၄.၂.၂၀၂၃ စနေနေ့ ထောက်ရှုချက်
ရှင်မာကု ၆:၃၂-၃၄
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထို့ကြောင့်သူတို့သည်လူသူကင်းဝေးရာအရပ်သို့ လှေဖြင့်မိမိတို့ချည်းသာထွက်ခွာသွားကြ၏။သူတို့ထွက်ခွာသွားကြသည်ကိုလူအများမြင်ကြလျှင်သူတို့ဖြစ်မှန်းသိကြသဖြင့် မြို့ရွာရှိသမျှတို့မှလူတို့သည်ခြေကျင်ဖြင့် အလျင်အမြန်လိုက်ကြရာထိုနေရာသို့ သူတို့ထက် ဦးစွာရောက်နှင့်ကြလေ၏။ကိုယ်တော်သည် ကမ်းပေါ်သို့တက်သော အခါများစွာသောလူအစုအဝေးကိုမြင်သဖြင့် သူတို့အပေါ်၌ကရုဏာသက်တော်မူ၏။အကြောင်းမူကား သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ ဖြစ်နေကြသောကြောင့်တည်း။ကိုယ်တော်သည်လည်းသူတို့အားများစွာသော အကြောင်းအရာများကို စတင်သွန်သင်တော်မူ၏။လူတိုင်းစိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာဖူလုံမူ၊ဝိညာဉ်ရေးရာခွန်အားပြည့်ဝမှုကို လိုလားတောင်းတကြသည်။ထိုတောင်းတမှုများအတွကကြိုးစားရှာဖွေလုပ်ဆောင်မှုတော့ရှိရသည်။ ယနေ့ မိမိတို့၏ တောင့်တမှု တစုံတရာကိုခွန်အားဖြစ်စေမည် ဟူသော ယုံကြည်မူ၊ မျှော်လင့်ချက်ဖြင့် ခရစ်တော်နောက်ကိုသည်းကြီးမည်းကြီးလိုက်လာသောလူအုပ်ကို ခရစ်တော်က ဗလာမပါ နှလုံးသားအဟာရကိုအားဖြည့်ပေးစေခဲ့သည်။လူအုပ်ကိုမြင်၍ကရုဏာသက်သော ခရစ်တော်အဖြစ်ကို သိုးထိန်းနှင့် သိုးစုပမာတင်စားသည်။ထိုကရုဏာစိတ်သည်ခရစ်တော်နှင့်လူအုပ်ကို ထပ်တူကျစေသော ပေါင်းကူးဓာတ်ခံဖြစ်သည်။အနီးစပ်ဆုံးတွေးလျင် အကြင်နာမပါ၊ ကရုဏာကင်းသော မိဘ၊ခေါင်းဆောင်၏ အုပ်ထိန်းမှုအောက်ရှိ သားသမီး၊ငယ်သားများအဖို့လွန်စွာ အန္တရာယ်များ လှသည်။အထူးသဖြင့် ခုလိုလမ်းပျောက်လူငယ်များကို ကရုဏာပွါးလျက် သူတို့လေးတွေ၏အားကိုးထိုက်သော၊အားယူထိုက်သော၊စံပြုထိုက်သောမိဘများ၊ ခေါင်းဆောင်များဖြစ်စေရန် လိုအပ်သော ဆုကျေးဇူးများကို ခရစ်တော်ရှင် ထံတောင်းလျှောက်ကြပါစို့။