Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-04 07:39:29

၅.၂.၂၀၂၃ ပဥ္စမအကြိမ်မြောက် သာမန်တနင်္ဂနွေနေ့
ကျမ်းစာထောက်ရှုချက် (Mt.5:13-16)
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သင်တို့သည် လောက၏ ဆားဖြစ်ကြ၏။ဆားမူကား ၎င်း၏အရသာကင်းမဲ့ခဲ့လျှင်ထိုအငံဓာတ်ကိုမည်ကဲ့သို့ပြန်လည် ရရှိနိုင်မည်နည်း။၎င်းသည်မည်သို့မျှ အသုံးမဝင်တော့ဘဲအပြင်သို့ ပစ်လိုက်၍ လူတို့နင်းခြေခြင်းခံရရုံသာ ရှိပေတော့မည်။သင်တို့သည် လောက၏ အလင်းဖြစ်ကြ၏။တောင်ပေါ်တွင် ထားသောမြို့ကိုဝှက်ကွယ်ထား၍ မရနိုင်။မည်သူကမျှဆီမီးကိုထွန်း၍တောင်းဇလားအောက်၌ ထားလေ့မရှိ။၎င်းကိုဆီမီးခုံပေါ်၌သာတင်ကြသဖြင့်၎င်းသည် အိမ်သူအိမ်သား အားလုံးကိုအလင်းပေးလေ၏။ဤနည်းတူပင်လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကို မြင်ကြ၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာသင်တို့၏အလင်းကို လူတို့ရှေ့တွင်ထွန်းလင်းစေကြလော့။ရှင်မာသေဦး ၅:၁၃-၁၆ ထောက်ရူချက်-ဆားဟူသည် ပိုးမွားတို့ကို သန့်ရှင်းစင်ကြယ်သော ဓာတ်ခံရှိသည်။ဆားဟူသည် မပုတ်မသိုးအောင် ထိန်းထားနိုင်သောဓာတ်ခံရှိသည်။ဆားဟူသည်ဟင်း အရသာတို့ကို ကြွယ်ဝ​သည်။သို့သော်“အငံဓာတ်ကုန်ခန်းလျင်ပြင်သို့ပစ်ထုတ်၍ခြေနှင်းကုန်၏”။Mt ၅:၁၃အလင်းဟူသည် အမှောင်ကိုခွင်းသည်။အတွင်းပိုင်းက အနူစိတ်ဆန်သောအရာကို ပေါ်လွင်စေသည်။အလင်းဓာတ်ထုတ်ပေးသောဖယောင်းတိုင်ပင်လျင် အရည်ပျော်ခံ၊လောင်ကျွမ်းခံရင်းအကြွေးမဲကုန်ဆုံးရသည်။သို့သော်အလင်းတို့၏ ဖျာကျမူအောက်မှာလုပ်ရှားသွားလာခြင်း၊အသုံးပြုခြင်းမှအပ အလင်းဓာတ်ထုတ်ပေးသော ဖန်းချောင်း၊မီးသီးမျာကို မည်သူကမျှ စိုက်မကြည့်အား။သို့ဖြစ် ဆားနှင့်အလင်းပမာ အသက်ရှင်ခြင်းတွင်"Ego"ခေါ်“ငါ”ဆိုသောအတ္တကိုဘေးဖယ်ကာ"Eco"ဆိုသော လူသတ္တဝါ၊သဘာဝပတ်ဝန်ကျင်အားလုံးတို့နှင့် သဟဇတဖြစ်ခြင်း၊ကောင်းကျိုးပြုခြင်း၊ကရုဏာစိတ်ပွားခြင်း၊ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ပေးကမ်း မျှဝေခြင်း၊ကိုယ်ကျိုးစွန့်ခြင်း၊ပါဝင်ကူညီအားဖြင့် လုပ်ဆောင်ရာ၌ ဆားနှင့်ဖယောင်တိုင်ကဲ့သို့ပြီးပြည့်စုံစွာ ပေးဆပ်နိုင်ရန်ခရစ်တော်တဖန်ပြန်၍ဖိတ်ခေါ်ခြင်းဖြစ်သည်။သို့မှသာလျင် ပထမကျမ်းတွင်ဆိုထားသည့်အတိုင်း“မွတ်သိပ်သောသူကိုအစာကျွေးခြင်း၊နေစရာမရှိသူကိုအိမ်ရာပေးခြင်း၊ဝတ်စရာမရှိသူကို အဝတ်ပေးကြလော။သို့ပြုလျင် သင်၏အလင်းသည်မိုးသောက်သောအလင်းကဲ့သို့ ပေါ်ထွန်းမည်”ဟေရှာယ ၅၈:၇-၈ လူသားတိုင်းကိုယ်ကျင့်တရားနှင့်လုပ်ဆောင်မူတို့သည်အလင်းဖြစ်ပါစေ။

Daily Reflection