ဖေဖေါ်ဝါရီလ ၆ ရက်နေ့၊ ၂၀၂၃၊ တနင်္လာနေ့၊ သာမန်ကာလ ပဥ္စမပတ်
ရှင်မာကု ၆:၅၃-၅၆
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သူတို့သည်တစ်ဖက်ကမ်းသို့ ကူးလာကြပြီးလျှင် ဂျေနားဇရက်သို့ရောက်၍ ကမ်းတွင် ဆိုက်ကပ်ကြ၏။ထို့နောက်သူတို့သည်လှေထဲမှထွက်လာကြသောအခါ လူတို့သည် ကိုယ်တော်ဖြစ်သည်ကိုချက်ခြင်းသိကြသဖြင့်၊ပတ်ဝန်းကျင်ဒေသအနှံ့၊အပြေးအလွှားသွားကာ လူမမာများကို၎င်းတို့၏ အိပ်ရာနှင့်တကွကိုယ်တော်ရှိသည် ဟုကြားရသောအရပ်သို့ခေါ်ဆောင်လာကြလေ၏။ကိုယ်တော်ကြွဝင်တော်မူသောမြို့ရွာဒေသတိုင်းတွင်လည်းသူတို့သည် ဈေးလယ်၌လူနာများ ကိုချထားကြပြီးဝတ်ရုံတော်၏အနားစအမြိတ်ကိုမျှသာတို့ထိရပါမည့်အကြောင်း တောင်းပန်ကြ၏။တို့ထိသမျှသောသူတို့သည်လည်း ဝေဒနာပျောက်ကင်းကြလေ၏။ ထောက်ရူခြင်း"Touch"အထိအတွေ့သည် အာရုံ(၅)ပါးတွင်အသံတိတ်နက်ရှိုင်းပြီးအစွမ်းကြီးသောဘာသာစကားတခုဖြစ်သည်။စိတ်ပညာအဆိုအရမိခင်နှင့်ခလေးငယ်တို့၏ကနဦး ဆက်သွယ်မူမှာထိတွေ့ခြင်းဖြစ်သည်ဟုဆိုသည်။ဒီခေတ်နောက်ဆုံးရာစုနှစ်၏ အလွယ်ကူဆုံး၊အစွမ်းထက်ဆုံး ဆက်သွယ်မူတို့ထိမူဖြစ်သည်။Touch screen ခေတ်တခေတ်ဖြစ်သည်။တို့ထိပွေ့ပိုက်ခြင်းသည်မကျန်းမာသူအတွက် ကုသမူတခုဖြစ်သည်။ကြေကွဲနေသူအဖို့ ထပ်တူကျခံစား၊ နှစ်သိမ့်အားပေးခြင်းဖြစ်သည်။ချစ်သူစုံတွဲများ အဖို့ပို၍ တလုံးတဝဖြစ်သည်။ အောင်မြင်နေသူအဖို့ ဂုဏ်ပြုခြင်းဖြစ်သည်။အနာရှိရင်ဆေးရှိသည်ဟုဆိုသည်။အရေးကြီးသည်မှာ ထိုဆေးဆရာကို မှန်ကန်စွာ လိုလိုလားလားရှာဖွေလိုသောစိတ်ဆန္ဒတော့ရှိရမည်။ယနေ့ဧဂံဂေလိကျမ်းတွင်လူတို့သည် ခရစ်တော်ကို သတိထားမိသည်။လိုက်၍ရှာသည်။ယုံကြည်အားကိုးသည်။ ထိုယုံကြည်မူတို့သည် ခရစ်တော်၏ အသွေးအသားမဟုတ် သက်မဲ့ရုပ်ပစ္စည်းဖြစ်သော အဝတ်စကိုတို့ထိရုံမျှသာအနာတရသက်သာပျောက်ကင်းသည်။အကယ်စင်စစ်ကျွန်ပ်တို့သည် ဤလောကတွင် အသက်ရှင်ရာတွင် သိုးဖြစ်လိုက် သိုးထိန်းဖြစ်လိုက်၊လူနာဖြစ်လိုက်၊ဆရာဝန်ဖြစ်လိုက်ပင်။အရေးကြီးသည်မှာဆရာဝန်သို့မဟုတ်သိုးထိန်းဖြစ်လျင်ဖြစ်ကြောင်းပတ်ဝန်းကျင်ကို အနံအသက်ပေး သတိထားမိစရာဖြစ်လျက် မိမိနောက်ကလမ်းပျောက်သူ၊အနာတရပြည့်နေသူများ လိုက်၍ရှာထိုက်သောသူဖြစ်ရန်၊အခြားတဘက်မှာ မိမိတို့သည်သိုးဖြစ်သောအခါ၊လူနာဖြစ်သောအခါ မိမိပျောက်နေကြောင်း၊လူနာဖြစ်ကြောင်း သိမှတ်ဝန်ခံနှိမ့်ချလျက်လိုလိုလားလားကုသခြင်းခံရန်ဖြစ်သည်။ ရာစုနှစ်၊ထောင်စုနှစ်ပြောင်းလဲမူနှင့် တိုးတက်မူနောက်တွင် မပြောင်းလဲ၍ မှန်ကန်သော ဆေးဆရာဝန် ခရစ်တော်ရှင်ကို တိုးဝင်ချဥ်းကပ် တို့ထိကုသခံကြပါစို့။