Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-19 09:05:43

ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ ၂၀၂၃၊ တနင်္လာနေ့၊ သာမန်ကာလ (၇) ကြိမ်မြောက်
(မာကု 9:14-29, ကက်သလစ်သမ္မာကျမ်းစာ CBCM)
Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 “14.သူတို့သည်တပည့်တော်တို့ရှိရာသို့ ရောက်ကြသောအခါ သူတို့အနီးတွင် များစွာသောလူအစုအဝေးတို့ရောက်ရှိနေသည်ကိုလည်းကောင်း၊ကျမ်းတတ်ဆရာတို့သည်လည်း သူတို့နှင့်ဆွေးနွေးငြင်းခုံနေကြသည်ကိုလည်းကောင်တွေ့ကြ၏။15.လူအပေါင်းတို့သည် ကိုယ်တော်ကိုတွေ့ကြသည်နှင့်တစ်ပြိုင်နက် အလွန်အံ့ဩကြလျက် အထံတော်သို့ပြေးလာကြ၍ကိုယ်တော့်ကိုနှုတ်ဆက်ကြလေ၏။16.ကိုယ်တော်ကလည်း သင်တို့သည်ထိုသူတို့နှင့်မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်းဟုသူတို့အား မေးတော်မူ၏။17.လူအစုအဝေး ထဲမှတစ်ယောက်က ဆရာသခင်၊အကျွန်ုပ်၏သားသည် ဆွံ့အစေသောနတ်ဆိုးပူးနေသောကြောင့်သူ့ကိုကိုယ်တော့်ထံသို့ ခေါ်ဆောင်လာခဲ့ပါသည်။18.နတ်ဆိုးပူးသော အခါတိုင်း၎င်းသည်သူ့ကို မြေပေါ်သို့ပစ်ချ၍ သူသည်ပါးစပ်မှအမြှုပ်များထွက်လာလျက်အံသွားများ ကြိတ်ပြီးခန္ဓာကိုယ်လည်း တောင့်လာပါသည်။ထိုနတ်ဆိုးကို နှင်ထုတ်ပေးရန်ကိုယ်တော်၏တပည့်များအား အကျွန်ုပ်တောင်းပန်သော်လည်း သူတို့သည်မတတ်နိုင်ကြပါ ဟုလျှောက်လေ၏။19.ကိုယ်တော်ကလည်း အိုယုံကြည်ခြင်းကင်းမဲ့သောလူမျိုးဆက်၊ငါသည် သင်တို့နှင့် မည်မျှကြာအောင်နေရမည်နည်း။မည်မျှကြာအောင် သင်တို့ကိုငါသည်းခံရမည်နည်း။သူ့ကို ငါထံသို့ခေါ်ခဲ့ကြလော့ဟုသူတို့အား မိန့်တော်မူ၏။20.ထိုအခါ သူတို့သည် သူငယ်ကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။နတ်ဆိုးသည် ကိုယ်တော့်ကိုမြင်လျှင် ချက်ချင်းသူငယ်ကိုပြင်းထန်စွာလှုပ်ခါသဖြင့် သူငယ်သည် မြေပေါ်သို့လဲကျကာ လူးလိမ့်လျက်ပါးစပ်မှအမြှုပ်များထွက်နလေ၏။21.ယေဇူးက သူ၌ ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်းဟု သူငယ်၏ဖခင် အားမေးတော်မူလျှင် သူကသူငယ်စဉ်ကပင် စ၍ဖြစ်ခဲ့ပါသည်။22. နတ်ဆိုးသည်သူငယ်ကိုသေစေရန် မီးထဲသို့ လည်းကောင်း၊ ရေထဲသို့လည်းကောင်း အကြိမ်ကြိမ်ပစ်ချခဲ့ပါပြီ။ သို့သော် ကိုယ်တော်တတ်နိုင်တော်မူပါလျှင် အကျွန်ုပ်တို့ကိုသနားသဖြင့် ကူညီတော်မူပါဟု လျှောက်ထားလေ၏။23.ထိုအခါ ယေဇူးကကိုယ်တော်တတ်နိုင်တော်မူပါလျှင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ယုံကြည်သောသူအတွက်ခပ်သိမ်းသောအမှုတို့သည် ဖြစ်နိုင်သည်ဟု သူ့အားမိန့်တော်မူ၏။24.သူငယ်၏အဖသည်လည်း ချက်ချင်းပင်အော်ဟစ်အသနားခံလျက် အရှင်ဘုရား၊အကျွန်ုပ်ယုံကြည်ပါ၏၊အကျွန်ုပ်၏အားနည်း သောယုံကြည်ခြင်းကို အားဖြည့်ပေးတော်မူပါဟုဆိုလေ၏။25.ထိုအခါ ယေဇူးသည်အထံတော်သို့ အပြေး အလွှားစုဝေးလာနေကြသောလူအစုအဝေးကို မြင်လျှင် ညစ်ညူးသော နတ်ဆိုးအား ကြိမ်းမောင်းလျက် ဆိုသည်ကား ဆွံ့အ၍ နားပင်းသောနတ်ဆိုး၊ သင့်ကို ငါအမိန့်ပေး၏၊ ဤသူ့ထံမှ ထွက်သွားလော့၊ ဘယ်သောအခါမျှ သူ့အထဲသို့ ပြန်မဝင်လေနှင့်ဟုမိန့်တော်မူ၏။26.နတ်ဆိုး သည်လည်း အော်ဟစ်၍သူငယ်ကို ပြင်းထန်စွာလှုပ်ခါပြီး နောက် သူ့ထံမှ ထွက်သွားလေ၏။သူငယ်သည်လည်းအသေကောင်ကဲ့သို့ ဖြစ်နေသောကြောင့် လူအများက သူသေပြီဟုဆိုကြ၏။27.သို့သော် ယေဇူးသည် သူငယ် ၏လက်ကိုကိုင်လျက် သူ့အား ထူမတော်မူလျှင် သူသည် ထလာလေ၏။28. ထို့နောက် ကိုယ်တော်သည်အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့က အဘယ်ကြောင့် တပည့်တော်တို့သည်နတ်ဆိုးကို မနှင်ထုတ်နိုင် ရပါသနည်းဟု တိတ်တဆိတ်မေးလျှောက်ကြလေ၏။29.ကိုယ်တော်ကလည်း ဤနတ်ဆိုးမျိုးကို ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းဖြင့်သာလျှင်နှင်ထုတ်နိုင်သည်ဟု သူတို့အား မိန့်တော်မူ၏။”
ထောက်ရှုချက်"နတ်ဆိုး သည်လည်း အော်ဟစ်၍ သူငယ်ကို ပြင်းထန်စွာလှုပ်ခါပြီးနောက်သူ့ထံမှ ထွက်သွားလေ၏။"(မာကု 9:26)လူငယ်ကလေးမြေပေါ်မှာပြင်းထန်စွာလှုပ်ခါလဲကျခြင်းဟာစာတန်ရဲ့ပြိုလဲပျက်စီးခြင်းဖြစ်ပါတယ်။တပည့်တော်တို့က"အဘယ်ကြောင့် တပည့်တော်တို့သည် နတ်ဆိုးကိုမနှင်ထုတ်နိုင်ရပါသနည်း။"ယုံကြည်ခြင်းအားနဲသောကြောင့်ဖြစ်ပါတယ်။"အိုယုံကြည်ခြင်းကင်းမဲ့သောလူမျိုးဆက်၊ငါသည် သင်တို့နှင့်မည်မျှကြာအောင်နေရမည်နည်း။"(မာကု 9:19)သင်တို့တွင်မုန်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းရှိပါလျှင် ဤတောင်ကို ဤနေရာမှ ထိုနေရာသို့ ပြောင်းရွှေ့လော့ဟုဆိုလျှင် ၎င်းသည်ပြောင်းရွှေ့လိမ့်မည်။သင်တို့မတတ်နိုင်သောအရာလည်းရှိလိမ့်မည်မဟုတ်။” (မာတေဦး 17:20)တပည့်တော်တို့၌ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါဘုရား။

Daily Reflection