Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-16 02:45:12

ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ် သောကြာနေ့ ထောက်ရှုချက်Mark 8:34-9:1
Ref: Cut The Rope, Mark Batterson)
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 

 

၁၈၅၃ခုနှစ်က အမေရိကန်၊နယူးယော့ခ် စီတီးတွင်ကမ္ဘာ့ကုန်စည်ပြပွဲကြီးတစ်ခုတွင် ဓာတ်လှေကားကိုပထမဆုံးတီထွင်သူ အလိုင်းရှာအောတစ်(Elisha Otis)ဆိုသူသည်သူ၏ဓါတ်လေကားကိုအများပြည်သူယုံကြည်ဖို့ အစွမ်းပြလေသည်။အောတစ်သည် အမြင့်ရှိ ဓာတ်လှေကားထဲတွင် ရဲဝံ့စွာ ရပ်နေသည်။ထို့နောက် သူ့အထက်မှလူကို အမိန့်ပေးလိုက်သည်။"ဖြတ်လိုက်ဟေ့"ဓာတ်လှေကားကို ဆိုင်းထားသောကြိုးအားအထက်မှလူက ကြိုးဖြင့် ဖြတ်ချလိုက်သည်။သူတီထွင်ထားသော          ဓာတ်လှေကားသည် ကြိုးပြတ်ကျသွားသည့်တိုင်အောင်အန္တရာယ်မရှိနိုင်ကြောင်း လက်တွေ့သက်သေပြလိုက်နိုင်သည်။ကိုယ်တော်သည် မိမိတပည့်တော်များတို့အားမိန့်တော်မူသည်ကားငါ၏နောက်သို့လိုက်လိုသောသူသည်မိမိကိုယ်ကိုငြင်းပယ်စေ။မိမိ၏ လက်ဝါးကပ်တိုင်ကိုလည်းထမ်း၍ ငါ၏နောက်သို့လိုက်စေ။အကြောင်းမူကားမိမိ၏ အသက်ကိုကယ်တင်လိုသော သူသည်အသက်ဆုံးရှုံးလိမ့်မည်။ငါ့အတွက်နှင့်ဧဝံဂေလိတရားတော်အတွက်ကြောင့် အသက်ဆုံးရှုံးရသောသူသည် မိမိ၏ အသက်ကိုကယ်တင်လိမ့်မည်။လူသည်စကြဝဠာတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိမည်နည်း။ရှင်မာကု ၈:၃၄-၃၆သေချာတွေးကြည့်လျှင်ခရစ်တော်သည် ပြီးပြည့်စုံသော အထက်ဘုံကောင်းကင်ရွေပြည်မှလူ့​လောကကမ္ဘာသို့ ဓာတ်လှေကားမပါ ဗလာနတ္တိ စွန့်လွတ်စွန့်စားဆင်းသက်လာသည်။သူတပည့်တော်များကိုလည်း သူနောက်လိုက်လျှင်"ငါ"ဆိုသောအတ္တကိုဖျောက်၊ ကိုးလို့ကန့်လန့် လေးလံခက်ခဲသောကားတိုင်ကိုထမ်းရမည်ဟုသွန်သင်သည်။လောကစည်းစိမ်၊ဇိမ်ခံဖို့ဟူသည် အလှမ်းဝေးပေသည်။မည်သို့ပေးဆပ်ရမည်ကိုသာ သွန်သင်လိုက်သေးသည်။ခရစ်တော်နောက်လိုက်လို့ ခေါင်းဆောင်ပြုမည်ဘဲဆိုဆို၊တိုင်းပြည်နှင့်လူမျိုးတွက်သမ္မတလုပ်မည်ဘဲပြောပြော အောတစ်ကဲ့သို့ လူယုံကြည်လက်ခံထိုက်အောင်ငါ့အတွက်၊ငါ့မိသားစုအတွက်၊ငါ့လူမျိုး၊ငါ့ဘာသာဆိုသော အတ္တစိတ်ကို ဖြတ်လိုက်ဟေ့ အော်ရဲ့လား၊ဖြတ်ရဲပြီလား။ထိုသို့မဟုတ်ဘဲ"မင်း"ပြုလျှင် သင်သည်လည်း စကြဝဠာတစ်ခုလုံးကို အစိုးရ၍သင့်အသက်ဝိညာဉ်ဆုံးရှုံးခြင်းသို့ရောက်ပေမည်။
 #Photo credit Pinterest

Daily Reflection