ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၂၃၊ ပြာခံပွဲ ပြီးစနေနေ့၊
Luke 5:27-32
Sr. Christina Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယေဇူးကလည်း ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်ပေ။ဖျားနာသောသူတို့မူကားလိုအပ်၏။ဖြောင့်မတ်သောသူ တို့ကိုခေါ်ရန်ငါလာသည်မဟုတ်၊အပြစ်ရှိသောသူတို့ကို နောင်တရစေရန် သာငါလာ ခြင်းဖြစ်သည်ဟု သူတို့အားမိန့်တော်မူ၏။ရှင်လုကာ ၅:၃၁-၃၂မေ့လေ့မေးထအမေးခံလေ့ရှိသော စကားတခွန်းရှိသည်။ကျောင်းမှာမိဘမဲ့ခလေးရှိလားတဲ့။အကြောင်းရင်းနှစ်မျိုးရှိသည်။တမျိုးမှာ အလှူလုပ်လို၍ နောက်တမျိုးမှာကိုယ်ကျိုးတွက်အခိုင်းအစေအဖြစ်မွေးစားလိုခြင်းဖြစ်သည်။မိန်းခလေးရှိကြောင်းသိရှိနားလည်သောအခါ မျက်နှာရှည်လမျောဖြစ်သွားကြသည်ကိုလည်းကြုံဖူးသည်။ခေတ်ဆိုးစနစ်ဆိုးအောက်မှာ မိဘမဲ့ပိုများလာမည်။ Singer mother ပိုများလာမည်။မသန်စွမ်းသူများလာမည်။ဘိုဘွားရိပ်သာပိုများလာမည်။ မူးယဇ်းဆေးဝါးသုံးစွဲသူပိုများလာမည်။ ဟန်ဆောင်မှုနှင့်ပြည့်သောဤတိုင်းပြည်များတွင် မည်သူကသိုးမည်းနှင့်မည်သူကသိုးထိန်းဟူသည်ခွဲခြားရခက်ပေမည်။ မိမိကိုယ်တိုင်လည်း သိုးထိန်းဖြစ်လိုက် သိုးမည်းဖြစ်လိုက်၊ ရေတိမ်နစ်လိုက်၊ရေနက်ထဲနစ်လိုက်၊ပေါ်လိုက် ပျောက်လိုက်ဖြစ်လိမ့်မည်။မည်သို့ပေဖြစ်စေကာမူ ၂ကောရိန္တု ၁၂:၉ ၌"ကိုယ်တော်ကငါ၏ကျေးဇူးတော်သည်သင့်အတွက်လုံလောက်ပေ၏။ သင်အားနည်းသောအခါ ငါ၏တန်ခိုးတော်မှာ ပြည့်စုံလာလေသည်ဟုမိန့်တော်မူ၏။မိမိသိုးမည်းဖြစ်လို့ ရေနက်ထဲနစ်သောအခါ အကူအညီတောင်းခံတတ်ရန်နှင့်ခရစ်တော်၏ကျေးဇူးတော်၊တန်ခိုးတို့ကို လက်ခံယုံကြည်ကြိုးစားရန်ဖြစ်သည်။အခြားတဘက်မှာ မိမိသည် ဆေးဆရာဖြစ်လို့ သိုးထိန်းဖြစ်သောအခါ စီရင်ဆုံးဖြတ်မှုမပါ၊ပြစ်တင်ဝေဖန်ခြင်းမရှိဘဲ မကျန်းမာသူ၊အားနည်းသူအတွက် ဆေးဆရာနှင့်အဖော်ပြုသူဖြစ်ရလေအောင် ကြိုးစားဆုတောင်းကူညီပေးကြပါစို့။