ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့၊ ၂၀၂၃၊ ကြာသပတေးနေ့ ၊ သာမန်ကာလ ဆဌမအပတ်
Mk.8:27-33
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကိုယ်တော်က လူတို့သည် ငါမည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်းဟုမိမိတပည့်တော်တို့အားမေးတော်မူ၏။သူတို့ကလည်း အချို့ကယောဟန်ဘတ္တိဇံ၊တချို့ကဧလိယ၊အခြားသောသူတို့ကပရောဖက်တစ်ပါးပါးဖြစ်သည်ဟူ၍ဆိုကြပါသည်ဟု လျှောက် ထားကြ၏။ထိုအခါ ကိုယ်တော်က သင်တို့မူကား ငါမည်သူဖြစ်သည်ဟူ၍ ပြောဆိုကြသနည်းဟုမေးတော်မူလျှင်ပေတရုကကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူပါသည်ဟုလျှောက်လေ၏။ရှင်မာကု ၈:၂၇-၂၉,၃၁ယနေ့ခရစ်တော်က လူတွေကသူ့ကို ဘယ်သူလို့ထင်ကြလဲဟုသူ၏ဖြစ်တည်မှုကိုမေးသည်။အမှန်စင်စစ် ခရစ်တော်၌ဘုရား၏သားတော်ဖြစ်ကြောင်း ကိုယ်တော့်ကိုချစ်၍ အနီးကပ်ပေါင်းသင်းဆက်ဆံသော တပည့်တော်ကသာသိသည်။ခရစ်တော်ကိုသိပြီးချစ်ဖို့၊ယုံကြည်ကိုးစားဖို့ဟူသည်အပေါ်ယံသိထားသော နာဇရက်မြို့သားဟူ၍မလုံလောက်၊သူ့၏ဝိညာဥ်ရေးကျင့်စဥ်၊ ချစ်ခြင်းအတိမ်အနက်၊ကယ်တင်ခြင်းလမ်းစဥ်ကိုတော့သိရမည်။ဆေးကြောခြင်းခံခရစ်ယာန်တိုင်းအတွက် သားသမီးမျက်နှာမြင်လျှင် မိဘကိုအမှတ်ရသလို၊ခရစ်ယာန်တို့၏အပြုအမူ၊စိတ်ဓာတ်၊သက်သေခံချက်၊လုပ်ဆောင်ချက်တို့သည် ခရစ်တော်ပုံရိပ် ထင်ဟပေါ်လွင် စေရမည်။Pope Paul II စာချွန်တော်တစ်ခုတွင်ပြောခဲ့သည်မှာ"အကယ်၍ ကျွုပ်တို့သည် ခရစ်တော်၏မျက်နှာတော်ကို ဖူးတွေ့ခြင်းမရှိလျှင်ကျွန်ုပ်တို့၏ သက်သေခံခြင်းသည် အလာဟသဖြစ်စေမည်" ဟုဆို၏။မဟာတ္တမဂန္နီပြောသော ခရစ်တော်ကိုကြိုက်၍ ခရစ်ယာန်ကိုမကြိုက် ဆိုသလိုဖြစ်ပေမည်။ရှုပ်ထွေးမှု၊ဆူညံပွက်လောင်မှုတို့ဖြင့် ပြည့်နက်သော ဤလောကတွင် ခရစ်တော်နှင့်အတွင်းစကားပြောနိုင်ရန်ခရစ်တော်ကိုပိုသိ၊ပိုချစ်ဖို့ရန် တိတ်ဆိတ်ငြိမ်သက်စွာရှာဖွေပေါင်းစပ်ရင်းအများကြားတွင် ခရစ်တော်ပုံရိပ်ကိုသက်သေခံနိုင်ကြပါစေ။