ဖေဖေါ်ဝါရီလ ၂၇ ရက် ၂၀၂၃၊ ဝါတွင်း ပထမတနင်္လာနေ့၊
Matthew 25:31-46
Sr. Christina Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့အားစားစရာပေးကြ၏။ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့အားသောက်ရေကိုပေးကြ၏။ငါ သည်သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည်ငါ့အား ပျူငှာစွာကြိုဆိုကြ၏။ငါ၌ အဝတ်မရှိသောအခါ သင်တို့သည် ငါ့ကိုအဝတ်နှင့်လွှမ်းခြုံပေးကြ၏။ငါသည် ဖျားနာသောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ငါသည် ထောင်ထဲ၌ရှိနေသောအခါသင်တို့သည် ငါ့ထံသို့လာကြ၏ ဟုမိန့်တော်မူလိမ့်မည်။ရှင်မာသေဦး၂၅:၃၅-၃၆ခရစ်တော်ကိုယ်တိုင် နွားတင်ကုတ်ထဲကမွေးဖွားခြင်း၊နာမကျန်း၍ ဆင်းရဲ့ငတ်မွတ်နေသောသူနှင့်အတူရှိခြင်း၊စွန့်ပစ်ဝေဖန်ပြစ်တင်ခံရသူတို့တသားတည်း ရှိခြင်းဖြင့် မိမိသည် ဆင်းရဲသူအဖြစ်ဖော်ပြသည်။သမ္မတအိုဘားမား၏ ၁၅ နှစ်သမီး ဆင်ဖြူတော် သက်သောင့်သက်သာဘဝမှ စားသောက်ဆိုင်၌ အလုပ်ဝင်ရခြင်းဖြင့် ပြည်သူတို့နှင့် တသားတည်းကျသည်။ဒုတိယ ဗာတီကန်အစည်းအဝေးပြဋ္ဌာန်းချက်အရ ခရစ်ယာန်တို့၏ ကရုဏာလုပ်ငန်းတွင် ကျွုန်ုပ်တို့လက်ရှိအချိန်သည်လူတိုင်းကို အထူးသဖြင့် လိုအပ်သူများကို ချွင်းချက်မရှိ ကူညီရန်တာဝန်ရှိသည်ဟုဆို၏။လက်ရှိအခြေအနေတွင် အထူးအကူအညီလိုအပ်သူများအတွက် မိမိတတ်နိုင်သော အတိုင်းအတာ အလျောက်ကူညီဖေးမကြဖို့လိုအပ်သည်။"ငါအမှန်ဆိုသည်ကား အသိမ်ငယ်ဆုံးသောဤငါ၏ ညီအစ်ကိုတို့တွင် တစ်ဦးကိုသင်တို့ပြုစုခဲ့ကြလျှင် ငါ့ကိုပင်ပြုစုကြပြီ ဟုခရစ်တော်မိန်ဆိုသည်။ရှင်မာသေဦး ၂၅:၄၀အငယ်ဆုံးသော ဒုက္ခရောက်သူကို အလွဲသုံးပြုခြင်းသည် ခရစ်တော်ကို အလွဲသုံးပြုခြင်းဖြစ်၍ ခိုစရာမရှိသူတို့အား ခိုရာပေးခြင်းသည် ခရစ်တော်အား ခိုလုံခွင့်ပြုခြင်းနှင့် ထပ်တူပြုလေရာ ဘဝနေဝင်ချိန် ထွက်သက်၏ ဟိုတဘက်တွင် ထိုက်တန်သောဆုလဒ်ခံစားရမည်ဖြစ်သည်။အိုသခင် တပည့်တော်တို့သည် အငယ်ဆုံးသောသူကို မြင်နိုင်သောမျက်လုံးနှင့် ကူညီတတ်သောနှလုံးသား ပေးတော်မူပါ။