ဖေဖေါ်ဝါရီလ ၇ ရက်နေ့၊ ၂၀၂၃၊ အင်္ဂါနေ့၊ သာမန်ကာလ ပဥ္စမပတ်
ရှင်မာကု ၇:၁-၁၃
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
တစ်ဖန်ကိုယ်တော်ကသူတို့အားသင်တို့သည် မိမိတို့၏ထုံးတမ်းစဉ်လာများကိုလိုက်နာရန်အတွက်ဘုရားသခင်၏ ပညတ်တော်ကိုပါးနပ်စွာ ပစ်ပယ်ထားကြလေပြီ။အကြောင်းမူကား မိုးဇက်ကသင်၏မိဘတို့အား ရိုသေခြင်းကိုပြုလော့။မိမိ၏မိဘကို ကျိန်ဆိုသောသူသည် ဧကန်မုချသေထိုက်၏ဟုစီရင်ထားခဲ့၏။သင်တို့သည်သင်တို့ လက်ဆင့်ကမ်းသွန်သင်လာကြသောရှေးထုံးစဉ်လာများဖြင့် ဘုရားသခင်၏ပညတ်တော်များကိုအချည်းနှီးဖြစ်စေကြ၏။ထိုကဲ့သို့သော ဓလေ့ထုံးစံများစွာကိုလည်း သင်တို့ဖန်တီးကြ၏ဟုမိန့်တော်မူ၏။ရှင်မာကု ၇:၉-၁၀,၁၃ ထောက်ရှုချက် ဂျပန်ရိုးရာပုံပြင်တပုဒ်ကိုမှတ်မိနေသည်။အသက်(၈၀)ကျော်သော မိဘများကိုတောနက်ထဲပို့ထားရမည်ဟူသောရိုးရာဓလေ့ကြောင့်တနေ့သားတယောက်က အမေအိုကိုစောင်တထည်ဖြင့်ကျောပိုး၍တောထဲခေါ်ဆောင်သည်။အပင်တပင်အောက်တွင်အမေနှင့်ကုန်းပိုစောင်ကိုချန်ထားမည်အပြုတွင် မိမိနှင့်ပါလာသော ၈ နှစ်အရွယ်သားကချက်ခြင်းပင်“ဖေဖေအဲစောင်ကိုပြန်ယူသွားမယ်လေ။နောက်ဆိုသားကဖေဖေ့ကိုအဲစောင်နှင့်ပိုးလာရမှာ”တဲ့။ အဖေဖြစ်သူထိတ်လန့်သွားသည်။သို့နှင့်အမေ့ကို အိမ်ပြန်ပိုးလာရာ အိမ်နီးခြင်းများကလူမျိုးတို့၏ ရိုးရာဓလေ့ ချိုးဖောက်သူ၊မိုးခေါင်ရေရှားသည်ကိုသိလျက် အပိုထုတ်ကို သယ်ထားသူဟုဝိုင်းဝန်းအပြစ်တင်ပြောဆိုကြသည်။ကျေးဇူးတော်နှင့်ကောင်းကြီးတော်ကြောင့်ထိုနှစ်သည် ယခင်နှစ်များထက် ပို၍ သီးနှံများဖြစ်ထွန်းသည်ဟုဆို၏။နိုင်ငံတိုင်း ဥပဒေရှိ၍လူမျိုးတိုင်းရိုးရာဓလေ့ရှိသည်။မတူညီမူအောက်မှာ ဘုရားရှင်များ၏တူညီသောသွန်သင်ချက်ကား ဓလေ့ထုံးစံနှင့် ဥပဒေနှောက်ခံကမေတ္တာတရားဖြစ်သည်။မိုးဇက်မှတဆင့်ဘုရားရှင်ပေးသော စတုတ္တပညတ်သည် သားသမီးများ မှမိဘများသက်ကြီးရွယ်အို၍နာမကျန်းဖြစ်သောအခါ၊အထီးကျန်ဆန်သောအခါ၊စိတ်ပျက်အားငယ်သောအခါ မိဘများကို စိတ်ပိုင်းရုပ်ပိုင်းတွင် လိုအပ်ချက်များကိုပံ့ပိုးပေးရန်သတိပေးသည်။ဤသည်မှာ ကျေးဇူးပြုတတ်ခြင်းဖြစ်သည်ဟုဆို၏။CCC 2218#ပညတ်တရားနှင့်ပရောဖက်ကျမ်းများကိုပယ်ဖျက်ခြင်းငှါလာသည်မဟုတ်။ပြီးပြည့်စုံခြင်းငှါ ငါလာ၏ဟု သခင်ယေဇူးမိန့်တော်မူ၏။Mt 5:17ကြေကွဲစေသည့်အရာကိုရှောင်၍ချစ်သောစိတ်ဖြင့်လုပ်ဆောင်သောအခါ လူလုပ်သောဥပဒေ၊ရိုးရာဓလေ့အထက်ကဘုရားပြုသောမေတ္တာတရားသည် ပိုမိုခိုင်မြဲကြီးမြတ်သည်။ခရစ်တော်လိုလားသောအချင်းချင်းဘဝပေးခြင်း၊အသက်ပေးခြင်းကိုဖော်ဆောင်စေမည်။အဆတစ်ရာသောကောင်းကြီးလည်းခံစားရသည်။သို့ဖြစ်လူကိုလူခြင်း မေတ္တာတရားချည်နှောင်ခြင်းနှင့်ကျေးဇူးရှိသူကိုကျေးဇူးတင်နိုင်ရန် လိုအပ်သောကျေးဇူးတော်ကိုတောင်းလျောက်ကြစို့။