ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်၊ သာမန်ကာ သတ္တမ တနင်္ဂနွေနေ့ ထောက်ရှုချက်
Mt. 5:38-48
✍Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သင်နှင့်နီးစပ်သောသူကိုချစ်လော့။သင်၏ ရန်သူကိုမုန်းလော့ဟူသောပညတ်စကားရှိသည် ကိုသင်တို့ကြားခဲ့ရလေပြီ။သို့သော်သင်တို့အား ငါဆိုသည်မှာသင်တို့၏ရန်သူတို့ကို ချစ်ကြလော့။သင်တို့ကို နှိပ်စက်ညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။ရှင်မာသေဦး ၅:၄၃-၄၄ဆင်းရဲသားမိသားစုတွက် အလှူခံသောမာသာထရေဇားကို လူတယောက်ကသူ့ကိုတွံတွေးနဲ့ထွေးသောအခါ မာသာထရေဇားက ဤတွံတွေးသည် ကျွန်ုပ်အတွက်ဖြစ်၍ ဆင်းရဲသားအတွက်ကိုတော့ငွေကြေးလှူပါဟု ဆိုနိုင်သောနှိမ့်ချခြင်းစိတ်ထားမျိုး..ရထားပေါ်မှ ဖိနပ်တဖက်ပြုတ်ကျကျန်၍ ကျန်တဖက်ကိုပါပစ်ချပေးပြီးတစ်စုံတစ်ယောက်အတွက် အကျိုးရှိပါစေဟုကောင်းကျိုးပြုစေလိုသော မဟတ္တမဂန္နီလိုစိတ်ဓာတ်မျိုး..မင်း၏ကျိန်ဆဲမှုအားလုံးကိုကျွန်ုပ်ကယူမထား၍ထိုကျိန်စာအားလုံးသည် သင်သာပိုင်ဆိုင်သည်ဟု မြင့်မြတ်စွာလက်ခံတွန့်ပြန်သော မြတ်ဗုဒ္ဓလိုစိတ်ထားမျိုး..အင်တာဗျူးတခုတွင် တပ်မတော်ကိုဘယ်လိုမြင်လဲဟုမေးရာ တပ်မတော်ကဖေဖေတည်ထူထားလို့ ကျမတို့မောင်နှမတွေပါ ဟု သဘောထားကြီးသော ဟုဖြေဆိုခဲ့ဖူးသောဒေါ်အောင်ဆန်းစုကြည်လိုစိတ်ထားမျိုး..စစ်မှန်သော လွတ်လပ်မူဟူသည် သံကြိုးများကို ဖြတ်ထောက်ပေးခြင်းမဟုတ် တစ်ပါးသား၏လွတ်လပ်မှုကိုလေးစားမြင့်တင်ပေးခြင်းဖြစ်သည်ဟုပေးဆပ်ကြွေးကြော်နိုင်သောနယ်လ်ဆင်မန်ဒဲလားလို စိတ်ထားမျိုး..မိမိရင်သွေးသားရတနာကိုမတရားသက်သက် ညဥ်းပမ်းနှိမ့်စက်သည်ကို အယူခံဝင်ခြင်းမရှိ၊ကားတိုင်ခရီးစဥ်တလျှောက် ဝေဒနာကိုမြုံသိပ်ရင်းခရီးဆုံးတိုင်ပါရမီနှင့်ပြည့်သောအကြင်နာမိခင်မယ်တော်မာရိယာတို့လို စိတ်ထားမျိုးသာ ဤလောကမှာရှိနေရင်"ရန်သူကိုချစ်ပါ"ဟုဆိုဖို့လိုသေးလား။
ဆုတောင်းကြစို့။ အိုသခင် ကျွန်ုပ်သည် ချစ်ခြင်းအားဖြင့် အရာအားလုံးကိုအောင်နိုင်သောအပြုသဘောဆောင်သောသူဖြစ်ရလေအောင် ပုံသွင်းပြုပြင် အသုံးချပေးပါမည့်အကြောင်း တောင်းလျှာက်အပ်ပါသည်။