Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-09 08:36:02

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့၊ ၂၀၂၃၊ သောကြာနေ့ ၊ သာမန်ကာလ ပဥ္စမအပတ် 
Mk. 7:31-37
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 ထိုအခါနားပင်း၍စကားမပြောနိုင်သူတစ်ဦးကိုလူတို့သည် အထံတော်သို့ခေါ်ဆောင်ခဲ့ကြပြီးသူ့အပေါ်၌လက်တော်ကို တင်တော်မူပါမည့်အကြောင်းကိုယ်တော်အားတောင်းပန်လျှောက်ထားကြ၏။ကိုယ်တော်သည်လည်းသူ့ကိုလူအစုအဝေးထဲမှသီးခြားခေါ်ဆောင်သွားပြီးလျှင်မိမိလက်ချောင်းကိုသူ၏နားထဲသို့သွင်းတော်မူ၏။ တစ်ဖန်ကိုယ်တော်သည်တံတွေးထွေးလျက်သူ၏လျှာကိုတို့တော်မူ၏။ထို့နောက်ကိုယ်တော်သည်ကောင်းကင်သို့ မျှော်ကြည့်၍ သက်ပြင်းချကာအက်ဖဲတာဟုမိန့်တော်မူ၏ အဓိပ္ပာယ်ကားပွင့်စေလော့ဟူသတည်း။ထိုခဏချင်းတွင်သူ၏နားတို့သည်ပွင့်လာပြီးသူ၏လျှာသည်လည်း ဆွံ့အခြင်းမှကင်းဝေးကာသူသည်ပီသစွာစကားပြောလေ၏။ရှင်မာကု၇:၃၂-၃၅ထောက်ရူချက်"လူတွေဟာကြည့်ပေမယ့်မမြင်၊နားထောင်ပေမယ့် မကြား၊ပြောပေမယ့် အဓိပ္ပါယ်မဲ့၊သီချင်းသံစဥ်ပြုပေမယ့်ဝေမျှခြင်းမရှိ"Paul Simon မျက်လုံးကွယ်လျင် ခန္ဓာကိုယ်အစိတ်အပိုင်းမျှသာဆုံးရှူံးသည်။မျက်လုံးကွယ်ပေမယ့်လူသားကောင်းကျိုးပြုနိုင်ကြသည်မှာHellen Kellerသက်သေပြခဲ့သည်။အသိဥာဏ်ကွယ်လျင် လူ့ကလောကတွင် အံဝင်ဂွင်မကျ။စိတ်ဝိညာဥ်ကွယ်လို့ အမှောင်ဖုံးလျင် အားလုံး မှောင်အတိရောက်သည်။နှလုံးသား လှောင်ပိတ်သောအခါ လူတစ်‌ယောက်၏ အတွင်းကျဆုံးဖြစ်တည်မှုသည်ထိခိုက်စေသည်။ ခရစ်တော်ကြွလာခြင်းသည်ထိုလှောင်ပိတ်ခြင်းကိုဖွင့်ရန်၊လွတ်မြောက်စေရန်၊လူသားနှင့်ဘုရားတို့ပေါင်းသင်း ဆက်နွယ်ခြင်းဖြင့်ပြည့်ဝသောဘဝပိုင်ဆိုင်ရန်ဖြစ်သည်။Benedict (XVI) ယနေ့အသက်ပေးနှုတ်ကပတ်တော်တွင်နှလုံးသားမဟုတ်နှုတ်နှင့်အကြားအာရုံသာချို့တဲသောသူသည် ခရစ်တော်ကို ယုံကြည်စွာချဥ်းကပ်သည်ကိုထောက်ရှု့လျက် လှောင်ပိတ်နေသော ကျွန်ုပ်တို့စိတ်ဝိညာဥ်ကို ဖွင့်ပေးရန်တောင်းလျှောက်လိုက်ရင်းလူလောကတွင် အသက်ရှင်ရသည်မှာ နားထောင်သောအခါ ကြားသောသူ၊ကြည့်သောအခါမြင်သောသူ၊ပြောသောအခါအနှစ်ရှိသူ၊အသံပြုသောအခါအကျိုးပေးသောသူဖြစ်ရလေအောင် ကြိုးစား၊ဆုတောင်းရင်းပြည့်ဝသောအသက်တာကိုရယူကြပါစို့။အားလုံးပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ။

Daily Reflection