ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ် စနေနေ့ ထောက်ရှုချက်
Mark 9:2-13
✍Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထွက်မြောက်ရာ ၂၄:၁၂–၁၈ တွင်နောက်တကြိမ် သိနာတောင်ပေါ်သို့မောရှေတက်ရပြန်သည်။ဤအခေါက်တွင်မူလက်ထောက် ယောရှုလည်းပါသည်။ဓမ္မဟောင်း၌မိုးဇက်သည်ထာဝရဘုရားဆီမှခွန်အားတန်ခိုးရရန်တောင်ပေါ်သို့ အကြိမ်ကြိ်တက်သည်ကိုသတိပြုမိသည်။ခုတခါ သိနိုင်တောင်ပေါ်သို့ ယောရှုတက်ပြီး ဘုရားသခင်နှင့် ထိတွေ့ပြီးနောက်ပညတ်တော်(၁၀)ပါးကိုယူဆောင်ကာ တောင်ခြေ၌ပျက်းစီးသို့ရောက်သောသူ၏ လူမျိုးတော်ကိုပြန်လည်၍စုစည်းဦဆောင်သည်။ခြောက်ရက်လွန်သောအခါ ယေဇူးသည်ပေတရု၊ယာကုပ်နှင့် ယောဟန်တို့ကို မြင့်သောတောင်ပေါ်သို့ အခြားသူများမပါဘဲခေါ်သွားတော်မူ၏။ထို့နောက်ကိုယ်တော်သည် သူတို့ရှေ့၌ပင်အဆင်းသဏ္ဌန်ပြောင်းလဲတော်မူလေ၏။ထိုအခါမိုးတိမ်သည်သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှ အသံလာသည်ကား ဤသူသည်ငါအလွန်နှစ်သက်မြတ်နိုးရာငါ၏ ချစ်သားပေတည်း။သူ့ကိုနာခံကြလော့ဟူ၍ဖြစ်သတည်း။ရှင်မာကု ၉:၂,၇ ဓမ္မသစ်တွင်ခရစ်တော်သည်တပည့်တော်၃ပါးနှင့်တောင်ပေါ်သို့တက်ပြီး ခမည်းတော်ဘုရားနှင့်ထိတွေ့ပေါင်းစပ်ကာဥဿုံပြောင်းလဲသည်။ခရစ်တော်ကို နားထောင်ပေးရန်ဟူသောစကားကို တပည့်တော်တို့လဲရင်ခွင်ပိုက်လျက်တဖန်တောင်အောက်ပြန်ဆင်းကာ ကယ်တင်ခြင်းလုပ်ငန်းခရီးလမ်းပြန်ဆက်ကြသည်။တောင်ဟူသောအမြင့်သည် တက်သောအခါ အားယူရသည်။ဘဝခရီးတွင်အမြင့်ကိုတက်ခြင်းဟူသော ဆုတောင်းခြင်းနှင့်ခရစ်တော်၏နှုတ်တော်ထွက်ကိုခံယူရင်းစစ်ဘေးစစ်ဒဏ်ကြောင့် အိမ်ယာမဲ့သူ၊ အထီးကျန်အဖော်မဲ့သူ၊ ကိုယ်စိတ်နွမ်းလျသူ ၊ အနာဂတ်မဲ့သူ၊လမ်းမှားသူတို့ကိုနားလည်လက်ခံ၊ဖေးမကူညီခြင်းဖြင့်မိုးဇက်နှင့်ခရစ်တော်၏ တောင်ခြေခရီးဆက်နိုင်ရန်အားဖြည့်ကူညီကြပါစို့။ဘုရားရှင်ကောင်းကြီးပေးပါစေ။