Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-07 04:08:02

ဖေဖေါ်ဝါရီလ ၈ ရက်နေ့၊ ၂၀၂၃၊ဗုဒ္ဓဟူးနေ့ ၊ သာမန်ကာလ ပဥ္စမအပတ် 
Mk. 7:14-23
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

အကြောင်းမူကားလူ့အတွင်းရှိ စိတ်နှလုံးထဲမှမကောင်းသောအကြံအစည်များ၊ကာမဂုဏ်ကျူးလွန်ခြင်း၊သူတစ်ပါး၏ပစ္စည်းကိုခိုးယူခြင်း၊လူ့အသက်ကိုသတ်ခြင်း၊သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊လောဘကြီးခြင်း၊ကောက်ကျစ်စဉ်းလဲခြင်း၊လိမ်လည်လှည့်ဖြားခြင်း၊ကိလေသာစိတ်ပြင်းပြခြင်း၊မနာလိုခြင်း၊အသရေဖျက်ခြင်း၊မာနထောင်လွှားခြင်းနှင့်မိုက်မဲခြင်း စသည်တို့ထွက်ပေါ်လာကြ၏။မကောင်းသောဤအရာအားလုံးသည်လူ၏အတွင်းမှထွက်လာ၍လူကိုညစ်ညူးစေကြ၏ဟုမိန့်တော်မူ၏။(ရှင်မာကု ၇:၂၁-၂၃)အဖိုးနှင့်မြေးညအိပ်ပုံပြင်တစ်ပုဒ်၏ အဆုံးပိုင်းကိုဆက်စပ်မိသည်။အဖိုးပြောသည်မှာ"ထိုလူ၏ဝမ်းဗိုက်ထဲတွင်သိုးကလေးတစ်ကောင်နှင့်မြေခွေးကလေးတစ်ကောင်ရှိသည်"။အဖိုးစကားကိုမြေးကဖြတ်မေးသည်။"အဖိုးရေအာ့ သိုးကလေးနဲ့မြေခွေးလေးဟာ ဘယ်အကောင်က ပိုခွန်အားကြီးလဲ"တဲ့။ အဖိုးက"ငါ့မြေးရယ်..အစာကြွေးတဲ့အကောင်ဘဲ ပိုခွန်အားကြီးတာပေါ့​ကွယ်"တဲ့။လူတစ်ဦးတစ်ယောက်ချင်းစီတွင်ဘုရားဇာတိ၊လူဇာတိ၊အဖြူအမည်း အလင်းအမှောင်၊အားနည်းချက်၊အားသာချက်တို့ပေါင်းစပ်ဖြစ်တည်ကြသည်။လူ့၏အတွင်းစိတ်တို့သည်ပြုံးရင်ပြုံးသလို၊ပုပ်ရင်ပုပ်သလိုပေါ်လွင်လှသည်။အဆိုးအကောင်းတို့သည် အပြင်ဘက်ရိုက်ခတ်မှုထက်အတွင်းဘက်က ရွေးချယ်မှုနှင့်ရှင်သန်ရပ်တည်မှုသည်ပို၍အရေးကြီးသည်။နှလုံးသားတို့သည်အမှန်တရားတို့တည်နေရာ၊မိမိတို့ဖြစ်တည်မှု၊မိမိတို့ရှင်သန်ရာ၊သေခြင်းနှင့်အသက်၊ဘုရားသခင်နှင့်တွေ့ဆုံဆည်းရာနေရာ၊ပဋိညာဉ်ဖွဲ့ရာနေရာဖြစ်သည်။ # CCC no 2563သို့ဖြစ်ဘုရားဇာတိပါသိုးသူငယ်လေးကိုသာ အစာကျွေးပြုစုပျိုးထောင်ရင်းပတ်ဝန်းကျင်ကိုရနံ့သင်းပျံ့စေသူဖြစ်ရန်ဆုတောင်းရင်း ကြိုးစားကြပါစို့။

Daily Reflection