်လည်း ကိုယ်တော်၏နောက်တော်မှလိုက်ပါလာကြ၏။ဥပုသ်နေ့၌ ကိုယ်တော်သည်တရားဇရပ်တွင်သွန်သင်တော်မူ၍ များစွာသောသူတို့သည် ကိုယ်တော်၏ သွန်သင်ချက်ကိုကြားကြသောအခါ အလွန်အံ့ဩကြကုန်၏။သူတို့ကသူသည် ဤပညာအလုံးစုံကို အဘယ်ကရသနည်း။သူရရှိထားသောဉာဏ်ပညာမှာ မည်သည့်အရာဖြစ်သနည်း။သူ၏လက်ဖြင့်ပြုသောအံ့ဖွယ်အမှုများကားအဘယ်သို့နည်း။သူသည်မာရိယာ၏သားဖြစ်၍ ယာကုပ်၊ဂျိုးဇက်၊ဂျုဒနင့်စီမွန်တို့၏အစ်ကိုလက်သမား မဟုတ်လော။သူ၏နှမများ သည်လည်းဤအရပ်တွင်ငါတို့ နှင့်အတူရှိကြသည်မဟုတ်လောဟုဆိုကြ၍ ကိုယ်တော်ကိုလက်မခံကြချေ။ထိုအခါယေဇူးကပရောဖက်သည် မိမိမြို့၊ မိမိအိမ်နှင့် မိမိဆွေမျိုးရှိရာအရပ်မှတစ်ပါး အခြားသော အရပ်၌ ဂုဏ်သရေမဲ့ သည်ဟူ၍ မရှိဟုသူတို့အား မိန့် တော်မူ၏။ ကိုယ်တော်သည် လည်းမကျန်းမာသောသူ အနည်းငယ်အပေါ် တွင်မိမိ၏ လက်တော်ကိုတင်၍ ကုသပျောက်ကင်းစေခြင်းမှတစ်ပါး ထိုအရပ်၌မည်သည့် တန်ခိုး လက္ခဏာကိုမျှပြ တော်မမူ။ကိုယ်တော်သည်ထိုသူတို့၏ယုံကြည်ခြင်း ကင်းမဲ့မှုကိုအံ့ဩ တော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် အနီးအနား၌ရှိသောရွာများတွင် လှည့်လည်၍ သွန်သင်တော်မူလေ၏။ထောက်ရူချက်“Rejection” ဆိုတဲ့ အပယ်ခံခြင်းတွင် သူစိမ်းငြင်းပယ်ခြင်းထက် လူရင်းကငြင်းပယ်ခြင်းက ပို၍ခံရခက်သည်။မိမိအရပ်ဒေသတွင် ငြင်းပယ်ခံရသောသခင်ယေဇူး၏တွတွန့်န်ချက်သည် တည်ငြိမ်လှပေသည်။ရောဖက်တွေဟာ သူ့အရပ်ဒေသမှာ ဩဇာမညောင်းဘူး ဟူ၍သာဆိုသည်။ယုံကြည်မူအားနည်းသူမိမိအရပ်သားကိုအံ့ဩစွာ ငေးမောရင်းလုပ်သင့်သည်သာလျင်လုပ်ပေးရင်းထွက်ခွါသွားသည်။“မသိသူကျော်သွား သိသူဖော်စား”သခင်ယေဇူးကိုသာမာန်မျက်လုံးထက်ကျော်လွန်၍ ယုံကြည်ခြင်းမျက်ဝန်းဖြင့် ရှူမြင်လက်ခံသူသာလျင် ကုသခြင်းခံရသည်။အခွင့်အရေးဟူသည် အထက်ကလာခြင်းမဟုတ် ဘေးပတ်ဝန်းကျင်တွင်ရှိသည်။ကောင်းကင်သုခဟူသည် နောင်ဘဝ၏အထက်ဘုံမှတည်းမဟုတ်ဤလောက ဤအရပ်ဒေသတွင်ရှိသည်။ပညာရှိတစ်ဦးဆိုခဲ့သည်မှာ သင့်ပတ်ဝန်းကျင်တွင်ရှိသောသူများကို“သင့်ညီအစ်ကို မောင်နှမကဲ့သို့မြင်နိုင်မှသာလျင်သင့်အတွက် အာရုံဦးရောက်လာသည်” ဟုဆို၏။ဒီနေ့ကျမ်းစာကိုခွန်အားယူလျက် ဘဝတွင် အပယ်ခံသောအခါတည်ငြိမ်စွာ လက်ခံတွန့်ပြန်နိုင်ရန်၊အရာရာကိုသာမာန်ထက်ကျော်လွန်သော ယုံကြည်ခြင်းမျက်ဝန်းဖြင့် နီးစပ်သူများအပေါ်ညီအစ်ကို မောင်နှမရင်းချာပမာ ဆက်ဆံနိုင်သော စိတ်ဝိညာဉ်ခွန်အားတောင်းလျှောက်လျက် ဤလောကနှင့်နောင်ဘဝ၏ ကောင်းကင်သုခကို ကြိုးစားတည်ဆောက်ကြစို့။