Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-01 07:08:47

၂.၂.၂၀၂၃ ကြာသပတေးနေ့
သူငယ်တော်ယဇူးကို ဗိမာန်တော်သို့ ဆက်ကပ်အပ်နှံခြင်းပွဲ။
ရှင်လုကာ ၂:၂၂-၂၃
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin New(ISR)

ယနေ့ဧဝံဂေလိကျမ်းကိုယေဘူယျအားဖြင့် အပိုင်းနှစ်ပိုင်း ခွဲခြမ်းထောက်ရူ့သည်။ပထမအပိုင်း ရှင်လုကာ ၂:၂၂-၂၃"ထို့နောက် မိုးဇက်၏ ပညတ်ဥပဒေနှင့်အညီသန့်ရှင်းစင်ကြယ်ခြင်း ဝိနည်းကိုပြုအပ်သော နေ့ရက်ရောက်လာသောအခါသူတို့သည်
သူငယ်တော်ကို ထာဝရဘုရားသခင်အား ဆက်ကပ်ပူဇော်ရန် ဂျေရုဆလင်မြို့သို့ခေါ်ဆောင်ခဲ့ကြ၏။ထာဝရ ဘုရားသခင်၏ ပညတ်တရားကျမ်းတွင် သားဦးဟူသမျှကိုထာဝရဘုရားသခင်အားဆက်ကပ်ပူဇော်ရမည်"ဟုဆို၏။"ရှေးထုံးလဲမပယ်စျေးသုံးလဲမကြွယ်"
ဆိုသည့်အတိုင်းဧကန်စင်စစ်သူငယ်တော်နှင့်မယ်တော်တို့သည် ဝိညာဥ်တန်ခိုးဖြင့်စင်ကြယ်ခြင်းပြည့်ဝသော်လည်း ထုံးစံကိုမပယ် ယုံကြည်ခြင်း၊နာခံခြင်းနှင့်ရိုးရှင်းစွာသူငယ်တော်ကိုအပ်နှံပူဇော်ရင်းမိသားစုဘဝကိုကျေးလက်ဇနပုပ်တခုတွင် တိတ်ဆိတ်စွာ သက်မွေးဝမ်းပြုကြသည်။ အညတရဘဝမှတောင်းဆုပြုမူ တို့သည် ခရစ်တော်သခင်၏
ကယ်တင်ခြင်းသမိုင်းအစပြုခြင်းဖြစ်လေတော့သည်။ဒုတိယအပိုင်း ရှင်လုကာ ၂:၃၀-၃၂"အကြောင်းမူကား အကျွန်ုပ်၏ မျက်စိများသည် ကိုယ်တော်၏ကယ်တင်ခြင်း ကိုဖူးမြင်ရလေပြီ။ထိုကယ်တင်ခြင်းကို လူမျိုးတကာတို့၏ ရှေ့မှောက်တွင်ပြင်ဆင်ထားပြီး၊၎င်းသည် လူမျိုးခြားတို့အား ဖော်ပြတော်မူသော အလင်းနှင့်ကိုယ်တော်၏ လူမျိုးဖြစ်သော အစ္စရာအဲလ်လူမျိုးတို့အတွက် ဂုဏ်ကျက်သရေဖြစ်ပေသည်ဟူ၍ မြွက်ဆိုလေ၏"ဟုဆို၏။ဤသည်ကား စီမေအွန်၏ချီးမွမ်းဂုဏ်ပြုသော နှုတ်တော်ထွက်ဖြစ်သည်။ ကျမ်းစာ၌ ဆက်လက်ဖော်ပြသည်မှာ မိခင်တစ်ဦးအနေနှင့်သားတော်ဝေဒနာကြောင့် နှလုံးသားကိုသံလျက်ဖြင့်ထိုးခြင်းပမာ နာကျင်ရမည်ကိုလည်းဆက်လက်ဖော်ပြသည်။ အဖြစ်နှင့်အပျက်၊ အဆိုးနှင့်အကောင်း၊ သာစရာနှင့်နာစရာတို့ကို
ကြားနာရပြီးနောက် မယ်တော်သည် ငြိမ်သက်စွာနှလုံး၌ပိုက်ထွေးလျက် ယုံကြည်ခြင်း၊မျော်လင့်ခြင်း၊ချစ်ခြင်းများစွာဖြင့် သူငယ်တော်ကိုကြီးထွားစေခဲ့သည်မှာ ခရစ်တော်၏ကယ်တင်ခြင်းသမိုင်းအစကို မယ်တော်ဖော်ကျူးပေးခြင်းဖြစ်သည်။တောင်းဆုပြုသည်မှာ
လောကဓံအနှိမ့်အမြင့်၊လှိုင်းဒဏ် လေဒဏ်အမျိုးမျိုးကြားတွင် ယုံကြည်ခြင်း၊မျော်လင့်ခြင်း၊ချစ်ခြင်းများစွာဖြင့် ခရစ်တော်၏ကယ်တင်ခြင်း ခရီးစဥ်ကိုပါဝင်လုပ်ဆောင်နိုင်ဖို့ ခွန်အားကျေးဇူးပေးတော်မူပါဘုရား။
Daily Reflection