Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-21 05:34:01

ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၂၃၊ ပြာခံပွဲ ဗုဒ္ဓဟူးနေ့၊
Mt.6:1-6, 16-18
Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထာဝရဘုရားမိန့်တော်မူသည်ကားအစာရှောင်ခြင်း၊ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွေးမဲ့ ငါ့ထံသို့ ပြန်လာကြလော။အဝတ်ကိုမဆုတ်ဘဲနှလုံးကိုဆုတ်လျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားထံသို့ ပြန်လာကြလော့။ယောလ ၂:၁၂လှူဒါန်းပေးကမ်းသောအခါ သင်တို့၏ လက်ယာလက်ပြုသော အမှုကိုလက်ဝဲလက် မသိစေနှင့်။ မထင်မရှားပြုမူသည့် အမှုတို့ကို မြင်တော်မူသောသင်တို့၏ အဖသည် သင်တို့အား ဆုကျေးဇူးပေးသနား တော်မူလိမ့်မည်။ဆုတောင်းပတ္ထနာပြုသောအခါ လူတို့မြင်စေခြင်းငှာတရားဇရပ်များနှင့် လမ်းဆုံလမ်းခွများတွင်ရပ်လျက် ဆုတောင်းခြင်း၊သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မဖြစ်စေကြနှင့်။အခန်းအတွင်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှဆိတ်ကွယ်ရာ၌ ဆုတောင်းသော အမှုကိုမြင်တော်မူသော သင်တို့၏အဖသည်သင်တို့အား ဆုကျေးဇူးပေးသနားတော်မူလိမ့်မည်။ အစာရှောင်သောအခါ လူတို့မြင်စေရန် မဟုတ်ဘဲ မျက်စိနှင့် မမြင်နိုင်သောသင်တို့၏ အဖမြင်စေရန်ဖြစ်၏။ ဆိတ်ကွယ်ရာ၌ ပြုမူသောအရာတို့ကို မြင်တော်မူသော သင်တို့၏ အဖသည် သင်တို့အားဆုကျေးဇူး ပေးသနားတော်မူလိမ့်မည်။ ရှင်မာသေဦး ၆:၃-၆, ၁၇-၁၈ကျမ်းစာကိုထောက်ရှုသော် (Don't & do)ဆောင်ရန်၊ရှောင်ရန်တို့ကိုဖော်ပြထား သည်။ထိုဆောင်ရန်၊ရှောင်ရန်မဏ္ဍာန်အောက်တွင်"အဝတ်ကိုမဆုတ် နှလုံးကိုဆုတ်လျက် ရုပ်ဝတ္ထုထက်နှလုံးသားမှလာသောစစ်မှန်သော ပေးဆပ်မှု၊နောင်တသံဝေဂတရားများ၊ ပေးလှူသောအခါ ဂုဏ်ပကာသနကို အဓိကမထား အတွင်းကလာသောကရုဏာ သဒ္ဓါတရားများ။ဆုတောင်းခြင်း၊ အစာရှောင်ခြင်းတို့၌ ဂုဏ်ဖော်ခြင်းမဟုတ်၊ ထင်ပေါ်လို၍မပါ၊ဟန်ဆောင်မှုကင်း၊ ပကာသနမဲ့၍ အတွင်းကလာသော အစစ်အမှန်ခြင်းတွက် ဘုရားမြင်တော်မူ၍ကောင်းကြီးပေးကြောင်း ကတိပြုတော်မူ၏။စိတ်ပညာ ရှုထောင့်ဖြင့်ထောက်ရူသော် ဂုဏ်ဖော်လိုခြင်း၊အသိအမှတ် ပြုခံလိုခြင်းထင်ပေါ်လိုခြင်းတို့သည် မိမိတို့၏ ရှင်သန်ဖြစ်တည်မူကို ကိုယ်နဲ့ဘုရားမဟုတ်ဘဲ တပါးသူပေါ်လုံးဝမှီခိုခြင်း ဖြစ်သည်။ တပါးသူကချီးမွမ်းလျှင်၊အသိမှတ်ပြုလျှင် ကိုယ်သည်တန်ဖိုးရှိပြီး တပါးသူကဲ့ရဲ့၍ တန်ဖိုးမထားလျှင် ကိုယ့်ဖြစ်တည်မူပျောက်သွား၍ လူမူရေးဆက်ဆံရေးတို့တွေ ကမောက်ကမဖြစ်သွားသည်။တကယ်တော့ လူ့လောကတွင် လူဖြစ်လာရခြင်းသည် ဘုရားသည်သာ ကျွန်ပ်တို့၏ မူလဖြစ်တည်မှုနှင့်ရေသောက်မြစ်ဖြစ်သည်။ ရေသောက်မြစ်နှင့်ဝေး၍မဖြစ်သော ခေတ်၏ဘဝပူလောင်မှုအမျိုးမျိုးကြားတွင် ရေငတ်သောသမင်တို့သည် သောက်ရေကိုလိုက်ရှာသည့်အသွင် ထာဝရအသက်စမ်းရေအေးကိုစီးဆင်းပေးသော ခရစ်တော်ကို အဝတ်လဲဆုတ်၊ နှလုံးလဲဆုပ်၊ စိတ်နှလုံးအကြွေးမဲ့ တိုးဝင်ချဥ်းကပ် ပြန်လှည့်လာကြပါစို့။ အကြင်နာတရားနှင့်ပြည့်တော်မူသော ခရစ်တော်သည် ကျွန်ပ်တို့ကိုလက်ကမ်းကြိုနေမည်။

Daily Reflection