Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-02 07:35:12

‌ဖေဖေါ်ဝါရီလ ၃ရက် ၂၀၂၃ သောကြာနေ့
ရှင်မာကု ၆:၁၄-၂၉
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ရှင်မာကု ၆:၂၀အကြောင်းမူကားယောဟန်သည်ဖြောင့်မတ်၍သန့်ရှင်းသောသူဖြစ်သည်ကိုဟေရုဒ်သိသဖြင့်သူ့ကိုကြောက်ရွံ့၍လုံခြုံစွာထိန်းသိမ်းထားလေ၏။ဟေရုဒ်သည်ယောဟန်၏စကားကိုကြားနာရသည့်အခါတိုင်း စိတ်ရှုတ်ထွေးသော်လည်း သူ့စကားကို လိုလိုလားလားနားထောင်လေ့ရှိ၏။"အမှန်တရားဟူသည်နားခါးသည်"။အမှန်ပြောရင် အသက်တိုသည်။ဟေရုဒ်မင်းသည်အာဏာရှိသော်လည်း အညတရ ဟောဟန်ပတ္တိစတားကိုကြောက်ခြင်းမှာလူပ္ပိုလ်ကိုကြောက်ခြင်းမဟုတ်အမှန်တရားကိုကြောက်ခြင်းဖြစ်သည်။လောကတွင် အဓ္ဓမသားတို့သည် ဓမ္မသားတို့ကို ကြောက်စမြဲပါ။ထိုကြောက်ခြင်းကိုဖုံးလွမ်းစေသောအလို့ငှာ ဓမ္မသားကိုလုံခြုံစွာထိန်းသိမ်းထားပေးသည်ဟူသော အငုံစိတ်၊သူရဲဘောကြောင်လုပ်ရပ်မှာ ကနဦးကတည်ခဲ့သည်ကိုယနေ့ကျမ်းစာတွင် သက်သေဖော်ဆောင်သည်။ဥပမာပေးသော်..တောင်ပေါ်တိုင်းရင်းသားတို့၏နာရေးတွင်ရရှိရင်ရှိသလို နွား၊ဝက်တို့သတ်လျက်ကျင်းပသည်။တနေ့နာရေးတခုတွင်လာရောက်ကူညီသောသူတယောက်ကမလင်းမမှောင်ထဲ့မှာအမဲခုတ်လိုက် ပလိုင်းထဲထည့်လိုက်၊အာလူးကောက်လိုက် ပလိုင်းထဲထည့်လိုက်နှင့်သန်ခေါင်ယံချိန်တွင်ပလိုင်းလွယ်၍အိမ်ပြေးပြန်တော့သည်။ လမ်းတဝက်ရောက်သော် မာသာဝိညာဥ်လိုက်လာပြီး ခြေဖနှောက်ကိုခဲနှင့်ပေါက်သည် အထင်နှင့်ပြေးလေတော့သည်။ပြေးလေ ပေါက်လေဖြစ်သည်။အိမ်ရောက်တော့ ပလိုင်းပေါက်တွင် အာလူးဖြုတ်ကျကုန်လေသတည်း။အပြစ်လုပ်သူတိုင်းအတွက် မောင်းထုတ်ဖို့ရာမလို ပြေးနေရသည်။အတွင်းစိတ်သည် အမြဲပင်အချုပ်အနှောင်ဖြစ်နေသည်။ယောဟန်ပတ္တိစတားသည်ရှေးပြေးအမှန်တရားလမ်းခင်းသူဖြစ်သည်။သူ၏တဝမ်းကွဲ ခရစ်တော်သည် အမှန်တရားလမ်းမဖြစ်သည်။ခရစ်တော်လျှောက်သောလမ်းကိုယုံကြည်ခြင်းအပြည့်ဖြစ်တို့တွေရွေးချယ်ကြသည်။ခရစ်တော်၏လမ်းပြမူနှင့်ဝိညာဉ်တော်၏အလင်း ပြမှုအောက်မှာ အသိတရားမှသည်အတွင်းစိတ်ထိလွတ်လပ်သန့်ရှင်းစေလျက်အမှန်တရားလက်ချင်းဆက်ကာဤလောက၌ ကောင်းမူသည်သာမကောင်းမှုကိုစိုးမိုးအောင်နိုင်သော ကျေးဇူးတော်ကောင်းကြီးမင်္ဂလာကိုတောင်းလျှောက်ကြပါစို့။

Daily Reflection