ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၂၃၊ ဝါတွင်း ပထမပတ်အင်္ဂါနေ့၊
Matthew 6:7-15
Sr. Christina Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကျွန်ုပ်တို့ကိုထိခိုက်ကျူးလွန်သောသူတိုအားကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏ အပြစ်များကိုလည်းခွင့်လွှတ်တော်မူပါ။နှောင့်ယှက်ခြင်းအမှုတို့၌ ကျွန်ုပ်တို့ကို ပါဝင်ခြင်းမရှိစေဘဲလျက် မကောင်းဟူသမျှနှင့်ကင်းလွတ်စေတော်မူပါဟူ၍ ဆုတောင်းကြရမည်။ရှင်မာသေဦး ၆:၁၂-၁၃ ခွင့်လွတ်ခြင်းတရားဟူသည် ချွင်းချက်မရှိ ကျင့်ရမည့်ပါရမီဖြစ်သည်ကိုလက်ခံသည်။သို့သော်ပြောရလွယ်သလောက် လက်ရှိအခြေအနေအရ ကျင့်ရန်မလွယ်ကူပေ။ဖေဖေဟုခေါ်လိုက်တိုင်း အားကိုးသော၊ ယုံကြည်သော၊ချစ်လေးမြတ်နိုးသောနှလုံးသားကထွက်ပေါ်လာသောနမ်စားတခုဖြစ်သည်ကိုလူတိုင်းခံစားရသည်။ယနေ့ခရစ်တော်သည်ခမည်းတော်ဘုရားအား"ငါ့၏အဖ"ဟုမဆိုဘဲ"ကျွန်ပ်တို့၏အဖ"ဟုကျွန်ပ်တို့အားလုံးကို မိတ်ဆွေထက်ပိုသောမောင်နှမရင်းခြာအပေါင်းစည်းတော်စပ်ကြောင်းပြသည်။ကျွန်ပ်တို့သည်ဤလောက၌ ဆွေမျိုးမိတ်ဆွေများတို့သည် မျက်နှာရုပ်ရည်အသွင်အပြင်မြင်ရသောအခါ "ဖေအေတူလေး မိတ္တူကူးထားသည့်အလားဘဲ"ဟုဆိုကြသလို ကောင်းကင်ဘုံမှရဟန္တာ သိကြားတမန်တို့လည် ကျွန်ပ်တို့အား"နှလုံးသားလေးက အဖခမည်းတော်တော်နဲ့တူလိုက်တာ မိတ္တူကူးထားတဲ့အတိုင်းဘဲ အကြင်နာမေတ္တာနှင့်ပြည့်လျံပြီး ခွင့်လွတ်တတ်လိုက်တာ"ဆိုနိုင်ပါ၏လော။နေ့စဥ်နေ့တိုင်း ဤလောကဖခင်ကို မော်ကြည့်အားကိုသလိုကောင်းကင်ကဖခင်ကိုမော်ကြည့်ရင်း ချွင်းချက်မရှိကျင့်ကြံရမည့်ပါရမီတခုဖြစ်သည့် မိမိများတို့ကို ထိခိုက်ကျူးလွန်သောသူတို့အား မိမိတို့ ခွင့်လွတ်ပြီး မေတ္တာပို့သဆုတောင်းပေးနိုင်သော ဝိညာဥ်ခွန်အားကျေးဇူးများတောင်းလျောက်ကြပါစို့။ခွင့်လွတ်ခြင်းဟူသည် နှလုံးသား၏ အေးချမ်းရာ၊ဝိညာဥ် အတွက်လည်း ခွန်အားတစ်ခုဖြစ်သည်။