ဖေဖေါ်ဝါရီလ ၂၁ ရက် ၊ သတ္တမကြိမ်မြောက် သာမန်အပတ် အင်္ဂါနေ့
Mark 9:30-37
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သူတို့မူကား တိတ်ဆိတ်စွာနေကြ၏။အကြောင်းမူကား မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သည်ကို လမ်းခရီး၌ သူတို့အချင်းချင်းပြောဆိုငြင်းခုံခဲ့ကြသောကြောင့်ဖြစ်၏။ကိုယ်တော်သညလည်း ထိုင်၍ တစ်ကျိပ်နှစ်ပါး တို့ကို ခေါ် ပြီးလျှင်ပထမဦးဆုံးဖြစ်လိုသောသူသည် အားလုံးတွင် နောက်ဆုံးသောသူနှင့် အားလုံး၏အစေခံဖြစ်ရမည်ဟု သူတို့အားမိန့်တော်မူ၏။ရှင်မာကု ၉:၃၄-၃၅"နှိမ့်ချခြင်းဟူသည် မိမိကိုယ်မိမိ သေးငယ်သေးသိမ်သွားစေခြင်းမဟုတ် မှန်ကန်ကောင်းမွန်စွာ ယတာဘူတကျကျမိမိတို၏။အရှိကိုအရှိအတိုင်း လူမှန်နေရာမှန် နားလည်လက်ခံခြင်းဖြစ်သည်"။Pope Francis ယနေ့ အမိမြန်မာပြည်သည် ထိပ်ဆုံးကနေရာတခုရယူဖို့အတွက်အသက်ပေါင်းများစွာ စတေးလိုက်ရသည်။ငြိမ်းချမ်းရေးလမ်းစဉ်ကို စာပွဲခုံတွင်ဆွေးနွေးမလား၊အစာငတ် ခံတောင်းဆိုမလား၊လက်အစုံကွေးပြီးရယူမလား နည်းမျိုးစုံကြိုးစားကြသည်။ဧကန်စင်စစ် တဦးတယောက်ခြင်းစီ လုပ်နိုင်သောအရာကား မာသာထရီဇာပြောသောနှိမ့်ချခြင်းသည်သာ စည်းလုံးမူဖြစ်စေပြီး စည်းလုံးမှုတို့သည် ငြိမ်းချမ်းမှု ကိုဖန်တီးပေးသည်။နှိမ့်ချလေ မိမိနှလုံးသားထဲတွင် ခရစ်တော်ကိုနေရာပေးလေ၊နှိမ့်ချလေ ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်လေဟုဆိုသည်။ ခရစ်တော်၏ နှိမ့်ချခြင်းကြောင့် နွားတင်းကုတ်က သစ်သားသည် ဘုန်းဂုဏ်တော်အတွက်တည်စေမည့် ကားတိုင်တော် သစ်သားဖြစ်လာသည်။
အိုသခင် ကျွန်ုပ်တို့ကိုလည်း နှိမ်ချခြင်းပါရမီအားဖြင့် ငြိမ်းချမ်းရေးလက်နက်ဖြစ်စေတော်မူပါ။