Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-28 08:17:17
၁. ၃. ၂၀၂၃ မတ်လ ၁ရက် ၂၀၂၃၊  ဝါတွင်း ပထမပတ် ဗုဒ္ဓဟူးနေ့
ရှင်လုကာ ၁၁း ၂၉ - ၃၂
ထောက်ရှုချက် By Sr. Lucia Lu Pha FMA
Posted by Sr. Benedetta Myat Hnin Nwe(ISR)

အကယ်၍ ငါသည်ဘဲလ်ဇေဘုလ်ကို အမှီပြု၍ နတ်ဆိုးများ ကိုနှင်ထုတ်လျှင် သင်တို့၏ လူများသည် မည်သူ့ကို အမှီပြု၍ နတ်ဆိုးများ ကို နှင်ထုတ်ကြသနည်း။   ထို့ကြောင့် သူတို့သည် သင်တို့ကို တရား စီရင်သောသူများ ဖြစ်ကြ လိမ့်မည်။သို့ ရာတွင် အကယ်၍ ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုး များ  ကိုနှင်ထုတ်သည်ဖြစ် လျှင် ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့အပေါ် သို့ ကျရောက်လေပြီ။ခွန်အားကြီးသူတစ်ဦး သည် လက်နက်အပြည့်အစုံဖြင့် မိမိအိမ်ကို စောင့်ရှောက် လျှင် သူ ၏ ဥစ္စာပစ္စည်းတို့ သည်လုံခြုံစွာရှိ ၏။သို့ သော်သူ့ထက် ခွန်အားကြီးသူပေါ်လာသောအခါသူ့ ကိုတိုက်ခိုက်အနိုင်ယူ၍ သူအားထားသော လက်နက်တန်ဆာ  တို့ ကို  ယူပြီး  လျှင်  သိမ်းဆည်းရမိသောပစ္စည်း  တို့ ကို ခွဲဝေယူ လိမ့်မည်။ငါ့ဘက်၌မရှိသော သူသည် ငါ့ကိုဆန့်ကျင် သောသူ ဖြစ်၏။ငါ နှင့်အတူ မစုသိမ်း သော သူ သည် ကြဲဖြန့်သူဖြစ်၏။ ရှင်လုကာ ၁၁:၁၉-၂၃ညစ်ညူးသောနတ်ဆိုးသည် လူ  တစ်ဦး  ထံမှ ထွက်သွား ၍  ခြောက်သွေ့သောလွင်ပြင်  များ  တွင်  လှည့်လှည်ပြီးနားခို ရန်နေရာရှာ သော်လည်း မတွေ့သ ဖြင့် ငါထွက်လာခဲ့သောအိမ်သို့ပြန်သွားမည်ဟု ဆိုလေ၏။  သူပြန်လာ  သော အခါ  ထိုအိမ်မှာ ရှင်းလင်းပြင်ဆင်ထား သည် ကိုတွေ့ရလေ ၏။ထိုအခါ သူ သည်သွား၍  မိမိထက်ဆိုးသွမ်းသောနတ်ဆိုးခုနစ်ကောင်ကို ခေါ်ဆောင် လာပြီးလျှင်သူတို့ သည် ထိုလူ၌  ဝင်၍ နေကြ၏။ဤသို့ ဖြင့် ထိုလူ၏ နောက်ဆုံးအဖြစ် သည် ယခင်အဖြစ် ထက် ပို  ၍ ဆိုးလာ သည် ဟု မိန့်  တော်မူ၏။ကိုယ်တော် သည် ဤ  အကြောင်း  ကိုမိန့်တော်မူ စဉ်လူအစုအဝေးထဲမှအမျိုးသမီး  တစ်ဦး  သည် အသံကိုမြှင့်  ၍  ကိုယ်တော့်ကို လွယ်သောဝမ်း နှင့် ကိုယ်တော် စို့  တော်မူ  သော သားမြတ်တို့ သည် မင်္ဂလာရှိကြ၏ဟု ကိုယ်တော် အားလျှောက်လေ ၏။သို့ သော်ကိုယ်တော်က အမှန်ဆိုရ  လျှင်  ဘုရားသခင်၏  နှုတ်တော်ထွက်စကားကို ကြားနာ၍ လိုက်နာကျင့်ကြံသောသူတို့ သည် မင်္ဂလာရှိကြ ၏ ဟု မိန့်  တော်မူ ၏။  ရှင်လုကာ ၁၁:၂၄-၂၈လူအစုအဝေး သည်ပို  ၍  များ  ပြားလာ  သော အခါ  ကိုယ်တော် သည် စတင်  ၍  မိန့် တော်မူ  သည် ကား ဤလူမျိုး ဆက်သ ည်ဆိုးညစ်သောလူမျိုးဆက်ဖြစ်  ၍  နိမိတ်လက္ခဏာကိုတောင်း    ၏။    သို့  သော် ယောန၏  နိမိတ်လက္ခဏာမှတစ်ပါး မည် သည့် နိမိတ်လက္ခဏာကိုမျှ သူတို့အား  ပေး လိမ့်မည် မဟုတ်။   အကြောင်း  မူကား ယောန သည် နီးနေဝေမြို့သားတို့  အတွက်  နိမိတ်လက္ခဏာဖြစ်သကဲ့  သို့  လူသား သည် လည်း ဤလူမျိုးဆက်  အတွက်  နိမိတ်လက္ခဏာဖြစ် လိမ့်မည်။တရားစီရင်တော်မူသောနေ့ ၌  တောင်ဘက် တိုင်းပြည်၏ ဘုရင်မ သည် ထ  ၍  ဤလူမျိုးဆက်ကို အပြစ်စီရင်လိမ့်မည်။အကြောင်းမူကား သူမသည် ဆောလမွန် မင်းကြီး၏ဉာဏ် ပညာတော်ကို ကြားနာ ရန် ကမ္ဘာအစွန်းမှ လာရောက်ခဲ့၏။ကြည့်လော့၊ဤနေရာ တွင် မူကား ဆောလမွန် မင်းကြီး ထက်ကြီးမြတ် သော သူ ရှိ    ၏။   တရား စီရင် တော်မူသောနေ့  ၌  နီးနေဝေမြို့သားတို့ သည် ထ  ၍  ဤလူမျိုးဆက်ကို  အပြစ်   စီရင် ကြ လိမ့်မည်။    အကြောင်း  မူကား သူတို့ သည် ယောန    ၏ ဟောပြောခြင်းကြောင့် နောင်တရခဲ့ကြ၏။   ကြည့်လော့၊ ဤနေရာ တွင် မူကား ယောနထက် ကြီးမြတ် သော သူ ရှိ    ၏။  ရှင်လုကာ ၁၁:၂၉-၃၂

ဓမ္မဟောင်းမှာနိနေဝေမြို့သားတွေဟာ ယောနရဲ့ ဟောကြားချက်ကို ဘုရားရှင်၏ စကားသံအဖြစ်ခံယူကာ နောင်တရရုံမက အကျင့်တရားတွေ ပြောင်းလဲလာကြသလို ယနေ့ကျွန်ုပ်တို့အလယ်မှာ ကြီးမြတ်တော်မူတဲ့ ဘုရားရှင်ရဲ့သားတော်တည်ရှိနေကြောင်းကို သိမှတ်ဝန်ခံကာ သူ၏ နှုတ်ကပတ်တော်တရားကို ကြားနား၊ နှလုံးသွင်းမှတ်သားရင်း မိမိတို့တစ်ဦးချင်းစီ၏ ဘဝ၌ပြောင်းလဲခြင်းရယူရန် သံန္ဓိဌာန်ချသွားကြပါစို့။
* ငါဘယ်နေရာမှာပြောင်းလဲဖို့လိုနေလဲ****မိမိရဲ့အပြုအမူနဲ့ စိတ်နေစိတ်ထားက ဘုရားနဲ့ အချင်းချင်းကြားဝေးကွာသွားစေလဲ**

Daily Reflection