February 26, 2023-First Sunday of Lent;
ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၂၃၊ ဝါတွင်း ပထမတနင်္ဂနွေနေ့၊
Matthew 4:1-11
Sr. Christina Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဆာလောင်မူသည် ဒေါသဖြစ်စေသည် ဟု ဆိုတတ်ကြသည်။လူတယောက်အတွက် စုံစမ်းနှောက်ယှက်ခြင်းနှောက်သို့အလွယ်တကူပါသွားနိုင်ဆုံးသောအချိန်ကား (HALT) ခေါ် Hungery ဆာလောင်သောအချိန်၊ Angery ဒေါသအမျက်ထွက်သောအချိန်၊ longly အထီးကျန်ဆန်သောအချိန်၊ Tired ပင်ပန်းနွမ်းလျှနေချိန်ဖြစ်သည်။အကင်းပါးသောနတ်ဆိုးတို့သည် သခင်ယေဇူး ကန္တာရသို့ ရက်ပေါင်း ၄၀ အစာရှောင်၊ဝါရှောင်၊ဆုတောင်းပြီး ပင်ပန်းနွမ်းလျှဆာလောင်အချိန်တွင် လာရောက်စုံစမ်းသည်။သဲကန္တရထဲက သခင်ယေဇူး၏နောက်ယှက်စုံစမ်းခြင်းကိုနာမည်ပေးခွဲခြမ်းစိတ်ဖြာသော်(၁)ရုပ်ပိုင်းဆိုင်ရာ လိုအင်ဖြည့်ဆည်း ပိုင်ဆိုင်မှု(၂) စည်းစိမ် အာဏာရယူလိုမှု(၃)ဂုဏ်သတင်းထင်ရှားကျော်ကြားလိုမှုတို့ဖြစ်သည်။၁)ပထမနှောက်ယှက်ခြင်းကား"သင်သည်ဘုရားသခင်၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို ပေါင်မုန့်ဖြစ်စေ ရန် အမိန့်ရှိတော်မူပါဟု ကိုယ်တော်အားလျှောက်လေ၏။ရှင်မာသေဦး ၄:၃လူ့အာဒံအားအသီးစားလျှင် ဘုရားဖြစ်မည်ဟုစုံစမ်းသကဲ့သို့ ခရစ်တော်အား ကျောက်ခဲ့မှပေါင်မုန့်ပြောင်းလျှင်ဘုရားဖြစ်မည်ဟု စုံစမ်းသည်။ခရစ်တော်ကလည်း "လူသည်ပေါင်မုန့်နဲ့အသက်ရှင်ခြင်းမဟုတ် နှုတ်ကပတ်တော်၌အသက်ရှင်ရန်"ဖြေကြာသည်။ထွက်မြောက် ၈:၃ရုပ်ခန္ဓာ လိုအင်တပ်မက်မှုသွေးဆောင်မှုနောက်သို့ခရစ်တော်မပါဝင် ကျော်လွားနိုင်ခဲ့သည်။၂) ဒုတိယနှောက်ယှက်ခြင်းကား"သင်သည် ပျပ်ဝပ်၍ ငါ့ကိုရှိခိုးလျှင် ဤအရာအားလုံးကို သင့်အား ငါပေးမည်ဟု ကိုယ်တော်အားပြောလေ ၏။ရှင်မာသေဦး ၄:၉ဤတွင် နတ်ဆိုးတို့ကို ကိုးကွယ်လျှင် စည်းစိမ်များနှင့်နိုင်ငံတော်ပိုင်ဆိုင်ရမည်ဟူသော အာဏာဖြင့်စုံစမ်းခြင်းပြုသည်သို့သော်ခရစ်တော်က "သင်၏ဘုရားကိုသာ ကိုးကွယ်လော အစေခံလော"ဟုပြန်ဆို၏။ထွက်မြောက်ရာ၆:၁၃လောက၌ စည်းစိမ်၊လူမူရေးနှင့်နိုင်ငံရေးအာဏာ၏ ဆွဲဆောင်မှုနောက်သို့ ခရစ်တော်ပါဝင်ခြင်းမရှိ။၃)တတိယနှောက်ယှက်ခြင်းကသင်သည် ဘုရားသခင်၏ သားတော်မှန် လျှင် သင့်ကိုယ်ကိုအောက်သို့ပစ်ချပါလော့။သင်၏သကြားတမန်များသင်၏ခြေကို ကျောက်ခဲတစ်လုံးနှင့်မျှ မထိခိုက်စေခြင်းငှာ သူတို့သည် သင့်ကိုသူတို့၏ လက်များဖြင့် ချီမကြလိမ့်မည်ဟု ဆိုပြန် ၏။ရှင်မာသေဦး ၄:၆သခင်ယေဇူးအား ခေတ်အဆိုအရ သတင်းစာထိပ်စည်းခေါင်းစဥ်၊ အခွင့်ထူးခံသူ၊ မီဒီယာ၏ အလည်ဗဟို၌ နေရာဆွဲဆောင်မူ၏ အလယ်ဗဟို၌နေရာရရန်၊ ဂုဏ်သတင်းထင်ရှားကျော်ကြားရန်ဆွဲဆောင်သည်။ သို့သော် ခရစ်တော်က "သင်၏ဘုရားသခင်ကို စုံစမ်းခြင်းမပြုရ"။ ထွက်မြောက် ၆:၁၆ခရစ်တော်သည် လူမျိုးနိုင်ငံဥပဒေမဟုတ် ကျမ်းစာအားဖြင့်အနိုင်ယူခဲ့သည်။ပထမလူပုဂ္ဂိုလ် လူအာဒံသည် နတ်ဆိုးတို့၏နှောက်ယှက်မှုတွင် ပါဝင်ခဲ့သည်။အလားတူ အီဇရာလ်တို့လည်း သဲကန္တရတွင် ရက်ပေါင်းလေးဆယ် ငတ်မွတ်သောအခါသံသယဝင်လာပြီး ရွှေ နွားရုပ်ကိုဖန်ဆင်း၍ကိုးကွယ်ခြင်းဖြင့် စုံစမ်းနှောက်ယှက်ခြင်းနောက် ပါဝင်သွား၏။HALT အတွင်း တူညီသောနှောက်ယှက်စုံစမ်းခြင်းနောက်သို့ပါဝင်ခြင်း၊မပါဝင်ခြင်း၏ လျှို့ဝှက်ချက် တစ်ခုတော့ရှိသည်။ ထိုအရာကားခရစ်တော်၏ ရက် ၄၀ ခန့် Fasting, prayer and union (FPU) ဝါရှောင် ဆုတောင်းရင်း ခမည်းတော်နှင့်ပေါင်းစပ်ခွန်အားယူခြင်းဖြစ်သည်။ဝါတွင်းကာလသည် ကျေးဇူးတော် ကာလဖြစ်သည်။ ဝါရှောင်ချိုးခြုံခြင်းအားဖြင့် မိမိကိုယ်ကိုယ် လေးနက်သောဆက်ဆံရေးတည်ဆောက်ခြင်း၊ လှူဒါန်းခြင်းဖြင့် တပါးသူနှင့် မိတ်ဆွေတည်ဆောက်ခြင်း၊ ဆုတောင်းခြင်းဖြင့် ဘုရားနှင့်ပေါင်းစပ်မိတ်ဖွဲခြင်းတို့၏ပေါင်းစည်းမူအားအင်သည် ဧကန်မုချ စုံစမ်းခြင်း နှောက်ယှက်ခြင်းကို ခုခံနိုင်သော လက်နက် ၃ မျိုးဖြစ်သည်။အိုသခင် ကျွန်ပ်အား နှောက်ယှက်ခြင်းအမှု၌ပါဝင်ခြင်းမရှိစေဘဲ မကောင်းဟူသမျှနှင့် ကင်းလွတ်စေတော်မူပါ။ အာမင်။
Ref:https://evengeli.net
http://www.youtube.com