Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-11 07:41:31

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့၊ ၂၀၂၃၊ တနင်္ဂနွေနေ့ ၊ သာမန်ကာလ ဆဌမအပတ် 
Mt.5:17-37
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ရှင်မာသေဦး ၅:၂၂-၂၄ သင်တို့အားငါဆိုသည်မှာမည်သူမဆို မိမိ၏ညီအစ်ကိုအပေါ်အမျက်ဒေါသထွက်လျှင် ရုံးတော်၌အပြစ်စီရင်ခြင်းကိုခံထိုက်၏။မိမိ၏ညီအစ်ကိုအား အသုံးမကျသူဟုခေါ်၍ကဲ့ရဲ့စော်ကားသောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်၏။ မိမိ၏ညီအစ်ကိုအား အရူးဟု ခေါ်သောသူသည် ဂေဟေ့နာမီးဒဏ်ခံထိုက်၏။ထို့ကြောင့်သင်သည်သင်၏ ပူဇော်သကာကို ယဇ်ပလ္လင်သို့ယူဆောင်လာသောအခါသင်၏ညီအစ်ကိုသည် သင့်၌အပြစ်တင်စရာတစ်စုံတစ်ခုရှိနေသည်ကိုထိုနေရာ၌သတိရလျှင်၊သင်၏ပူဇော်သကာကို ယဇ်ပလ္လင်ရှေ့တွင်ထားခဲ့ပြီးလျှင်သွား၍ သူနှင့်သင့်မြတ်အောင် ပထမဦးစွာပြုလုပ်လော့။ ထို့နောက်မှ ပြန်လာ၍သင်၏ပူဇော်သကာကိုဆက်ကပ်လော့။
#ထောက်ရှုချက်Webinarတခုတွင် မိခင်တဦးကသူ့၏သမီးကို ဆရာမကနှုတ်အားဖြင့်ကြမ်းတမ်းစွာပြောဆိုသည်ကို ထိုဆရာမနှင့်အပြန်အလှန်ဆွေးနွေးသောအခါ "You"statement ခေါ်တဘက်လူနှင့်အမျက်ဒေါသဆွလိုက်ခြင်းမျိုးမဟုတ်ဘဲ"I"Statement ခေါ်တဘက်လူမှ ရန်ညိုးဖွဲ့ခြင်း၊ခုခံကာကွယ်ပြောဆိုခြင်း လျော့ချစေသောအဆိုဖြင့်ဆွေးနွေးရာ ပြသနာသည် ကြီးရာမှငယ်သွားသည်ဟုဝေမျှဖူးခဲ့သည်မှာ မှတ်သားရလေသည်။ခေတ်၏တိုးတက်မှုနောက်မှာ"Abuse"အလွဲသုံးစားမှုပုံစံအမျိုးမျိုးရှိလာသည်။ငွေညှစ်လိုသူတို့အဖို့ အတိတ်ကို အတိတ်၌မထား အစဖော်၍ ငွေညှစ်တတ်သည်။ သို့ဖြစ် အဖွဲ့အစည်းများတို့သည် child safeguarding policy, media policy, စသည်ဖြင့်မိမိတို့ လုံခြုံရေးအတွက် စီမံရေးဆွဲကြသည်။အကြောင်းမှာမသိ၍မရည်ရွယ်ဘဲ၊မလိုအပ်ဘဲ အမှုမကြီးရန်ဖြစ်သည်။ယနေ့ကျမ်းတွင် မသိ၍မဟုတ်၊မရည်ရွယ်၍မဟုတ်၊ သူစိမ်းလည်းမဟုတ် သိသိနှင့်ရည်ရွယ်ချက်ရှိရှိ နှုတ်အား​ဖြင့်မိမိသွေးချင်းညီအစ်ကိုများအားထိခိုက်စော်ကားခဲ့သောသူကိုရှေ့ဦးစွာညီအစ်ကိုနှင့်ကြေအေးပြီးမှခရစ်တော်ကို ပူဇော်ခြင်းအမှုပြုရန်ခရစ်တော်သွန်သင်သည်။မမှားသောရှေ့နေ၊မသေသောဆေးသမားမရှိဆိုသကဲ့သော မိမိတို့၏ အပြစ်အမှားများကိုနှိမ့်ချ ဝန်ခံရင်း တောင်းပန်ရန်ဖြစ်သည်။ထိုတောင်းပန်မည်ဆိုသောစကားသည် ပြောသလောက် မလွယ်ကူ၍ ခရစ်တော်ထံကျေးဇူးတောင်းခံရင်း အချိန်တခု၌ကြေအေးမှုဖြစ်စဥ်သို့ ရောက်ရမည်။"အဆိုးကိုအကောင်းဖြစ်အနိုင်ယူရန်" အဆိုးကို အဆိုးဖြင့်အဆင့်တူတုန့်ပြန်သောအခါ တူညီသော နှလုံးသားတုန်ခါမှုသည်မိမိတို့၏တည်ငြိမ်သော နှလုံးသားကိုရိုက်ခတ်လာလေရာ စိတ်မငြိမ်မသက်နှင့် မောဟက်လျက် မိမိတို့မိသားစု၊ လူမူရေး၊ စီးပွားရေး၊ကျန်းမာရေး တို့ထိခိုက်နှောက်နှေးရသည်သာအဖတ်တင်မည်။မည်သို့ပင်တိုစေကာမူ ခရစ်တော်၌၊ ခရစ်တော်နှင့်အတူ၊ခရစ်တော်အားဖြင့် အသက်ရှင်လျင် အသိတရားထက်အကျင့်တရား၊အကျင့်တရားထက် မေတ္တာတရားသည်ပိုမိုလုံခြုံစိတ်ချရမည်။တရားလုံကစိတ်လုံသည်။ခရစ်တော်၌တည်နေလျှင် ကိုယ်စိတ်ငြိမ်းချမ်းကြပါစေ။

Daily Reflection