Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-08 04:57:46

‌ဖေဖေါ်ဝါရီလ ၉ ရက်နေ့၊ ၂၀၂၃၊ကြာသပတေးနေ့ ၊ သာမန်ကာလ ပဥ္စမအပတ် 
Mk. 7:24-30
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

အကြောင်းမူကား ညစ်ညူးသောနတ်ဆိုးပူးနေသည့် သူငယ်မတစ်ဦး၏ မိခင်သည်ကိုယ်တော်၏အကြောင်းကိုကြားလျှင်ချက်ချင်းလာ၍ ခြေတော်ရင်း၌ပျပ်ဝပ်ရှိခိုးလေ၏။ဤမိန်းမသည်ကားဂရိလူမျိုးဆီရိုဖွေနိစိယအနွယ်ဝင်ဖြစ်ပြီးမိမိသမီးတွင်  ပူးကပ်နေသောနတ်ဆိုးကိုနှင်ထုတ်ပေးပါရန် ကိုယ်တော်အားတောင်းပန်လေ၏။ကိုယ်တော်ကလည်း သားသမီးတို့သည် ဦးစွာဝအောင်စားကြပါစေ။သားသမီးတို့၏ အစားအစာကိုယူ၍ခွေးတို့အားချမကျွေးသင့်ဟုသူမအားမိန့်တော်မူ၏။သို့သော်သူမကမှန်ပါ၏အရှင်သခင်၊သို့ရာ တွင်  စားပွဲအောက်မှခွေးတို့ပင်လျှင် သားသမီးတို့ ထံမှမုန့်အစအနများကို စားကြရပါသေးသည်ဟုလျှောက်လေ၏။ထိုအခါ ကိုယ်တော်က သင်ဤသို့ဆိုသောကြောင့်အိမ်သို့ပြန်လော့။နတ်ဆိုးသည် သင့်သမီးထံမှ ထွက်ခွာသွားလေပြီဟုမိန့်တော်မူ၏။(ရှင်မာကု ၇:၂၅-၂၉)အလယ်တန်းကျောင်းဘဝက မဟောသဓာတရားစီရင်ခန်းမှာသားကိုချစ်သောအမေက သားနာကျင်မှာစိုး၍ လက်လွန်လိုက်သည်။ချစ်သောအခါ တစုံတရာမနာကျင်​စေလို။ကျမ်းစာလာသည်မှာသမီးနာကျင်သည်ကို ချစ်သောမိခင်ကမရှုရဲ၍လူမျိုးဘာသာမတူ၊ အယူအဆကွဲခြင်း ဟူသောတံတိုင်းကိုကျော်လျက် အများကဲ့ရဲမှု၊သိက္ခာချမှု တို့ကိုရင်ဆိုင်ကာခရစ်တော်ဆီကို တိုးဝင်ချဥ်ကပ်သည်မှာနှိမ့်ချသောစိတ်၊ယုံကြည်အားကိုးသောစိတ်၊ပြင်းပြသောစိတ်၊အတွင်းကလာသောမပြတ်မလတ်တောင်းဆိုသည့်စိတ်တို့သည်ပေါ်လွင်လှသည်။လူသည် ခွေးထက်မြင့်မြတ်ကြောင်း၊ခွေးတို့မည်သည် အစာကျွေးအလျှင်အဘယ်ကြောင့် သားသမီးလိုအင်အဝဝကိုမဖြည့်စွက်အံ့နည်းဟူသောခရစ်တော်နှင့်အပြန်အလှန်ပြောဆိုသည်မှာယုံကြည်ခြင်းကြီးမားခြင်းသည်သာမကမိန်းခလေးတယောက်၏လိမ္မာပါးနပ်ထက်မြက်မှုနှင့်ခရစ်တော်၏ လျှင်မြန်စွာ၊ကြင်နာမှုများစွာတုန့်ပြန်ကုသမှုများတွေ့မြင်ရသည်။လောကကြီးတွင်မကောင်းမှုနှင့်နတ်ဆိုးလမ်းစဥ်အားပြင်းလာသောအခါ အမျိုးသမီး၊ခလေး၊အပြစ်မဲ့သူတို့သည်အသုံးချခံ၊ဓားစာခံ၊မြေစာပင်ဖြစ်ရစမြဲပင်။ပျက်စီး​ခြင်း သဘောတရားများအတွက်ရင်ဆိုင်ရသောအခါယနေ့ထောက်ရှုရသော မိခင်တဦး၏ချစ်ခြင်း တုန့်ပြန်မှုများကို စံပြုလျက်ခရစ်တော်ရှင်၏ကြင်နာသနားခြင်းကိုတိုးဝင်ချဥ်ကပ်ရယူကြပါစို့။မိမိကိုယ်၌လည်း နတ်ဆိုးစွဲကပ်​ခြင်းမရှိစေရန်နှင့်မကောင်းမှုဟူသမျှမှကင်းလွတ်ပါမည့်အကြောင်းတောင်းလျှောက်ကြပါစို့။

Daily Reflection