Our Lady of Lourdes
ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့၊ ၂၀၂၃၊ စနေနေ့ ၊ သာမန်ကာလ ပဥ္စမအပတ်
Mk. 8:1-10
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထိုနေ့ရက်တို့ ၌ များစွာသောလူတို့သည်တစ်ဖန်စုဝေးလာကြပြန်၏။ထိုသူတို့ ၌စားစရာမရှိသောကြောင့်ကိုယ်တော်သည်သူ၏တပည့်တော်တို့ကိုအထံတော်သို့ခေါ်ပြီးလျှင်သူတို့အားမိန့်တော်မူသည်ကား၊ဤလူအစုအဝေးကိုငါသနား၏အကြောင်းမူ ကားသူတို့ သည် ယခုဆိုလျှင်ငါနှင့်အတူသုံးရက်တိုင်တိုင်ရှိနေခဲ့ကြပြီ။ရှင်မာကု ၈:၁-၂ ထောက်ရှု့ချက်-ခရစ်တော်၏သနားကရုဏာစိတ်သည် လူစုလူဝေးတို့၏ဆာလောင်မူကိုလျင်မြန်စွာသတိထားတုန့်ပြန်စေသည်။သနားသောစိတ်ကြောင့် ခရစ် တော်၌ရှိသော ပေါင်မုန့်၇ လုံးနှင့်လူပေါင်း(၄၀၀၀)ကျွေးမွေးနိုင်သည်။လက်ရှိအခြေအနေအမျိုးမျိုး အပြစ်မဲ့လူတို့သည်သေကြေပျက်စီးရသည်။အိုးအိမ်စွန့်ရသည်။ထိခိုက်ဒဏ်ရာရသည်။အကျဥ်းကျရောက်ရသည်။ခရစ်တော်၏ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သောသင်သည်၁)ထိုသူများအတွက်ခိုစရာနေစရာတခုပေးခြင်းသည် ခရစ်တော်၏ပေါင်မုန့်တလုံးသည် ဧည့်ဝတ်ပြုခြင်းပေါင်မုန့်ဖြစ်လာသည်။၂)စားစရာကိုပေးခြင်း၊ဝတ်စရာပေးခြင်း၊ဖုန်းဘေလ် ပို့ပေးခြင်းဖြင့်ခရစ်တော်၏ဒုတိယမြောက်ပေါင်မုန့်သည် ကာယအာဟာရ၊လုံခြံမူနှင့်လူမှုပေါင်းသင်းရေးပေါင်မုန်ဖြစ်လာမည်။၃)လူမျိုးမခွဲ၊ဘာသာမကွဲ တလုံးတဝ ပေါင်းစည်းသောစိတ်ဖြင့် ရှု့မြင်လက်ခံခြင်းဖြင့် ခရစ်တော်၏ တတိယပေါင်မုန့်သည် စည်းလုံးခြင်းပေါင်မုန့်ဖြစ်လာသည်။၄)သူတို့၏ ခံစားချက်၊ရင်ဖွင့်သံ၊ကြေကွဲသံကိုနားထောင်နှစ်သိပ့်ပေးသောအခါ ခရစ်တော်၏ စတုတ္ထပေါင်မုန့်သည် လူတို့၏စိတ်ဒဏ်ရာကုသပေးသောပေါင်မုန့်ဖြစ်လာမည်။အနည်းဆုံးတော့ မိမိကိုယ်ကိုယ် အဆုံးစီရင်လိုသူတဦးကို ကယ်နှုတ်သောပေါင်မုန့်တချပ်ဖြစ်မည်။၅)သူတို့အတွက်မိမိ၌အပျော်အပါးလျော၍ အစာရှောင်၊ဝါရှောင်ဆုတောင်းပေးခြင်း၊မယ်တော်နှံအပ်နှံ ဆုတောင်းပေးခြင်း၊မစ္ဆားတောင်ခံဆုတောင်းပေးခြင်းတွင် ခရစ်တော်၏ပဥမမြောက်ပေါင်မုန့်သည် ဝိညာဥ်အားအင်ဖြည့် ပေါင်မုန့်ဖြစ်လာမည်။၆)အကျဥ်းကျသူတို့ထံ အလည်အပတ်ပြုခြင်း၊လိုအပ်သည်ကိုဖြည့်ပေးခြင်းတိုဖြင့်ခရစ်တော်၏ဆဌမမြောက်ပေါင်မုန့်သည် အတွင်းစိတ်၏လွတ်မြောက်ခြင်းပေါင်မုန့်တချပ်ဖြစ်မည်။၇)ထိခိုက်ဒဏ်ရာရသူတို့ကို ဆေးဖိုးပေးခြင်း၊ကူညီလည်ပတ်အားပေးခြင်းတို့ဖြင့်သတ္တမပေါင်မုန့်သည်ဆေးတလုံးဖြစ်လာမည်။ဤအရာအားလုံးပြုဖို့ရာလိုနေသောအရာကားချစ်ခြင်းနှင့်ကရုဏာသက်ရောက်မှုဖြစ်သည်။