ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့၊ ၂၀၂၃၊ တနင်္လာနေ့ ၊ သာမန်ကာလ ဆဌမအပတ်
Mk.8:11-13
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဖာရီဇေးဦးတို့သည်အထံတော်သို့ ရောက်လာကြ၍ ကိုယ်တော်နှင့်စတင်ဆွေးနွေးငြင်းခုံကြလျက်ကိုယ်တော်ကိုစမ်းသပ်ရန်ကောင်းကင်မှနိမိတ်လက္ခဏာကိုတောင်းကြလေ၏။ထိုအခါကိုယ်တော်သည် စိတ်နှလုံးအတွင်း၌သက်ပြင်းချလျက်ဤလူမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကိုတောင်းကြသနည်း။သင်တို့အား ငါအမှန်ဆိုသည်ကားဤလူမျိုးဆက်အားမည်သည့် နိမိတ်လက္ခဏာကိုမျှပြလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။ကိုယ်တော်သည်သူတို့ထံမှ ထွက်ခွာ၍တစ်ဖန်လှေပေါ်သို့တက်ပြီးလျှင်တစ်ဖက်ကမ်းသို့ ကြွတော်မူ၏။ ရှင်မာကု ၈:၁၁-၁၃
#ထောက်ရူ့ချက်"မရှိတာထက် မသိတာခက်"သခင်းယေဇူးကို ဖာရိရှဲတို့ကဓာတ်ခွဲခန်းကိုစမ်းသပ်သလိုချဥ်းကပ်သလိုမရိုးမသားစိတ်ဖြင့်ချဥ်းကပ်လို့တော့မရပါ။ရိုးရှင်း၍တမှန်တကယ်ယုံကြည်မှုနှင့်ချဥ်းကပ်လာသောဆင်းရဲဒုက္ခရောက်သူ၊အနာရှိသူ၊ လိုအပ်သူ၊အမျိုးသမီးနှင့် ခလေးတို့ကို ခရစ်တော်ကအကြွေးမဲ့လက်မနှေးတန်ခိုးပြကုသမူပြုခဲ့သည်ကို ကျမ်းစာ၌ အထပ်ထပ်ဖော်ပြသည်။ဆုတောင်းတိုင်း အလိုတော်ပြည့်ဖို့ရာမိမိတို့အတွင်းစိတ်နှလုံးသည်ဖြူစင်ရိုးရှင်းဖို့လဲလိုမည်။မိမိသည်ရွှေအစစ်ဖြစ်၍ မီးနှင့် စာတန်နတ်ဆိုးတို့၏ စမ်းသပ်ခြင်းမခံယူ၊သူတို့ ကျော့ကွင်းမှအဝေးသို့ ထွက်ခွာသွားသည့်သခင်ယေဇူးသည်မိမိသည်နှိမ့်ကျသူမဟုတ် မြင့်မြတ်သောဘုရားသားတော်ဖြစ်ကြောင်း သူ၏ဖြစ်တည်မှုအမှန်ကိုဖော်ပြသည်။ကျွန်ုပ်တို့နေ့စဥ်အသက်တာတွင် အထူးသဖြင့် social mediaနှင့် အလုပ်လုပ်ရသောခေတ်တွင် စာတန်တို့၏ စုံစမ်းခြင်းနှင့် ဖာရီရှဲကဲ့သို စမ်းသပ်မှုတို့မကင်းပါ။ခရစ်တော်ကဲ့သို့ သက်ပြင်းချရပြီးနောက်ခရစ်တော်နောက်လိုက်ပီသသူဖြစ်ရန်၊ထိုစုံစမ်းနှောက်ယှက်ခြင်းအမှုထဲပါဝင်ခြင်းမပြုဘဲအဝေးသို့ထွက်ခွာနိုင်ရန် ခွန်အားကျေးဇူးတော် တောင်းလျှောက်ကြပါစို့။ထို့အပြင် သင်သည်လည်းတိုင်းပြည်ငြိမ်းချမ်းဖို့၊ဆင်းရဲ့မှု၊မတရားမှုများ၊ဖိနှိမ့်မှု၊ သဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှုတို့ပပျောက်ဖို့အတွက်ခရစ်တော်ထံ နိမိတ်လက္ခဏာတောင်းခံနေသူဖြစ်ပါ၏လော့။ သင်နှင့်ကျွန်ပ်အဖို့ ခရစ်တော်သည်အဆုံးမဲ့တိုက်ခတ်သော လေပြည်လေညုင်းလို သိမ်မွေ့သောသူ၏အချစ်ဖြစ်သည်။ သင့်ကိုချစ်သောအချစ်ကြောင့် ဘဝတစ်ခုလုံးနှင့်အသက်ကိုပေးပြီးသေခြင်းမှရှင်ပြန်ထမြောက်ခြင်းထက်ကြီးမြတ်သော နိမိတ်လက္ခဏာဟူသည်မရှိတော့ပေ။မသေချာမရေရာမှု၊မလုံခြုံမှုနှင့်ပြည့်သော ဤအသက်တာတွက်ခရစ်တော်ရှင်ကိုတိုးဝင်ချဥ်းကပ်ယုံကြည်အားကိုး ဆုတောင်းကြပါစို့။"ကိုယ်တော်ကလည်း သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်လေပြီ၊ငြိမ်းချမ်းသာယာခြင်းနှင့်သွားလော့ဟုအမျိုးသမီးအားမိန့်တော်မူ၏"။ ရှင်လုကာ၇:၅၀