Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-13 04:24:21

 ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့၊ ၂၀၂၃၊ အင်္ဂါနေ့ ၊ သာမန်ကာလ ဆဌမအပတ် 
Mk.8:14-21
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထိုအချိန်တွင်  တပည့်တော်တို့သည်ပေါင်မုန့်ယူဆောင်လာရန်မေ့လျော့ခဲ့ကြသဖြင့် လှေပေါ်တွင်သူတို့၌ပေါင်မုန့်တစလုံးသာရှိ၏။ကိုယ်တော်ကလည်း ဖာရီဇေးဦးတို့ တဆေးနှင့်‌ဟေရုဒ်၏ တဆေးကိုရှောင်ရန်သတိပြုကြလော့ဟု မိန့်တော်မူ၏။ထိုအခါသူတို့က ငါတို့၌ပေါင်မုန့်မပါသောကြောင့် ဤသို့‌ပြောသည်ဟုအချင်းချင်းပြောဆိုကြ၏။ ရှင်မာကု ၈:၁၄-၁၆
 #ထောက်ရူချက် ငယ်ငယ်က အိမ်မှာခေါင်ချက်ခဲ့ဖူးသည်။ခေါင်ချက်ရာတွင်တဆေးသည် အရေးပါသောအရာဖြစ်သည်။မေမေက တဆေးဖောက်မည့်နေ့တွင်အိမ်၌အချဥ်၊အခါးရှောင်သည်။အိမ်သူအိမ်သား ရွှင်လန်းပျော်ရွှင်သော ရက်မျိုးရွေးသည်။သမီးပျိုတို့၏ ဥတုရာသီစက်ဝန်းကအစ အကဲခတ်သည်။ဧည့်သည်ကိုကန့်သတ်သည်။မေမေသည် ဥပုပ်မစောင့်ရရုံတမင်။ခေါင်ချက်သောအခါတွင်လည်းတဆေးထည့်မည်လူကိုရွေးရပြန်သည်။အိမ်၌မမကစိတ်ရှည်၍ အေးအေးဆေးဆေးရှိသည်။ စကားနည်းသည်။သူတဆေးထည့်လျှင်ခေါင်ရည်ချိုသည်။ကျွန်မတဆေးထည့်လျှင် ခေါင်ရည်ချဥ်သည်။မေမေက"မရဘူး ဒီခလေးမ စိတ်ဆတ်တယ်"ဟု ကောက်ချက်ချသည်။သို့ဖြစ်ခေါင်ချက်သည့်နေ့တွင်ကိုယ်သည် နောက်ဆုံး စဥ့်အိုးထဲထည့်သည့်အဆင့်သာ လုပ်ရသည်။သို့သော် မုန်ညင်းချဥ်တည်လျှင်ကိုယ်သည် အားကိုးရသောဆေးဆရာ။အစွဲအလန်းအယူအဆကြောင့်လော့ တိုက်ဆိုင်မှုကြောင့်လော။မယုံပြန်တော့လည်း စဥ့်အိုးလိုက် ခေါင်ရည်သွန်ပစ်ရတဲ့အ​ဖြစ်မျိုးကြုံရသည်။ခပ်ချဥ်ချဥ် လက်အစုံကိုမှ ဘုရားကခေါ်သည်။ခရစ်တော်၏အချိုဓာတ်ခံတဆေးနှင့်ထိတွေ့ပြီးနောက် ချဥ်သောလက်တစုံသည် ချိုးသောလက်တစုံသို့ ဖြည်းဖြည်းပြောင်းလဲလာသည် ဟုဆိုရမည်။ခုရက်ပိုင်း "THE CHOSEN" ရုပ်ရှင်ကြည့်ဖြစ်သည်။သခင်ယေဇူးတပည့်တော်များ၏ အောက်ခြေလူနေမှုဘဝ၊သာမန်လူတို့ကျင့်စဥ်၊ ဂုရုမပါ၊ဆေးဆရာမဟုတ်၊မာတေဦးလိုပေစောင်းပေစောင်းနှင့် ပေတရူလို လူတွင်ကျယ်လေးတွေ နှင့်ပုထုစဥ်လူသားစရိုက်လေးတွေကိုသဘောကျမိသည်။  သို့သော် ခရစ်တော်၏ အချိုဓာတ်ခံတဆေးကြောင့် အသင်းတော်၏ ဗျည်းအက္ခရာထိပ်က သူတို့နာမည်ထာဝရတည်သည်။ယနေ့ကျမ်းစာတွင် တပည့်တော်များသည်ရုပ်ပိုင်းဆိုင်ရာအစားအသောက်အတွက်သာ အာရုံရောက်စိတ်ပူသည်။သို့သော် ခရစ်တော်ကသူတို့၏ကိုယ်ကျင့်တရားနှင့်ယုံကြည်ခြင်းတို့ကို ဖာရီဇေဦးနှင့်ဟေရုဒ်တို့၏ ချဥ်သောတဆေးကြောင့် ပျက်စီးမည်ကိုစိုးရိမ်သည်။ထို့ကြောင့် ခရစ်တော်သည်တပည့်တော်တို့အား ဖာရီဇေဦးတို့ရန်ဘေးမှသတိပြုရန်"Watch out"ဟူ၍ပြင်းပြစွာသတိပေးသည်။ ခေတ်မီသော IT နှင့် ပျက်စီးသောစနစ်ဆိုးအောက်မှာ အပျက်သဘောဆောင်သော အတွေးအခေါ် အပြောအဆို အကျင့်အကြံတို့၏လောင်းရိပ်အောက်၌ လှောင်ပိတ်မနေရလေအောင်ခရစ်တော်ကိုသာ မျက်ချည်မပြတ် ယုံကြည်အားကိုးလျှက် ကိုယ်သည် ချို​မြိန်သောတဆေးအဖြစ်ပတ်ဝန်းကိုပြောင်းလဲနိုင်သူဖြစ်ရန် ကြိုးစားဆုတောင်းကြပါစို့။ထိုသို့ဆိုလျှင် သင်သည်လည်း စိတ်နှလုံးအေးချမ်းရပါမည်။အားလုံးကိုယ်စိတ်ငြိမ်းချမ်းကြပါစေ။

Daily Reflection