ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၂၃၊ ပြာခံပွဲ ပြီးသောကြာနေ့၊
ရှင်မာသေဦး ၉:၁၄-၁၅
Sr. Christina Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ပထမကျမ်း၌ဖရောဖက်ဟေရှာယဆိုထားသည်ကာ“ငါနှစ်သက်တော်မူသော အစာရှောင်ခြင်းဟူမူကား မတရားသောအချည်အနှောင်ကိုချွတ်ခြင်း၊လေးလံသောဝန်ကိုချခြင်း၊ညှဥ်ဆဲ့ခံရသောလူကိုလွတ်ခြင်း၊တန်ဘိုးရှိသမျှကို ချိုးခြင်းမဟုတ်ပါလော။မွတ်သိပ်သောသူကိုအစာကျွေးခြင်း၊နေစရာမရှိသောသူကိုအိမ်သို့ပို့ဆောင်ပေးခြင်း၊အဝတ်မရှိသောသူကိုအဝတ်ပေးခြင်း မဟုတ်ပါလော။သို့ပြုလျှင် သင်၏အလင်းသည် မိုးသောက်ကဲ့သို့ ပေါ်ထွန်း၍ သင်၏အနာတရ အမြန်ကုစားမည်။ ဟေရှာရ ၅၈:၆-ဧဝံဂေလိကျမ်းထိုအခါ ယောဟန်၏တပည့်တို့သည် ကိုယ်တော့်ထံသို့ ချဉ်းကပ်၍ အကျွန်ုပ်တို့နှင့် ဖာရီဇေးဦးတို့သည် ကြိမ်ဖန်များစွာ အစာရှောင်ကြ၍ ကိုယ်တော်၏တပည့်တော်တို့မူကား အဘယ်ကြောင့် အစာမရှောင်ဘဲနေကြပါသနည်းဟု မေးလျှောက်ကြ၏။ထိုအခါ ယေဇူးက မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်တို့သည် မိမိတို့ နှင့်အတူ သတို့သားရှိနေစဉ် ဝမ်းနည်းပူဆွေးကြပါမည်လော။သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များရောက်လာသောအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။ရှင်မာသေဦး ၉:၁၄-၁၅ပုပ်ရဟန်းမင်းကြီး၏ ဗုဒ္ဓဟူးနေ့ကြီးပြာခံပွဲဩဝါဒတွင် ဟောကြားသည်မှာ သင့်သည် လူ့အခွင့်အရေး အသိမှတ်ပြုပြီလား။ သင်၏ ဝါရှောင်ခြင်းတို့သည် တပါးသူအတွက် အကျိုးမပြု၊အကူအညီမဖြစ်လျှင် သင့်၏ဝါရှောင်ခြင်းသည် လွဲမှားသောဝါရှောင်ခြင်းဖြစ်သည်။ဟန်ဆောင်ခရစ်ယာန်ဖြစ်မည်။ဖာရီဇေဦးကဲ့သို့ဖြစ်မည်ဟုဆို၏။တကယ်တော့ ပထမကျမ်းသည် လူ့အခွင့်အရေးကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။"ကိုယ်တော်က လူသားသည် ဥပုသ်နေ့၏ အရှင်သခင်ပင်ဖြစ်သည်ဟုသူတို့အား မိန့်တော်မူ၏"ရှင်မာကု ၂:၂၈ကိုဗစ်နှင့်စစ်ဖြစ်သည့်နှောက် စိတ်ကုဆရာဝန်များက အစားအသောက်ကောင်းကောင်းစားခြင်းအားဖြင့် ဤဒုက္ခကိုခုခံနိုင်မည် ဟုအားပေးသည်။အဓိကနှင့်သာမညကို ခွဲခြားနားလည်လျက် မိမိကိုယ်ကိုယ်လည်းဂရုစိုက်၊အများကျိုးကိုပေးသော ဝါရှောင်ခြင်းမျိုး၊ဥပုပ်မျိုးဖြစ်ဖို့ရာအရေးကြီးသည်။ဥပုပ်သီလကြောင့်နုတ်ဆိတ်ခြင်းထက် လိုနေသောလူ့အခွင့်အရေးကိုသိမှတ်ပြုသော လုပ်ဆောင်မှုဖြစ်ရန်အရေးကြီးသည်။အိုသခင်ကျွန်ပ်ကျွန်ပ်တို့သည် ရယူခြင်းထက် ပေးကမ်းတတ်သောသူ၊ကြေကွဲမှုများတွက်ဝမ်းမြောက်မှုပေးသူ၊အမှောင်ကြားကအလင်းပေးသူဖြစ်စေပါ။
Source:wwwvaticannews.va Pope Francis warns against “fake fasting” during lent